Telepathy အကြောင်းလေးကို ပြောချင်တယ်ဗျာ…။ တစ်ကယ်က ကို အစပျိုးချင်တာပါ။ သိတဲ့သူတွေ က ဆွေးနွေးတာကို ဦးနှောက်ဖောက်စားတယ် လို့ မထင်ပါနဲ့…။ အရမ်းကို လေ့လာချင်နေတာလဲ ပါပါတယ်။ စာတွေ လိုက်ဖတ်ဖို့ ရာလဲ အချိန်ကမပေးနဲ့မို့ပါ။ ခုကို တင်ထားတဲ့စာတွေ တစ်ပြုံကြီး ဖတ်ရအုံးမှာလေ။ စာတွေ ကို မျက်လုံးနဲ့ ဖတ်တတ်တဲ့ အကျင့်လေး ရလာရင်တော့ အချိန်တွေ ပိုနိုင်ကောင်းပါတယ်။ခုတော့…
ကဲ…"တယ်လီပသီ" ဆိုတာ စိတ်တစ်ခုကနေ တစ်ခုကို Induction ဖြစ်တာလို့ နားလည်ထားပါတယ်။ 1882 Society for Psychical Research အဖွဲ့က Classical Scholar "Fredric W.H. Myers" ကနေ စတင် အဆိုပြုထားတာတဲ့။ အများစုကတော့ Thought-Transference လို့လဲ သတ်မှတ်ကြတယ်။
Telepathy ကို အကြမ်းဖျင်း Modern Fiction နဲ့ Science Fiction ဆိုပီးထပ်ခွဲသေးတယ်ထင်တယ်။ တစ်ကယ်က Fiction ကို လုံးလုံးစိတ်မ၀င်စားတာပါ။ ဒါပေမယ့် ဒီရက်ပိုင်း ဖြစ်လာတဲ့ စိတ်ခံစားမှုတွေ၊ နောက် ဖေဖေ့ကို သိပ်တွေ့ချင်နေစိတ်ဖြစ်နေတုန်းက နောင်မှ သိရတာ အဲ့ဒီအချိန်မှာ ဖေဖေ ကင်ဆာရောဂါတွယ်ကပ်နေပီဆိုတာမျိုးတွေ၊ စိတ်ထဲကနေဖြစ်တဲ့အလျှောက် အလုပ်လုပ်ဖြစ်တဲ့ ကို့ အကျင့်ကြောင့် ဒါကို စူးစမ်းချင်ခဲ့မိတာပါ။
ဖေဖေကမှတ်ချက်ပေးလေ့ရှိတာကတော့ Will Power ကောင်းတယ်တဲ့။ မေမေကတော့ လက်က္ခဏာမှာ ပေါ်နေတဲ့ ဥာဏ်လမ်းကြောင်းပေါ်က တြိဂံကြောင့် ကိုမက်တဲ့ အိပ်မက်ဆို စိတ်ဝင်စားလေ့ရှိတယ်။ ခက်တာက 27 နှစ်လုံးမှာ 10 ကြိမ်တောင်ပြည့်အောင် မမက်ဖူးဘူး။ ဒါပေမယ့် Mind Reading စိတ်ကို စိတ်ဖြင့်ဖတ်ခြင်း အလုပ်ကို neuron imaging နဲ့ ငယ်ငယ်က လုပ်လို့ရခဲ့ဖူးတယ်…။ တစ်ကယ်ကို လုပ်လို့ရခဲ့ဖူးပါတယ်။ သူစိမ်းတစ်ယောက်က အရင်ကတည်းက မမြင်ဖူးနေပေမယ့် မြင်လိုက်ရတဲ့အခါ တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ ဆိုတာမျိုးတွေ။ မရောက်ဖူးတဲ့နေရာဟာ အ၇င်က ရောက်ပီးသလို ရှေ့မှာ ဘာရှိနေမယ်ကိုပါ သိခဲ့ဖူးတာမျိုးပေါ့။ မှတ်မှတ်ရရ ကို ပုဂံမှာ အဲ့ဒီ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။ နောက် ပုပ္ပားမှာ။
လောလောဆယ် telepathy နဲ့ ပတ်သတ်ပီး ဆင့်ပွားဆွေးနွေးစရာလေးတွေ ချပေးစေချင်တယ်။ ဆက်ပြောချင်နေတာတွေ အများကြီးပဲ။ အထောက်လိုနေတယ်။
လေးစားစွာဖြင့် မိုးသူ |
No comments:
Post a Comment