မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက်အတူတကွလုပ်ကိုင်ကြသည်။ တစ်ယောက်က အိမ်ထောင် သည်။ သူ့မိသားစုက ကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။
တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက်သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းကို ညီအစ်ကို နှစ်ယောက် ညီတူညီမျှ ခွဲဝေယူကြသည်။
တစ်နေ့တော့ တစ်ကိုယ်တည်းသမား စဉ်းစားသည်။ "လယ်ယာထွက် သီးနှံတွေအကျိုးအမြတ်တွေ ကိုညီတူ ညီမျှ ခွဲဝေနေတာ မသင့်ဘူး၊ ငါက တစ်ယောက်တည်းသမား၊ ငါ့လိုအပ်ချင်က နည်းနည်းလေး" သည်လိုတွေး ကာ ညစဉ်ညတိုင်း သူ့စပါးကျီးမှစပါးတစ်အိတ်စီ ထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းပြီး သူ့အစ်ကို အိမ်က စပါးကျီထဲ သွားထည့်သည်။
သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်းစဉ်းစားသည်။ "သီးနှံတွေ ၀င်ငွေတွေကို ညီတူညီမျှ ခွဲယူနေကြတာ မမှန်ဘူး၊ ငါက အိမ်ထောင်သည်၊ ငါ့မှ အသက်ကြီးတဲ့အချိန်ပြုစုစောင့်ရှောက်ဖို့ မိန်းမရှိတယ်၊ သားထောက်သမီးခံရှိတယ်၊ ငါ့ညီမှာကတစ်ယောက်တည်း၊ မမာရေး မကျန်းရေးဆိုရင် စောင့်ရှောက်မဲ့သူမရှိ ဘူး" ဟူ၍ တွေးကာ ညတိုင်းစပါးတစ်အိတ်စီ ထမ်းပြီး သူ့ညီစပါးကျီထဲ သွားထည့်သည်။
သည်လိုနှင့် နှစ်ချီ၍ကြာလာသည်။ ကိုယ့်ကျီထဲက စပါးတွေညစဉ်ထုတ်ယူနေပါလျက် လျော့နည်းသွား ခြင်းမရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစားမရ ဖြစ်နေကြသည်။
သို့သော် မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကိုနှစ်ယောက် ၀င်တိုင်မိကြသည်။ သည်တော့မှပင် တစ်ယောက် ကိုတစ်ယောက် ကြည့်ကာ ဖြစ်ပျက်နေပုံအလုံးစုံကို နှစ်ဦးသား သိမြင်သွားကြသည်။
စပါးအိတ်တွေ ပစ်ချကာ တစ်ဦးကိုတစ်ဦး တင်းတင်းဖတ်ထားလိုက်မိကြလေသည်။
[မူရင်း။ ။ More Sower's Seeds စာအုပ္မွ အမည္မသိစာေးရးသူ၏ Two Brothers]
http://brokenworld.multiply.com/journal/item/9
No comments:
Post a Comment