အနမ်း
ရေပြင်ဖွေးပေါ် လေညှင်းတွေ သွေးဆော့ မြက်ခင်းစိမ်း ရနံ့ တွေက....... နှစ်ဦးကြား လှိုင်လို့ .......
ဖျတ်ခနဲ ပါပဲ ပုစဉ်းရင်ကွဲတွေ ငုတ်တုတ်မေ့တယ် အသံတွေ ပိန်းပိတ်အောင်မှောင်တယ် ၀တ်မှုန်ကူးလိပ်ပြာတွေ ငြိမ်ကျ.... ဒီခဏမှာ အရာရာဟာဥပက္ခာပြုခြင်းခံရ.....
တစ်ယောက်ရင်ဘတ်ထဲ တစ်ယောက်တိုးဝင် မိုးမမြင်လေမမြင်နဲ့  ကမ္ဘာဦးက အလေ့ကျပေါက်တဲ့ပန်း သဘာဝအတိုင်း ဆင်မြန်းလိုက်ကြရုံ.......
အစိုင်း |
No comments:
Post a Comment