Tuesday, 31 May 2011

[စာပေစကားဝိုင်း] ဗိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က...

ဗိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က 'ကောင်းကင်ဘုံ ဟူသော အယူအဆနဲ့ သေပြီး နောက်ဘ၀ ဆိုတာတွေဟာ ဒဏ္ဍာရီ ပုံပြင်တွေလိုပါပဲ' ဟု မကြာခင်က ထပ်မံပြောခဲ့တဲ့အတွက်  ဘာသာရေး ခရေဇီများအကြား ပွက်လောညံကုန်သည်။
John Yoharmar 01 June 12:17
ဗိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က 'ကောင်းကင်ဘုံ ဟူသော အယူအဆနဲ့ သေပြီး နောက်ဘ၀ ဆိုတာတွေဟာ ဒဏ္ဍာရီ ပုံပြင်တွေလိုပါပဲ' ဟု မကြာခင်က ထပ်မံပြောခဲ့တဲ့အတွက်

ဘာသာရေး ခရေဇီများအကြား ပွက်လောညံကုန်သည်။

"ဦးနှောက်ဟာ ကွန်ပျူတာလိုပဲ ကျနော် ယူဆတယ်။ ပါဝင်တဲ့ အစိတ်ပိုင်းတွေ ပျက်စီးသွားရင် ရပ်သွားတာပါပဲ။ ပျက်စီးကျိုးပဲ့သွားတဲ့ ကွန်ပျုတာတွေအတွက် ကောင်းကင်ဘုံတို့ နောင်ဘ၀တို့ မရှိနိုင်ဘူး။ လူတွေအတွက်လည်း ဒီလိုပါပဲ။ အသိဥာဏ် အမှောင်ထဲက ကြောက်ရွံ့မှုတွေ အတွက် ကောင်းကင်ဘုံနဲ့ နောင်ဘ၀ကို နတ်သမီးပုံပြင်လို ဖန်တီးထားကြတာ" ဂါဒီယန် သတင်းစာကြီးကို ပြောခဲ့သည်။



ဗြိတိသျှ ရူပဗေဒပညာရှင် ဟော့ကင်းမှာ အသက် ၂၁ အရွယ်တွင် amyotrophic lateral sclerosis ရောဂါ ရရှိပြီး၊ ခန္ဓာကိုယ်မလှုပ်ရှားနိုင် စကားမပြောနိုင် ဖြစ်ခဲ့သည်။ A.L.S ရောဂါ ရရှိသူ အများစုမှာ ငါးနှစ်အတွင်း သေဆုံးကြသည်။ ယခု ဟော့ကင်းက ၄င်းရောဂါ ဝေဒနာသည်များ အထဲတွင် ထူးထူးဆန်းဆန်း အသက်အရှည်ဆုံးလူ ဖြစ်နေသည်။

သူ့ရောဂါနှင့် ပတ်သက်ပြီး ဂါဒီယန်ကို ပြောရာတွင် "လွန်ခဲ့တဲ့ ၄၉ နှစ် ကတည်းက မကြာခင် သေတော့မယ်ဆိုတဲ့ အမြင်နဲ့ ကျနော် အသက်ရှင်နေခဲ့ပါတယ်။ သေခြင်းကို ကျနော် မကြောက်ဘူး။ ဒါပေမဲ့ အခုမြန်မြန်သေမယ်လို့လည်း မထင်သေးဘူး။ ကျနော့်မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်" ဟု အသက် ၆၉ နှစ်ရှိ ဟော့ကင်းက ပြောသည်။



၁၉၆၀ ပြည့်လွန်နှစ်များတွင် ဟော့ကင်းက စကြာဝဠာရှိ တွင်းမည်းကြီးများရဲ့ ဂုဏ်သတ္တိအကြောင်း သင်္ချာဖြင့် ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် အိုင်းစတိုင်းရဲ့ general theory of relativity နဲ့ အိုင်းစတိုင်း လက်မခံခဲ့လို့ အငြင်းပွားနေရတဲ့ quantum mechanics နိယာမတွေကို ဆက်စပ်ဖြေရှင်းပေးခဲ့သည်။



၁၉၈၈ တွင် စကြာဝဠာရဲ့ နယ်နမိတ်တွေကို ရှင်းပြတဲ့ သူ့ရဲ့ 'အချိန်ရဲ့ သမိုင်းအကျဉ်း' စာအုပ်မှာ အုတ်ရေ ၁၀ သန်းကျော် ရောင်းရပြီး နှစ်နှစ်ဆက်တိုက် ဘတ်ဆဲလာ ဖြစ်ခဲ့သည်။ မနှစ်က ထုတ်ခဲ့တဲ့ 'The Grand Design' စာအုပ်တွင်လည်း ဂေါ့ဒ်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်း တင်ပြထားပြီး၊ ရူပဗေဒဖြင့် ဖန်ဆင်းရှင်ကို ဖယ်ရှားပစ်ခဲ့သည်။

သူ့စာအုပ်သစ် အဖွင့်တွင် "စကြာဝဠာဟာ ဘာမှမရှိတာတွေကနေ သူ့ဘာသာ ဖန်ဆင်းလာတာပဲ။ ဘာမှ မရှိတာကနေ တစုံတရာ ဘာကြောင့် ဖြစ်လာတာလဲ၊ စကြာဝဠာ ဘာကြောင့် တည်ရှိတာလဲ၊ ကျနော်တို့ ဘာကြောင့် ရှိတာလဲ ဆိုတာတွေကို အလိုအလျောက် ကောက်ခါငင်ကာ ဖြစ်ပေါ်လာမှု (spontaneous creation) ကသာ အကြောင်းခံပဲ" ဟု ရေးသားခဲ့သည်။



သူ့ရဲ့ ဖန်ဆင်းရှင် ငြင်းဆန်မှုအပေါ် ဂေါ့ဒ် ခရေဇီများက မကျေမနပ် ဖြစ်ခဲ့ကြသည်။ ယခု မြန်မာ မိရိုးဖလာ ဗုဒ္ဓဝါဒီများကလည်း နောင်ဘ၀ မရှိဘူး ပြောတဲ့အတွက် ဟော့ကင်းကို ဥစ္ဆေဒ ဒိဋ္ဌိကြီးဟု သတ်မှတ်လာကြသည်။

သူငယ်ချင်းတို့ရေ..နည်းနည်းလေးဝိုင်းပွားပေးကြပါလား။ တတ်သလောက်မှတ်သလောက်ပေါ့ ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment