လူမသန် လမ်းခွဲ
ခံစားချက်ယာဉ် မှန်သမျှ စိမ်းကားမှုမှာ ပွင့်မိတယ်။ ဗျူဟာပိုင်းကြွယ်ဝတဲ့ သူငယ်ချင်းနည်းပြတွေက ချစ်ရေးခြေစွမ်းညံ့ တဲ့ တန်းတက်အသင်း....တဲ့။
ဂိုးကံခေ တိုက်စစ်မှုးတစ်ယောက်လို ငါ့ကန်ချက်တွေက အခါခါသွေဖီတယ်။ တစ်ပွဲတိုးလည်း မပိုင် တစ်ရာသီလုံးလည်း မနိုင်ခဲ့တော့ အခု... ဖလားလက်မဲ့နဲ့ ငါ အိမ်အပြန်မှာ တစ်လမ်းလုံး မှောင်တယ်။
အစစအရာရာ လွမ်းနာကျခဲ့သမျှ အမှတ်တ၇က အမှားတစ်ရပ်ဖြစ်နေမှတော့ ကဲ....အချစ် ခင်ဗျားနဲ့ ကျုပ် သူစိမ်းလုပ်ကြရအောင်။
အစိုင်း |
No comments:
Post a Comment