ရင်ထဲဝေး
မိုးလွန်မှချခဲ့တဲ့ထွန်တွေပါ... ကောင်းကင်ပေါ်ကြည့်ပြီး မျက်ရည် ထိမ်းတတ်ရုံကလွဲရင် ကြယ်ကြွေကောက်သူပေါ့။
စိတ်ကိုအလွတ်ဖတ်တယ်။ ကောင်းကင်ကိုပြန်ပြန်ရေးတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကြယ်လေး*တွေပြန်ဆုံစေချင်တယ်။
အလွမ်းနဲ့ပြီးတဲ့ပြကွက်တွေပါ။ အရိပ်တွေပြေးနေတာများ ဝေးလို့။ ငါ့ဥာဥ့်တွေ ပိုနက်ခဲ့သလို ညတွေက ကြယ်ကြွေတွေကိုလွမ်းလွမ်းနေရတယ်။ (*အိုရိုင်းယမ် ကြယ်စင်စု ထဲက ကြယ်လေး ၂ပွင့်ကိုရည်ရွယ်ပါသည်)
ပထမဆုံး ပံ့ပိုးပေးခဲ့တဲ့ သူ့ကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး ။ ကဗျာတွေကိုဆာတတ်တဲ့သူကို့ လူအန္ဓတို့ ရဲ့ တေးသွားနဲ့ ချော့သိပ်ဖို့ ရင်ခွင်ခပ်ရိုင်းရိုင်း ၁ခုက ကြိုးစားဘူးတယ်ဆိုတာယုံပါ။အဓိက စာကြောင်းလေး ၁ကြောင်းကို သူ ပန်းတွေနဲ့ သီပေးခဲ့ပါတယ်။ |
No comments:
Post a Comment