သက်တံမြစ်
ညနေခင်းတစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ
ဟာ ...
...လှလိုက်တဲ့ သက်တံကြီးတစ်စင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ ကြေကွဲခဲ့ရပေါ့။
ဘ၀ဆိုတာ
သက်တံလိုပါလား ...
ရှိတော့ရှိရဲ့
ဒါပေမယ့်
အရှိမဲ့။
ထူးအိမ်သင် (ကိုငှက်)
No comments:
Post a Comment