ကျွန်တော် ငယ်ငယ် သမိုင်းထဲမှာ ၃ တန်းဖြစ်မယ်ထင်တယ်။ သိပ္ပံပညာရှင်ကြီး တယောက်အကြောင်းသင်ရတယ်၊ သောမတ်စ် အက်ဒီဆင်ထင်ပါတယ်။ စာထဲမှာ သူရဲ့ငယ်စဉ်ဘ၀ ၊ ကြီးပြင်းလာတော့ တီထွင်မှုတွေ အကြောင်း လေးစားလောက်အောင် ရေးထားပါတယ်။ ဒီမှာ ကျွန်တော်နဲ့ စတွေ.တဲ့ ပြဿနာက စာအဆုံးမှာ အက်ဒီဆင် သည် ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေသော ပုဂ္ဂိုကြီးဖြစ်လေသည် ဟု အဆုံးသတ်ထားပါသည်။ ကျွန်တော်တော်တော်ကို ခံစားခဲ့ရပါတယ်။ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ဆိုသော စကားလုံးမှာ ဘာဆိုလိုမှန်းမသိခဲ့ပါဘူး။ ဆရာမကိုမေးမိပါတယ်။ ဆရာမက ဟဲ့နင်တော်တော်လျှာရှည်တာပဲ အဲ့လိုပဲ မှတ်ထားပေါ့ဟု ပြန်ဆူပါသည်။ ထိုကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားပေမဲ့ ထိုကဲ့သို့သော အသုံးအနှုံးကို တွေ.တိုင်း သိလိုစိတ်က ပေါ်လာပြန်ပါတယ်။
ကျွန်တော်ကိုယ်တိုင် နားလည်မိတာက ကမ္ဘာကြီးသာ ကြေပျက်သွားချင် ကြေပျက်သွားမယ် ထိုသူ့ရဲ့ အကြောင်းဥဒါန်းကြူးရင့်မှုကတော့ ကြေပျက် ပျောက်ပျက် သွားမှာ မဟုတ်ဘူးလို့ပဲ နားလည်လိုက်ပါတယ်။ဒါပေမဲ့ ဒီလိုရှင်းပြထားတဲ့ စာရယ်လို့လည်း ဘယ်မှာမှ ရှာမတွေ.ခဲ့ဘူးပါ။ ဘယ်သူ့ထံကမှ လည်းရှင်းပြတာ နားမထောင်ခဲ့ဘူးပါ။ ဒီမှာ ထပ်မံ ရှုပ်ထွေးစေတာက ဗုဒ္ဓစာပေတွေကို ဖတ်မိတော့
"သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓအဖြစ် ရောက်တော်မူ၏၊
ထိုစဉ် နှစ်သက်ဝမ်းမြောက်တော်မူသော ရွှေစိတ်တော် လှုံ့ဆော်သဖြင့် ရှေးရှေးသော နောင်တော်ဘုရားရှင်များ နည်းတူ ဥဒါန်းကျူးရင့်တော်မူလေသည်။"
လို့တွေ.ပြန်ပါလေရော ဒီတော့ပိုသိချင်စိတ်တွေ များပေမဲ့ ထပ်မရှာဖြစ်တော့ပါဘူး ။
ဥဒါန်းမကြေမဟုတ်ပဲ ဥဒါန်းကျူးရင့်ဆိုတဲ့ အသုံးကသာ ပိုအသုံးများတာ သတိထားမိလာပြန်ပါတယ်။
*********ခုမှ သိချင်စိတ်တွေများလာလို့ ဒီနေရာမှာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ဆိုတဲ့ စကားလုံးကို ရှင်းပြထားတာလေး ဖတ်ဘူးသူများရှိရင် ပြောပြပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ။
၁။ အလွန်ဝမ်းမြောက်ကြည်နူးခြင်းကြောင့် ထွက်ပေါ်လာသောစကား၊ ၂။ ကောင်းချီးရွှေခွန်း ကြိုင်ပျံမွန်းသည်၊ ၃။ ကောင်းချီးဤသို့ မည်၏တည်း၊ ဥဒါန ကနေ ဥဒါန်းဖြစ်လာတယ် ကမ္ဘာကြေပေမဲ့ ဥဒါန်းမကြေဘူးဆိုတော့ ကမ္ဘာကြီးပျောက်သွားပေမဲ့ အက်ဒီဆင်ရဲ့ အားထုတ်မှုတွေကြောင့် ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ လေးစားမှု ဂုဏ်ယူမှုတွေကတော့ အက်ဒီဆင်အပေါ်မှာ ဘယ်တော့မှ ပျောက်မသွားဘူးလို့
ReplyDelete