(က) ဖြေဆေးမဲ့ အဆိပ်ကို အလွယ်တကူတော့ မော့သောက်ခဲ့တာ မဟုတ်ရပါဘူး။
(ခ) ဝေးကွာခြင်းတွေကို ကဗျာလို ရေးရေးပြီး ကြောင်တောင်တောင် နိုင်နေတဲ့ ကောင်အတွက် အကြောင်းပြချက်က လုံလောက်တန် ကောင်းပါရဲ့။
(ဂ) မှတ်ထားစမ်းပါ ... လောကမှာ မာယာမဲ့တဲ့ ကောင်မလေးကလည်း အသည်း ခွဲတတ်သတဲ့ ... ။
(ဃ) ပြောရရင်တော့ ... ဘ၀ဆိုတာ .. အဆိပ်ကို အချစ်နဲ့ ရောမြိုချပြီး မျှော်လင့်ချက်တွေ ထားတတ်ဖို့ လိုတာပေါ့။
(င) ဇာတ်သိမ်းမှ (လွမ်းပြနေမယ့်အစား) တရားနဲ့သာ ဖြေပါတော့ကွယ်။ ။
(ရေးသူမသိပါ) |
No comments:
Post a Comment