မာန်
အပွင့်ကိုခူး အဖူး ငါ့မှာ ကျန်သေးတယ် …
အဖူးကို ဖျက် အခက် ငါ့မှာ ကျန်သေးတယ် …
အခက်ကို ချိုး အရိုး ငါ့မှာ ကျန်သေးတယ် …
အရိုးကို နှုတ် အငုတ် ငါ့မှာ ကျန်သေးတယ် …
အငုတ်ကိုပယ်ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …
မနက်ဖြန်ဆို ငါပင်ပျိုသည် ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ မြေကမ္ဘာမှာ သာယာဝင့်လန်း မေတ္တာဖျန်းပြီး ငါ့လမ်း ငါလျှောက်နေဦးမယ် … ။
ဒေါင်းနွယ်ဆွေ |
No comments:
Post a Comment