ကျန်းမာတော်မူကြပါစရှင်။ ယနေ့ပြည်တွင်းသတင်းများကို ကြေညာပါ့မယ်။ သတင်းအစုံအလင်မှာ.....
- မနေ့ကနေသာသော်လည်း ယနေ့နေ့မသာခြင်းသည် နေမထွက်ခြင်းကြောင့်ဟုမိုးလေ၀သမှခန့်မှန်း။
- ဆေးရုံများတွင်တက်ရောက်ကုသနေသောသူများသည်လူနာများဖြစ်ကြောင်း ဆရာဝန်များပြောကြား။ ...
- ဖိနပ်မစီးပါ ကခြေထောက်တွင် ဖုန်များပေနိုင်သည်ဟုသိပ္ပံပညာရှင်များ အခိုင်အမာဆို။
- ထမင်းမစားပါက ဗိုက်ဆာမည်ဖြစ်ကြောင်း ကျန်းမာရေးသုတေသီများ ပြောကြား။
- မြန်မာနိုင်ငံတွင် လေယာဉ်ပျံတိုက်၍ သေဆုံးသူ တစ်ဦးမှမရှိကြောင်း အာဏာပိုင်များ ၀ံကြွား။
- ကားများရှုပ်နေချိန်တွင် ပလက်ဖောင်းပေါ်မှမလျှောက်ဘဲ ကားလမ်းပေါ်မှလျှောက်ပါက ကားတိုက်နိုင်သည်ဟု ၀ါရင့် ယာဉ်ထိန်းရဲကြီးမှ ပြောကြား။
- မီးလောင်ပါက မီးမငြိမ်းသတ်ဘဲထားလျှင်မီးဆက်လက်လောင်ကျွမ်းမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှပြောကြား။
- တောထဲတွင်ကျွန်းပင်များအားခုတ်ခြင်းမှာ သားရဲတိရ စ္ဆာန်များ လွတ်လပ်စွာ သွားလာနိုင်စေရန်အတွက် စေတနာသက်သက်ဖြင့် လမ်းရှင်းပေးခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ ရှင်းလင်းပြောကြား။
- သင်္ကန်းဝတ်ထားပါ ကရဟန်းတော်များဖြစ်၍ သင်္ကန်းမ၀တ်ပါက လူများဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ ခွဲခြားပြ အဲသလိုသတင်းရရှိပါတယ်ရှင်
By: Thway Alexendira
No comments:
Post a Comment