(အလွမ်းဖွဲ့မနက်ခင်း)
အတ္တတွေ တနင့်တပိုးနဲ့
မာနတွေ အရောင်တောက်နေတဲ့
လောကမှာ..
ငါတစ်ယောက်တည်း
အံဝင်ခွင်မကျ ဖြစ်နေတာလည်း
သိပ်တော့ မထူးဆန်းဘူး
နေ့သစ်ရဲ့ရောင်ခြည်ကြောင့်
ကျိန်းစပ်စပ် ငါ့မျက်လုံးတွေ
နိုးထခဲ့ရပေမယ့်
လွဲချောမှုတွေနဲ့အတူ
ယောက်ယက်ခတ်နေတာက ငါလေ..
ငါ့အတွက် မနက်စာက
အလွမ်းတွေချည်း ဖိကျွေးနေလို့
ကျိန်စာတော့ မဟုတ်လောက်ပါဘူး
တစိမ့်စိမ့်ရွာနေတဲ့.. မိုးထဲမှာ
ငါ့မျက်ရည်တွေနဲ့ အတူ..
အချင်းဆေးနေတာ
ဘယ်သူမြင်နိုင်မှာတဲ့လဲ...
အလွမ်းဆိုတာကလည်း
နှောင်ထုံးဖွဲ့ပြီး သော့ခတ်ထားလို့မှ မရတာ
ကံတရားတစ်ခုသာ ဆိုရင်တော့
မိုးတွေညှို့လာရင်တောင်မှ
ဒီအတိုင်းပဲ နေလိုက်ပါ့မယ်
အလွမ်းဖွဲ့မနက်ခင်းနဲ့အတူ....
(ပိုးစံ) |
No comments:
Post a Comment