Tuesday, 28 June 2011

[စာပေစကားဝိုင်း] အားရပါးရ ရယ်ပါ....

အားရပါးရ ရယ်ပါ.... by Ninenine Sanay on Tuesday, June 28, 2011 at 5:25am  တရုတ်ပြည် အိုလံပစ် အားကစားပွဲတော်မှာ လာရောက်လည်ပတ်ကြမယ့် နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ သွားလာရှာဖွေရ အဆင်ပြေအောင် တရုတ်စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက သူ့စားသောက်ဆိုင် ဆိုင်းပုဒ်မှာ
Yan Naing Oo 29 June 11:45
အားရပါးရ ရယ်ပါ....
by Ninenine Sanay on Tuesday, June 28, 2011 at 5:25am

တရုတ်ပြည် အိုလံပစ် အားကစားပွဲတော်မှာ လာရောက်လည်ပတ်ကြမယ့် နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ သွားလာရှာဖွေရ အဆင်ပြေအောင် တရုတ်စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက သူ့စားသောက်ဆိုင် ဆိုင်းပုဒ်မှာ "restaurant" လို့ အင်္ဂလိပ်လိုပါ ထည့်ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးနောက် ဆိုင်းပုဒ်လုပ်တဲ့ လူဆီ အလုပ်သွားအပ်ခဲ့တယ်။



ခက်တာက... ဆိုင်းပုဒ်လုပ်သူက အင်္ဂလိပ်လို မတတ်ဘူး။ ဒါပေမယ့် ဘာခက်သလဲနော်... E-ခေတ်မှာ အင်တာနက်ပေါ်တက်ပြီး ဘာသာပြန်ပေးတဲ့ ဝက်ဆိုက်မှာ တရုတ်လိုရိုက်ထည့်ပြီး အင်္ဂလိပ်လို ဘာသာပြန်လိုက်ရုံပဲ။ ဒီလိုနဲ့ ဆိုင်းပုဒ်လုပ်သူက အင်တာနက်ပေါ်မှာ ဘာသာပြန်ကြည့်လိုက်ပြီး "ဟင်း... ဒီအင်္ဂလိပ်တွေ သိပ်အရစ်ရှည်ပါလား၊ တရုတ်စာလေး နှစ်လုံးကို ဘာသာပြန်တာ ဒီလောက်ရှည်တဲ့ အင်္ဂလိပ်စာတွေ ထွက်လာတယ်" လို့ မကျေမနပ် ရေရွတ်နေမိတယ်။



နောက်တစ်နေ့ စားသောက်ဆိုင် ပိုင်ရှင်က ဆိုင်းပုဒ်ကိုရွေးပြီး သူ့ဆိုင်မှာ ချက်ချင်း ချိတ်ဆွဲထားလိုက်တယ်။ ဆိုင်းပုဒ်က အောက်ကပုံပဲဖြစ်ပါတယ်။

နိုင်းနိုင်းစနေ (Monday, October 20, 2008)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment