လူနာကုတင် အမှတ် ( ၅ ) မှာ ကျန်ခဲ့တဲ့ အသံ
ကောင်းကင်က ပြာတယ် … နေရောင်က ဝါတယ် ( ရွေးစမ်းကွာ ) … စိတ်မခိုင်ရင် ရူးသွားမယ် ။
မိသားစု ဝမ်းရေးတွေ ဖျားနာနေချိန်မှာ အညှောင့်မထွက်သေးတဲ့ အနုပညာနဲ့ နာလန်ထလာအောင် ဘယ်လိုလုပ်ရမှာလဲ ။
ကဲ့ရဲ့တတ်သူတွေက ( လုံးဝ ) ရှုံချတယ် ဦးနှောက်ကိုတော့ ဓားနဲ့ လာမဆွကြပါနဲ့ … စိတ်ဓာတ်ကို အဝီစိက ဆယ်ယူနေတုန်းမို့ပါ ။
မဖြစ်နိုင်မှန်း သိပါတယ် … ( ဒါပေမယ့် ) ဘဝဟာ စာတစ်အုပ် ပေတစ်အုပ်သာဆိုရင် အနုပညာနဲ့ စိမ်းလန်းတဲ့ ရာသီတွေက လွဲလို့ ကျန်တာ အားလုံးကို စုတ်ဖြဲ ပစ်လိုက်ချင်တာ ။
တိမ်မည်းတွေရဲ့ ရွှေရောင် အနားသတ်ဆိုတာ ကိုင်ဆောင် ရွတ်ဖတ် ရလွန်းတော့လည်း ရိုးပါတယ် ။
လောကနဲ့ သဘာဝကို ဆီလျော်အောင် ဘာသာပြန်တတ်ဖို့ တိုက်ဖူးတဲ့ ခလုတ်နဲ့ … စိုက်ဖူးတဲ့ ငုတ်တွေက သင်ရမယ် ။
ဆင်တံဆိပ် စက္ကူ အင်ပါရာကို မထူထောင်နိုင်ပေမယ့် ငါ ပျိုးခဲ့တဲ့ … ငါ့ကမ္ဘာမှာ … ငါကတော့ ဘုရင်ပါပဲ ။
စိတ်ချ … ဒီဘဝမှာ မဝေဆာခဲ့ရင် နောက်တစ်ခါ ( သေချာ ) ပြန်လာမယ် ။ ။
လူမော်ငြိမ်း |
No comments:
Post a Comment