ချစ်သူ............
အချစ်ဆိုတာ နှလုံးသား က ထွက်ပေါ်လာတဲ့ သံစဉ်တေးသွားတစ်ပုဒ်တဲ့
အဲဒီ သံစဉ်တေးသွားလေးကို ချစ်သူ နားဆင်နိုင်ဖို့ တူရိယာတစ်ချို့နဲ့
ကိုယ်ကြိုးစား တီးခတ် သီဆိုခဲ့ပါတယ် ..............
ဒါပေမယ့်..........
ကိုယ့်ရဲ့ တေးသွားလေးကို စတင်တီးခတ်နေတုန်းမှာဘဲ
ချစ်သူက လေနှင်ရာပါပြီး လွင့်မျောပျောက်ကွယ်သွားတဲ့ တိမ်တိုက်တွေလို
ကိုယ့်ရှေ့ကရုတ်ချည်းပျောက်ကွယ်သွားခဲ့တယ်နော်..............
ချစ်သူက နားထောင်ပေးဖို့ ရှိမနေပေမယ့်
တေးသွားလေးကို ကိုယ်ကတော့ တီးခတ်နေဆဲပါ ချစ်သူ
ကိုယ့်ဘဝရဲ့နောက်ဆုံးချိန်ရောက်သည့်တိုင်အောင်ပေါ့....... |
No comments:
Post a Comment