Wednesday, 1 June 2011

[စာပေစကားဝိုင်း] New doc: ကံအကြောင်း သိကောင်းစရာ

created the doc: "ကံအကြောင်း သိကောင်းစရာ"
သီဟ ပျံချီ created the doc: "ကံအကြောင်း သိကောင်းစရာ"

ယခင် ပို့စ်မှ ကွန့်မန့်

 

(ငရဲကို မယုံကြည်ခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။

 

၁။Cause and Effect အကြောင်းအကျိုးတရားဖြစ်သည့်

အကောင်း၊အဆိုးကို မယုံကြည်ခြင်း။

၂။အဆိုးချည်းဖြစ်သော ငရဲ သက်သက်သကိုသာ မယုံကြည်ခြင်းလည်း ဖြစ်နိုင်သည်။

 

ဆိုကြပါစို့

စာမကျက်သော ကလေးတစ်ယောက်သည် စာမေးပွဲတွင် အဆင့်(၁)ရရန် ဖြစ်နိုင်ပါသလား။

လောကကြီးသည် Cause and Effect ကြောင်းကျိုးတရားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပေရာ စာမကျက်၊မလေ့လာ၊မအားထုတ်ဘဲ အဆင့်(၁)ရနိုင်ရန် မဖြစ်နိုင်သည့် နည်းတူ မိမိပြုလုပ်လိုက်သော အကြောင်းတရား၏ အကျိုးကျေးဇူးကို မရရှိခြင်းဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

 

ယင်းအဆို ဥပမာအား Cause and Effect ၏ အကျိုးသက်ရောက်မှုသည် Present Life တွင်သာ အကျုံးဝင်သည်ဟု အထွန့်တက်မည် ဆိုပါက ဖြစ်နိုင်သေးပေသည်။ ယင်းအထွန့်တက်မှုအားလည်း အောက်ပါအတိုင်း ပြန်လည်ဖြေရှင်းပြနိုင်သေးသည်။

 

ဘာသာရပ်တစ်ခုအား လေ့လာမှုနှင့်ပတ်သတ်ပြီး အကြောင်းအကျိုးသက်ရောက်ပုံအ

နေအထားအား အနည်းငယ်ရှင်းပြသွားမည်။

လူတစ်ယောက်၏ အင်္ဂလိပ်စာအား (၅)နှစ်မျှ လေ့လာအားထုတ်လျှင် ပုခုံးပုတ်နိုင်သည့်အဆင့်ရောက်သည်။ယင်းသို့ ငါးနှစ်တာမျှ လေ့လာလိုက်စားပြီး အခြေအနေမပေးသဖြင့် တခြားအသက်မွေးဝမ်းကျောင်းပညာဖြင့် အသက်မွေးရအံ့..။ယင်း(၅)နှစ်တာမျှ လေ့လာအားထုတ်ခဲ့သော အကျိုးကျေးဇူးသည် ချက်ခြင်း ကုန်ဆုံးသွားခဲ့သည့် မဟုတ်ပေ။တခြားနယ်ပယ်တွင် ရောက်ရှိနေသော်လည်း အကျိုးကျေးဇူးကို ခံစားရသည်။လေ့လာအားထုတ်မှုသည် ရပ်ဆိုင်းသွားခဲ့ပါက အချိန်အတိုင်းအတာတစ်ခုသို့ရောက်ရှိသည့်အခါတွင် လေ့လာအားထုတ်မှုတို့သည် မေ့ပျောက်ပျက်သွားကြလိမ့်မည်။လေ့လာအားထုတ်မှုအား မရပ်ဆိုင်းဘဲ ဆက်လက်အားထုတ်သွားပါက ယင်းအကျိုးကျေးဇူးအား မုချ ခံစားရမည် ဖြစ်သည်။ဗုဒဘာသာတွင်လည်း ကုသိုလ်၊အကုသိုလ်ကံ(အကျိုးပေးပုံသည်လည်း အောက်ပါအတိုင်း ကွဲပြားခြားနားသွားသည်။အကု

သိုလ်၊ကုသိုလ်တို့၏ အကျိုးဆက်အတိုင်း ခံစားရမည့် ဘုံ၊စံစားရမည့်ဘုံတို့မှာ ကွဲပြားခြားနားသွားသည်။

(ညီငယ်နန္ဒ၏ ကုသိုလ်၊အကုသိုလ်ကံနဲ့ပတ်သတ်ပြီး တစ်ဆက်တည်း ဖြေကြားလိုက်ရသည်)

 

ကံအစွမ်း(၄)မျိုး

၁။ပဋိသန္ဒေအကျိုးကို ဖြစ်စေတတ်သောကံ

၂။ပဋိသန္ဒေအားအကျိုးပေး၇ာတွင

် အဖော်အဖြစ် အထောက်အပံ့ဖြစ်စေသောကံ

၃။ငဋိသန္ဒေအကျိုးအား အနှောင့်အယှက်ပေးသော ကံ

၎။ပဋိသန္ဒေအကျိုးကို သတ်တတ်သောကံ )

 

 

 

ကိုမော်ရဲ့ အမေးကို ကျွန်တော်တတ်သိသလောက်သုတအနည်းငယ်နဲ့ ၀င်ရောက်ဆွေးနွေးပေးချင်ပါသည်။

 

(ကံရဲ့သတ္တိစွမ်းအားဟာ စိတ်ဖြစ်စဉ်ဘယ်အဆင့်မှာ နောက်အကျိုးပေးဖို့ ကိန်းအောင်းသွားသလဲ။

 

ဥပမာ-ဆင်တစ်ကောင်ကိုသတ်ခြင်းနဲ့ ခြင်တစ်ကောင်ကိုသတ်ခြင်းတို

့ရဲ့

...အကျိုးပေးဟာ ဇောကွာဟမှုကြောင့် ကွဲပြားတဲ့အကျိုးပြန်လည်မယ်

လို့ထင်ပါတယ်ဘုရား။ ဆင်ကိုသတ်ရာမှာ

စိုက်ထုတ်လိုက်ရတဲ့ စိတ်အင်းအားကသာလွန်လို့ အကျိုးပေးကလဲ ကြီးမယ်လို့ထင်ပါတယ်။

အဲဒီအချိန်မှာ အဲဒီပုဂ္ဂိုလ်ရဲ့စိတ်သဏ္ဍန်မှာ

သေစေချင်စိတ်ဇောတွေနဲ့ အားထုတ်လိုက်လို့

သေလောက်တဲ့အမှုကိုပြုမယ် ဆင်ကလဲသေသွားမယ်ဆိုရင် သေစေလောက်တဲ့ကံသတ္တိတွေက အဲဒီပုဂ္ဂိုလ်ရဲ့သဏ္ဍန်မှာ

ကိန်းအောင်းသွားလို့ အဆင်သင့်တဲ့ တစ်ချိန်မှာပြန်လည်ခံစားရမယ

်ဆိုတာ လက်ခံနိုင်ပါတယ်ဘုရား။

ဒါပေမယ့် ငရဲဆိုတာကဘယ်လိုဆက်စပ်ယူရမလဲဘုရား စိတ်ဇောရဲ့ဘယ်အဆင့်ဘယ်အချိန

် ဘယ်အခြေအနေကငရဲကျဖို့

အခြေအနေဖြစ်သွားရပါသလဲဘုရား။)

 

ကိုမော်ရဲ့ အမေးဟာ ကံရဲ့ အလုပ်လုပ်ပံကို မေးတာလို့ ယူဆပါတယ်။

နောက်တစ်ချက်က ကိုမော်ဟာ စိတ်ရဲ့အလုပ်လုပ်ပုံကို သိပံရှု့ထောင့်ကနေ လေ့လာနားလည်ထားတယ်လို့ ယူဆပါတယ်။

 

နံပါတ်တစ် ပြောချင်တာက (ကံ-3မျိုး)

ဆင်ပဲသတ်သတ်၊ခြင်ပဲသတ်သတ် .အကျိုးသက်ရောက်တုန့်ပြနှ်ုမှုဟာ သတ္တ၀ါအပေါ်မူတည်တာ မဟုတ်ဘဲ အားထုတ်တဲ့စေတနာ(ကံ)အပေါ် မူတည်တာပါ။ကံသုံးမျိုးဖြစ်တဲ့ ကာယကံ၊၀စီကံ၊မနောကံစတဲ့ သုံးမျိုးထဲက တစ်မျိုးမျိုးရဲ့ အနည်း၊အများအပေါ် မူတည်တာ ဖြစ်ပါတယ်။သတ္တ၀ါအကြီးအသေးပေါ်မူတည်တာမဟုတ်ပါဘူး။

 

