တနေ့တနေ့ ဆိုနေရတဲ့ သီချင်းပေမဲ့မပျင်းပါဘူး ဘ၀က ခြေဆင်းတိုင်နေရုံလေးနဲ့တော့ အဲဒီလို မပြောကြပါနဲ့
တောင်ဆွယ်မှာနေကွယ်တာကိုမြင်သားပဲ ဘာဖြစ်လည်း အဲဒီဓါးက မလွဲခဲ့ဘူးဆိုရင်တောင် ငါက မပြိုလဲခဲ့ပါဘူးကွယ်။ ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာကြာပြီ။ တယောက် တလမ်းဆီ မသွားရတာကြာပြီ။ ကိုက တခြမ်း၊ သူကတခြမ်းဖြစ်ပေမဲ့ ဘယ်သူမှ မလွဲမှားခဲ့တာလည်းကြာပြီ။
ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်သူတွေဘာပဲပြောပြော ငါ့အတွက်တော့ နေသံလသံ ရောနေခဲ့တာလည်းကြာပြီ။
တာရာမင်းဝေ |
No comments:
Post a Comment