အဲဒီ့ညီမေးတဲ့ နောက်ထပ်အမေးကိုပဲ ထပ်ဖြေထားတာပါ...
ငရဲကိစ္စ လက်ခံ၊မခံ
ညီကြိုပြောထားချင်တာက
အကိုနဲ့ညီ အမြင်မတူပေမယ့် ရန်သူတွေ မဟုတ်ဘူးနော်..။အေးဆေး..ကျွန်တော်တို့ ညီအစ်ကိုတွေကြားမှာ အမြင်မတူတာတွေနဲ့ပတ်သတ်ပြီး ဘာမှ မရှိဘူး။အေးဆေး။တော်ကြာ..အကိုက အမြင်မတူလို့ ကျွန်တော်ကို တစ်မျိုးထင်နေမှာစိုးလို့ ကြိုပြောထားတာ။
ငရဲကို လက်မခံတဲ့သူဟာ နိဗာန်ကိုလည်း လက်မခံဘူး။ငရဲ၊နိဗာန်ကိုလည်း လက်မခံတဲ့သူဟာ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးခံစားရမယ်၊မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုး ခံစားရမယ်ဆိုတဲ့ သဘောကို တနည်းအားဖြင့် လစ်လျူရှုလိုက်တာပဲ ဖြစ်တယ်။
တနည်းအားဖြင့် လူသေရင် လူပဲ ပြန်ဖြစ်မယ်ဆိုတဲ့သဘောကိုပဲ လက်ခံတယ်လို့ အကြမ်းဖျဉ်းယူဆရဖွယ်ရှိတယ်။
တနည်းအားဖြင့် ဗုဒဘာသာရဲ့ ကံကံရဲ့အကျိုးနဲ့ ဖီလာကြီး ဆန့်ကျင့်နေတာပဲ ဖြစ်တယ်။
ဟုတ်ကဲ့.....
မိမိပြုလုပ်တဲ့ အကောင်း၊အဆိုးသက်ရောက်မှုဟာ တန့်ပြန်သက်ရောက်မှု ရှိ၊မရှိနဲ့ တနည်းအားဖြင့် နောင်ဘ၀၊ငရဲ၊နိဗာန်ရှိ၊မရှိနဲ့ပတ်သတ်ပြီး ညီအကျဉ်းမျှ သက်သေထူပါမယ်။
၁။လူသေရင် လူပဲ ပြန်ဖြစ်မယ်ဆိုတာနဲ့ ပတ်သတ်တဲ့သဘောကို အကို့အရင် ပညာရှင်ပေါင်းများစွာ၊အနောက်တိုင်းက တွေးခေါ်ပညာရှင်၊ပါမောက္ခတွေဟာ သုတေသနပြုခဲ့ကြတယ်။အဲဒီ့ထဲက လက်တွေ့ကျတဲ့ အချက်တစ်ခုကို ညီ ချပြချင်တယ်။ လူဝင်စားပေါ့။
ငရဲမယုံတဲ့သူဟာ လူဝင်စားဆိုတဲ့ဟာကိုလည်း ယုံမယ် မထင်ဘူး။ဘာဖြစ်လို့လည်းဆိုတော့ လူသေရင် လူပဲပြန်ဖြစ်ရမှာလေ။တခြားဘုံအပိုင်းအခြားကို သွားရောက်စရာ မလိုဘဲ လူ့ဘ၀ကိုပဲ ပြန်လာရမယ့်သဘောကို ကိုင်ထားတာလေ..ဟုတ်တယ်ဟုတ်...။ဒီတော့ ကျွန်တော်တို့ အလွယ်ဆုံး မြင်နိုင်၊ထင်ရှားနိုင်တဲ့ ဥပမာကို အရင်ကြည့်ကြမယ်။
လူဝင်စားကိစ္စနဲ့သက်သေထူခြင်း
၁။လူဝင်စားနဲ့ပတ်သတ်ပြီး တချို့လူဝင်စားတွေဟာ တိရစာန်ဘ၀ဖြစ်တဲ့ ခွေး၊ကြက်၊နွားတွေ ဘ၀က လာတယ်တဲ့။အကိုလည်း ကြားဖူးမှာပါ။
ဒီလူဝင်စားကိစ္စနဲ့ပတ်သတ်ပြီး အမေရိကန်ပါမောက္ခတစ်ယောက်ဟာ 1985လောက်က အာရှတိုက်က နိုင်ငံတွေကမှာ လာရောက် သုတေသနပြုခဲ့တယ်။
