ဗြောသံ
ပလုပ် ဗြုန်းရယ်နဲ့ တောင်ကုန်းရွာ သာစခန်းဆီက ဒေါ်ရွှေမေ ဦးရေချမ်း ငယ်တို့ သာသနာ ဝါဝါလန်း ရန်တဲ့ ဆန်းလိုက်တဲ့ ဗြောသံစည်။ ။
-အလို၊ နေခြည်မှာ ရွှေရည်ဝင်းလို့ ဆယ်စင်းလဲမက အဝေးက မှန်း၊ ဟိုရွာလမ်း ထီးတန်းကြီး လှပါဘိ-
"တလတာ သည်အရေးကိုလှ မဟဝါ ကြည်ကြည် ပေးပါ" တဲ့ ရတုချို စိတ်ကို သွေးလေတော့ မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင် မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့ လွမ်းခိုက် မတည်။ ။
-မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ မြင်းပေါ်က မောင်ရင်လောင်း ငဲ့စောင်းလို့ ကြည့်သောခါ-
ကညာလုံ ကြာမုံညွတ်ဟာဖြင့် ယမ်းယောင်ကာ ကွမ်းတောင် လွတ်တဲ့ပြင် "မတွယ်တာ ဆယ်ခါ လွှတ်မယ်" တဲ့ ဒေါချိုချို ပြောဆိုရွတ်လေပေါ့ စိုစွတ်တဲ့ မြမျက်ရည် လည်တယ်လို့ မဆုံး။ ။
-ဗြုန်းနိုင်ပေ့ ကိုရွှေစည် တီနိုင်ပေ့ ကိုရွှေနှဲ ရွှဲနိုင်ပေ့ ကိုရွှေမောင် လုံမငယ် အရှက်အိုးမို့ အငြိုးနဲ့ ပြောင်ရော့ထင့်-
"လှောင်ချက်ကယ် နာ မောင်မျက်နှာ တရွာမှတ်ပေမဲ့ သာသနာ ဝါဝါဝတ်မှာမို့ မယ်လွတ်ရာ ဘယ်ဆီ ခိုရပ တလဆို ရက်ကိုချဉ်းပါဖျ" ဘွာခတ်ကာ ခမျာ ငြင်းလေတော့ သျှောင်ကြီးရှင် ဆံပင်တင်းပြီကွဲ့ ညှဉ်းတဲ့ တုတ်ဗြုန်း။ ။
(မင်းသုဝဏ်) |
No comments:
Post a Comment