နံပါတ်၂ပြောချင်တာက ကံရဲ့ အကျိုးသက်ရောက်မှုပါ..။

 

ဆင်ပဲသတ်သတ်၊ခြင်ပဲ သတ်သတ် အကျိုးသက်ရောက်မှုဟာ ငရဲနဲ့တိုက်ရိုက်မဆက်စပ်သေး

ပါဘူး။ငရဲအဆင့်မရောက်ခင် တစ်ဆင့်ကျန်ပါသေးတယ်။အဲဒါက

သူပြုလုပ်တဲ့ကံရဲ့ အနည်းအများပါ..။

ကျွန်တော်တို့ မကောင်းမှုပြုလုပ်ကြတယ်။ကောင

်...းမှုပြုလုပ်ကြတယ်။

အဲဒီ့မကောင်းမှု၊ကောင်းမှုတွေ

ဟာ ရောထွေးနေကြပြီး ချိန်ခွင်ညှိနေကြတယ်။

များတဲ့ကံက နည်းတဲ့ကံကို ချေပစ်တဲ့သဘောရှိတယ်။

ဥပမာ-ကောင်းတဲ့ကံက များနေရင် မကောင်းတဲ့ကံကို ချေပစ်သွားတယ်။ဒီလိုနဲ့ မကောင်းတဲ့ကံရဲ့သက်ရောက်မှုအ

ကျိုးကို မခံစားရတော့ဘူး။အဲဒါကို အဟောသိကံမျိုးလို့ ခေါ်တယ်။ဥပမာ-ရှင်အင်္ဂုလိမာလ လူတွေသတ်ခဲ့ပေမယ့်

သူရဲ့ မကောင်းတဲ့ကံသက်ရောက်မှုကို ရဟန္တဖြစ်သွားတဲ့အခါ မခံစားရတော့ဘဲ အဟောသိကံအဖြစ် ချေပစ်သွားတယ်။

အဲဒီ့မှာ ကျွန်တော်တို့ ဘာသိဖို့လိုလာသလည်းဆိုတော့

 

ကံရဲ့အကျိုးသက်ရောက်မှု(3)မျိုးကို သိဖို့လိုလာတယ်။ဘာတွေလည်းဆိုတော့...

 

ကံအကျိုးပေးပုံ(4)မျိုး

 

၁။လက်ရှိဘ၀မှာတင် အကျိုးပေးသောကံ..ဒိဋ္ဌဓမ္မဝေဒန

ီယကံ

၂။ဒုတိယဘ၀မှာ အကျိုးပေးသောကံ.....ဥပပဇဝေဒ

နီယကံ

၃။တတိယဘ၀မှစပြီး နိဗာန်မရောက်ခင် သံသရာမှာ ကျင်လည်နေသရွေ့ ကြားကာလတစ်ခုခုမှာ အကျိုးပေးရန်စောင့်စားနေသော

ကံ...အပရာပရိယဝေဒနီယကံ လို့ ခေါ်တယ်။

၎။ဆန့်ကျင့်ဖက်ကံတစ်မျိုးမျိုးက ချေပစ်ပြီး ပျက်စီးသွားကာ အကျိုးမပေးတော့သော ကံ..အဟောသိကံ..

 

 

ဒီဋ္ဌဓမ္မကံအကျိုးပေးစေတဲ့ အရာတွေကတော့ အလွယ်ပြောရရင် ရဟန္တာကို လှူရင် (၇)ရက်အတွင်း အကျိုးပေးတယ်။

ကံဖျက်၊ကံစပ်ပုံ(၄)မျိုး

ဆိုခဲ့သည့် မကောင်းကံ၊ကောင်းကံအချင်းချင်း တစ်ခုက တစ်ခုကို ချေခြင်း၊ထောက်ပံ့ခြင်းများသည်လည်း လေးမျိုးလေးစား ကွဲပြားပေသည်။

 

၁။ဇနကကံ

စိတ်၊ရုပ်တွေကို ထိုက်သင့်သလို ဖြစ်ပေါ်စေတဲ့ ကံကို ဇနကံလို့ ခေါ်တယ်။

...ဒီကံဟာ တခြားကံကို အမှီမပြုဘဲ မိမိဘာသာ ရပ်တည်ပြီး အကျိုးသက်ရောက်တာကို ဆိုလိုတယ်။အင်္ဂလိပ်လို Self-Made Karma လို့ ခေါ်မယ်ထင်တယ်။ Made by Self ပေါ့။

 

၂။ဥပတ္တမဘကကံ

ဒီကံကတော့ တခြားကံတွေ အကျိုးပေးခွင့်ရအောင် Support လုပ်ပေးတယ်။ထောက်ပံ့ကူညီအားဖြည်ပေးတယ်။ကုသိုလ်ကံဆိုရင် တခြားကုသိုလ်ကံကို ပိုကြီးလာအောင် အားဖြည့်ပေးပြီး အကုသိုလ်ကံဆိုရင် တခြားအကုသိုလ်ကံကို ပိုကြီးလာအောင် အားဖြည့်ပေးတယ်။ဒီတော့ အဲဒါကို Supporter Karma လို့ခေါ်တာ သင့်မယ်ထင်တယ်။

 

၃။ဥပပီဋ္ဌကကံ

ဒီကံကတော့ တခြားဆန့်ကျင့်ဖက်ကံတစ်ခုခုကို အကျိုးမပေးအောင်၊ရှိတဲ့အကျိုးပေးပမာဏကို မဖွံ့ဖြိုးမတိုးတက်အောင် လိုက်ပြီး ဟန့်တားနှောင့်ယှက်တဲ့ကံအမျိုးအစားဖြစ်တယ်။မိမိပြုလုပ်လိုက်တဲ့ အလုပ်တစ်ခုရဲ့ တန့်ပြန်သက်ရောက်မှု Feedback ကို Delay ဖြစ်အောင်၊Develop မဖြစ်အောင် လိုက်ပြီး ကာဆီးကာဆီးလုပ်တဲ့ကံဖြစ်တယ်

အဲဒါကြောင့် ဒီကံကို Freezer Karma လို့ခေါ်တာ ကောင်းမယ်ထင်တယ်။

 

၎။ဥပစေဒကကံ

ဒီကံကတော့ တခြားဆန့်ကျင့်ဖက်ကံကို လိုက်ချေဖျက်တာဖြစ်တယ်။ ခေါ်တယ်။ကုသိုလ်ကံဆိုရင် အကုသိုလ်ကံကို ချေပြီး အကုသိုလ်ကံဆိုရင် တခြားကုသိုလ်ကံကို ချေပစ်တယ်။ကုသိုလ်ကံအင်အားကြီးရင် အကုသိုလ်ကံနည်းနည်းကို ဖျက်ပစ်နိုင်တယ်။အင်အားကြီး

တဲ့ကံက အင်အားနည်းတဲ့ကံကို အကျိုးမပေးတော့အောင် ဖျက်ပစ်တာ ဖြစ်တယ်။

လုံးဝအကျိုးမပေးတော့အောင် ဖျက်ချပစ်တာ ဖြစ်တယ်။

ဒါကြောင့် သူ့ကို Killer Karma လို့ခေါ်တာ ကောင်းမယ် ထင်တယ်။

 

အဲဒီ့မှာ ပြောဖို့ သိဖို့ မေးမလို့ ကြံနေတဲ့ ကွက်လပ်တစ်ခုကျန်နေသေးတယ်။

ဇော..ဘယ်မှာလဲ..ဇော(၇)တန်၊ဇော(၃)တန်ရဲ့ ရိုက်ချက်..။

 

၁။အာသနကံ

ကျွန်တော်တို့လို့ သာမာန်ပုထုဇဉ်တွေအနေနဲ့ သေခါနီးကျရင် နတ်ပြည်က နတ်သမီးလေးတွေ မြင်ကြတယ်၊ငရဲခွေးကြီးတွေ မြင်ကြတယ်။အဲ...ဒါက

အဲဒီ့သူရဲ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှု၊မကောင်းမှုကံအရ မြင်ကြတာဖြစ်ပြီး ဘ၀သစ်ကို အကျိုးပေးစေတာ ဖြစ်ပါတယ်။ဒါဟာ ကြီးလေးတဲ့ကံမရှိတဲ့သူတွေမှ

ဖြစ်တာ ဖြစ်ပါတယ်။ဒါကြောင့် ဘ၀ကူးကောင်းဖို့ အဲဒီ့သူတွေရဲ့ နောက်ဆုံးအချိန် မြင်မှုဟာ အရေးကြီးပါတယ်။

မကောင်းရင် သူတို့သွားရမယ့် ဂတိလားရာဟာ မကောင်းနိုင်ပါဘူး။အဲဒီကံကိုတော့ အာသနကံလို့ ခေါ်ပါတယ်။ဒီကံကို ကျွန်တော်ကတော့ Snap-Shot Karma လို့ အမည်ပေးထားပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ မကောင်းမှုပြုခဲ့လည်း ကောင်းတဲ့အမှုကို ပြန်သတိရရင် လားရာဂတိကောင်းနိုင်မှာမို့ပါ။

 

၂။အာစိဏ္ဍကံ

ဒီကံကျတော့ ကိုယ်အသက်ရှင်နေတဲ့ကာလတစ်လျှောက် ထပ်ခါထပ်ခါ လုပ်ခဲ့တဲ့ ကံရဲ့သက်ရောက်မှုကြောင့် သေခါနီးမှ ၀င်ရောက်လာပြီး ဘ၀သစ်လားရာကို ဖြစ်စေတဲ့ ကံဖြစ်ပါတယ်။မကောင်းတဲ့ကံများရင် မကောင်းတဲ့အာရုံပဲမြင်ပြီး ကောင်းတဲ့ကံများရင် ကောင်းတဲ့ကံရဲ့ လားရာကို မြင်စေတဲ့ ကံဖြစ်ပါတယ်။ဒီကံဟာ မိမိပြုလုပ်ခဲ့တဲ့ မကောင်းတဲ့ကံ၊ကောင်းတဲ့ကံ အနည်းအများပေါ်မူတည်ပြီး ဖြစ်လာတာမို့ Continous-Shot Karma လို့ခေါ်ချင်ပါတယ်။

 

၃။မဟာဂုတ်ကံ

မိဘကိုသတ်တဲ့ကံ၊ဘုရားကိုသွေးစိမ်းတည်အောင်ပြုတဲ့ကံလို့ အပြစ်ကြီးတဲ့ မကောင်းကံမျိုးဆိုရင် နောက်ဘ၀အတွက် ဘာမှ Hint မပေးနေတော့ဘူး။ဆန့်ကျင့်ဖက်ကံရဲ့ အကျိုးသက်ရောက်မှုကိုလည်း မခံစားရတော့ဘူး။ကောင်းတဲ့ကံဆိုလည်း တခြားမကောင်းတဲ့ကံရဲ့ ဖျက်လိုဖျက်ဆီးဟာကို မခံရတော့ဘူး။သူရဲ့ အကျိုးသက်ရောက်မှုကို အပြည့်အ၀ခံစားရလိမ့်မယ်။ဒီကံမရှိတဲ့သူတွေမှ အပေါ်က ကံနှစ်မျိုးရဲ့ သက်ရောက်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

 

၎။ကဋတ္တာကံ

ဒီကံကတော့ အပေါ်ကသုံးမျိုး အကျိုးပေးခွင့်မရှိတဲ့အခါမှာ ပေါ်တဲ့ မည်ကာမတ္တကံလို့ခေါ်တယ်။

 

အဲဒီ့မှာ ပြောစရာတစ်ခုရှိသွားတာက

မကောင်းတဲ့ကံ၊ကောင်းတဲ့ကံ နှစ်မျိုးစလုံးလုပ်ထားတဲ့ သူတွေဟာ သေခါနီးမှာ ကောင်းတဲ့ကုသိုလ်ကံကို အောက်မေ့ပြီး ကောင်းတဲ့ဂတိလားရာကို သွားကြရတယ်။သူတို့အတွက် မကောင်းတဲ့ကံရဲ့ သက်ရောက်မှု မခံစားရတော့ဘူးလား။ခံစားရပါတယ်။သေခါနီးအောက်မေ့တဲ့ ကုသိုလ်ကံရဲ့ အကျိုးကြောင့် လားရာဂတိကောင်းတဲ့ဘုံမှာ စံစားပြီးလို့ ကုသိုလ်ကံအရှိန်သေသွားတဲ့အချိန်၊ကုန်သွားတဲ့အချိန်မှာ မကောင်းတဲ့ကံရဲ့ သက်ရောက်မှုကို ပြန်ခံစားရပါတယ်။ဘုရားဟောဇာတ်နိပါတ်တွေမှာ သာဓကတွေ အများကြီးပါ..။

 

ဒါ..ကျွန်တော့်ရဲ့ အမြင်ပါ။

ကျေးဇူးတင်ပါတယ်။

 

လေးစားစွာဖြင့်

သီဟပျံချီ(ဗုဒဘာသာဝင်)


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment