Tuesday, 31 May 2011

[စာပေစကားဝိုင်း] New doc: “ ပါးနပ်လွန်းတဲ့တြိဂံ ”

created the doc: "
Thaw Zin created the doc: "" ပါးနပ်လွန်းတဲ့တြိဂံ ""

ဟိုးရှေးရှေးတုန်းက တြိဂံတစ်ခုရှိသတဲ့

သူ့ မှာ အနားသုံးဖက်ရှိသတဲ့

စတုတ္ထအနားကိုသူဝှက်ထားသတဲ့

တောက်ပတဲ့ ဗဟိုချက်ထဲမှာပေါ့

 

နေ့အခါ မျဉ်းသုံးကြောင်းပေါ်သူတွယ်တက်ပြီး

သူ့ဗဟိုချက်ကို အမြတ်တနိုးကြည့်သတဲ့

ညအခါ သူ့ ထောင့်သုံးထောင့်ထဲက တစ်ထောင့်မှာ

အနားယူသတဲ့

 

အာရုဏ်ဦးမှာတော့ သူ့ ရဲ့ အနားသုံးခုကိုသူစောင့်ကြည့်

တောက်ပတဲ့ ဘီးသုံးဘီးအဖြစ်ပြောင်းလဲသွား

ပြန်မလာတော့တဲ့ အပြာရောင်အဖြစ် ပျောက်ကွယ်သွားကြပုံ

 

သူ့ စတုတ္ထအနားကို သူထုတ်ယူ

သုံးကြိမ်နမ်းပြီး သုံးကြိမ်ချိုး

ပြီးတော့ သူ့ နေရာဟောင်းမှာပဲ ပြန်ဝှက်ထားလိုက်သတဲ့

 

ဒါနဲ့  သူ့ မှာ အနားသုံးဖက်ရှိပြန်ရော

နေ့အခါ သူ့မျဉ်းကြောင်းပေါ်တွယ်တက်ပြန်

သူ့ဗဟိုချက်ကို အမြတ်တနိုးကြည့်ပြန်

ညအခါသူအနားယူပြန်

သူ့ထောင့်သုံးထောင့်ထဲက တစ်ထောင့်မှာတဲ့ ။

                                               (ဗာစကိုပိုပါ)

 

Prudent Triangle

 

Once upon a time there was a triangle

It had three sides

The fourth it kept hidden

In its burning center

 

By day it climbed its three peaks

And admired its center

At night it rested

In one of its three angles

 

Each dawn it watched its three sides

Turn into three fiery wheels

And vanish in the blue of never return

 

It took its fourth side

Embraced it and broke it three times

To hide it again in its old place

 

And again it had only three sides

 

And again it climbed each day

To its three peaks

And admired its center

While at night it rested

In one of its angles

 

-Vasko Popa


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment