ကိုရုပ်ဆိုး
ငါချစ်တဲ့..ကောင်မလေးရေ.. ရွက်ဆုတ်ပြက္ခဒိန်တစ်ခုလို.. ငါ့နေ့စွဲတွေကို..ဆွဲဖြဲလို့ရရင်.. ငါ့ရဲ့အထီးကျန်နေ့ရက်တွေကို.. ဆုတ်ဖြဲပစ်လိုက်ချင်ရဲ့.. တကယ်ပါ..သဲကန္တာရထဲက..ဆူးပင်လို.. ငါက..အဖော်ကွဲပြီး..ရုပ်ဆိုးလွန်းလို့..
လူတွေတိုင်းတာတတ်တဲ့ ရုပ်ဝတ္တုပေတံတွေနဲ့လဲ ငါက.. စံချိန်မမီခဲ့တာကြောင့်.. တကယ်ဆို..ငါက..သင်းကွဲနေတဲ့သိုးမည်းပါ..
မင်းရဲ့ငြိုငြင်မှုကလွဲရင်.. အချိုဆုံးအပြုံးတစ်ခုကိုတောင် မမြင်ဖူးခဲ့တဲ့ငါပါ.. ဘာအတွက်နဲ့...ကြင်နာမှုကို..မျှော်လင့်နေတော့မလဲ..
နေပါစေတော့.. နောက်ထပ်မွေးဖွားလာမဲ့..ငါ့နေ့ရက်တွေမှာသာ.. ကံကောင်းခြင်းပေါက်ကဏန်းတစ်ခုကိုဘဲ.. မျှော်လင့်ရင်းနဲ့...ငါ..အိပ်မက်ချင်သေးတယ်...
ငါချစ်တဲ့..ကောင်မလေးရယ်.. တကယ်ဆိုငါက.. သင်းကွဲနေတဲ့..သိုးမည်းပါ.
နပျင်း |
No comments:
Post a Comment