 | တေ့လွဲ
ခေါ်ပြောနှုတ်ဆက်မှုက သွေးအေးနေသရွေ့  နားလည်မှုခြင်း မနီးစပ်နိုင်၊ စိတ်အခံခြင်း မတိုက်ဆိုင်နိုင် အိမ်မက်တွေမက်ရင်း အဆိပ်တက်ခဲ့ရ သံသယတွေနဲ့  နေသားတကျ.........ငါ နှစ်နှစ်ကာကာ မပြူံးနိုင်။
ဝတ်ကျေတန်းကျေ မင်္ဂလာပါတဲ့ အောင့်သက်သက်နဲ့  ကျေးဇူးတင်ခဲ့တယ်။ ဖုန်းလိုင်းယဉ်ကျေးမှုမှာ မစီးဆင်းနိုင် IT, Global ကိုအမောတကော လိုက်ရ ပဒိုင်းသီးစားတောင် မရူးတဲ့ခေတ် ထမင်းစားရေသောက် ချစ်နေကြပါသတဲ့ အရွဲ့ တိုက်မိ သမျှ အငိုက်ဖမ်းချုံခိုခံရတယ် အရှိုက်ထိကာမှ အလိုက်တသိ ပြင်ဆင်မဲ့ " ခေါင်း" " ကိုယ်" နဲ့ အိုးစားကွဲသွားတာ အခုအချိန်ထိ ပြန်မဆက်နိုင်သေး။
အစိုင်း |
No comments:
Post a Comment