ပုခန်းမှာ လေ
လောင်းရှည်မှာ ဓား
ခန်းလတ်မှာ နား
ရေနံတတိုင်ချင်း လင်းပါ့မလား။
မင်းတုန်းမင်းသည် တိုင်းပြည်အုပ်ချုပ်ကြရသည့် လွှတ်တော်ဝန်ကြီးလေးပါးရှိရာတွင် ပုခန်းမြို့စား ၀န်ရှင်တောင်မင်းကြီးမှာ လေနာရောဂါသည်ကြီးဖြစ်သည်။ လောင်းရှည်မြို့စား ၀န်ရှင်တောင်မင်းကြီးမှာ မြင်းကွန်း၊ မြင်းခုန်တိုင်အရေးတော်ပုံတွင် ဓားဒဏ်ရာရပြီး မစွမ်းသန်သူဖြစ်သည်။ ခန်းလတ်မြို့စား ၀န်ရှင်တော်မင်းကြီးသည် နားထိုင်းသူဖြစ်၍ လွှတ်တော်ဝန်ကြီးလေးပါးရှိသည့်အနက် သုံးပါးစလုံး တိုင်းပြည်အုပ်ချုပ်မှုတွင် တင်းပြည့်ကျပ်ပြည့် တိုင်းပြည့်တာဝန်ကို ထမ်းဆောင်နိုင်မည်မဟုတ်၊ ရေနံချောင်းမြို့စား ၀န်ရှင်တော်မင်းကြီး တစ်ဦးတည်းနှင့် ဆောင်ရွက်နိုင်ပါ့မလားဟု သတိပေးခဲ့သည်။
No comments:
Post a Comment