အချစ်အတွက် မင်းကိုစပျစ်သီးလိုအချစ်ကြီးခဲ့တာတကယ်ပါ ရှောက်သီးလိုလျှောက်ဖြီးတာမဟုတ်ပါဘူး မယုံရင်ဒူးရင်းသီးလိုဆူးနင်းပြီးလျှောက်ကြည့်ပါလား နေကြာစေ့လိုရင်မှာပွေ့ပြီး ထန်းမြစ်လိုအရမ်းချစ်တာပါ ချစ်သူရယ်... ဘူးသီးကြော်လိုရူးပြီးအော်နေတာလည်းမဟုတ်ပါဘူး ဒညင်းသီးလိုအပျင်းကြီးတဲ့မင်းကို ကိုယ်ခွင့်လွှတ်နိုင်ပါတယ် ငါးပိချက်လိုအသိမခက်ပါနဲ့တော့ တို့စရာနဲ့တူတဲ့ကိုယ့်ကဗျာကိုဖတ်ပြီးရင်ပြန်ချစ်ပါတော့ မဟုတ်ရင်ဂျူးမြစ်လိုအရူးဖြစ်ရပါတော့မယ် |
No comments:
Post a Comment