ငါ.... တယော တစ်လက် လောကဓံကြောင့် ငါ့.... ရင်ခွင် တခုလုံး ဆေးကွက်တွေ ပြယ်နေပေမယ့်... နားဝင်ပီယံတဲ့ တေးသွားသစ်တွေကို ငါ... တီထွင်မယ်...။ ဘ၀ကို ရဲရဲ ရင်ဆိုင်နေတဲ့ ငါ့ချစ်သူ..... ဓန မရှိပေမယ့်... လောကကို အလှခြယ်နေတဲ့... ငါ့ ... မိတ်ဆွေတွေ... မြေဖြူချောင်းနဲ့ ဘ၀ပေါင်းများစွာရဲ့ အနာဂတ်ကို အလင်းပေးနေတဲ့ ဆရာတွေ.... လောက အတက်အကျကို ဆန့်ကျင်ရင်း သားသမီးတွေကို မငြူမစူ ကျွေးမွေးရင်း လမ်းညွှန် သွန်သင်နေတဲ့ မိဘတွေ.....ကို အဲဒီ တေးသွားနဲ့ ငါ.....ဖျော်ဖြေ နှစ်သိမ့်မယ်... တယော တစ်လက်အနေနဲ့ ငါလုပ်နိုင်တာ.... ဒါ... အကုန်ပါပဲ...။
အိုက်ထွေး ( တောင်ကြီး ) |
No comments:
Post a Comment