ထိုင်း၊သိရိလင်္ကာ၊အင်ဒို၊ဖိလစ်ပိုင်စတဲ့နိုင်ငံတွေမှာ
ပေါ့။အဲဒီ့ကနေပြီး မြန်မာနိုင်ငံကို လာခဲ့တယ်။သူသုတေသနပြုခဲ့တဲ့ အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက လူဝင်စားအများဆုံးတွေ့တဲ့နိုင်ငံလို့ တွေ့ရှိခဲ့ရတယ်။အဲဒီ့ထဲမှာ ခွေးကနေ လူဘ၀ရောက်ခဲ့၇တာတွေ၊နွားဘ၀ကနေ ရောက်ခဲ့၇တာတွေ ရှိတယ်။
အကို ကိုယ်တိုင်လက်တွေ့ ဖတ်ရအောင် အဲဒီ့စာအုပ် ညီငှားပါမယ်။ညီဆီမှာ ရှိပါတယ်။
နောက်တစ်ချက်က
တခြားအနောက်နိုင်ငံမှာလည်း လူဝင်စားကိစ္စနဲ့ပတ်သတ်ပြီး အကြားအမြင်ရတဲ့ပုဂိုလ်တွေကနေ ပြောထားတာ ရှိတယ်။အဲဒီ့ထဲမှာ တချို့က ဘယ်ခေတ်က ဘယ်လိုမကောင်းမှု လုပ်ခဲ့လို့ အခုဘ၀မှာ ဘယ်လိုခံစားနေရလို့ ဘယ်လိုလုပ်ပေးရတယ်ဆိုတဲ့အကြောင်းတွေ ပါတယ်။
ဒါတွေဟာ လူတစ်ယောက်ရဲ့ အကောင်း၊အဆိုးလုပ်တဲ့လုပ်ရပ်တွေအပေါ်မူတည်ပြီး တန့်ပြန်အကျိုးသက်ရောက်မှုတွေခံစားရတဲ့ ကံကံရဲ့သဘောကို ဖော်ပြနေတာပဲ ဖြစ်တယ်။တစ်နည်းအားဖြင့် ဗုဒပြောထားတာနဲ့ ကိုက်ညီနေတာပဲ ဖြစ်တယ်။
သရဲ၊တစ္ဆေနဲ့ နောက်ထပ်သက်သေထူခြင်း
အဲဒါတွေက ဘုရားဟောထားတဲ့ 31ဘုံထဲက အပါယ်လေးဘုံဖြစ်တဲ့ ငရဲ၊တိရစာန်၊ပြိတ္တာ၊အသူရကာယ်ဘုံတွေကို ရှိကြောင်း သက်သေပြနေတာဖြစ်ပြီး
ဆက်လက်ပြီး ပြိတ္တာဘုံ၊အသူ၇ယကာယ်ဘုံတွေနဲ့ပတ်သတ်ပြီး လက်တွေ့ သာဓကအနေနဲ့ အကိုပြောတဲ့ သရဲ၊တစေတွေရှိ၊မရှိကို ကြည့်လို့ရတယ်အချက်ပေါ့။
အဲဒါကို လက်တွေ့မြင်သွားချင်းအားဖြင့်လည်း ဘုံတွေ ရှိကြောင်း အကိုသိလာနိုင်တယ်။အဲဒါကြောင့် အကိုပြောတဲ့ နေရာတွေကို ညီနဲ့အတူ သွားရောက်လေ့လာကြပါမယ်။ဒါကတော့ လက်တွေ့သာဓကထူခြင်းပေါ့။အကိုပြောတဲ့နေရာကို ညီလိုက်ခဲ့မယ်။
လောကမှာ ငရဲကိစ္စကို လက်မခံတဲ့အယူဝါဒဟာ အခုခေတ်မှာ တည်ရှိခဲ့တာ မဟုတ်ပါဘူး။ဘုရားမပွင့်ခင်(ဂေါတမဘုရား)နဲ့ ဂေါတမဘုရားလက်ထက် ခေတ်ပြိုင်ဝါဒတွေကတည်းက တည်ရှိနေခဲ့တာပါ။ကျွန်တော်တို့ ဗုဒဘာသာမှာ 31ဘုံဆိုတာ ရှိတယ်။အဲဒီ့ထဲမှာ ငရဲဆိုတဲ့ ဘုံပါတယ်။
ငရဲ၊တိရစာန်၊ပြိတ္တာ၊အသူရကာယ်ဘုံတွေကို ဘယ်သူတွေ သွားရသလည်းဆိုတော့ အကုသိုလ်လုပ်တဲ့သူတွေ သွားရတယ်။အဲဒီ့ဘုံလေးဘုံကို အပါယ်လေးဘုံလို့ ခေါ်တယ်။ဒီဘုံတွေ ဘယ်မှာရှိတယ်ဆိုတာ သူနဲ့သက်ဆိုင်တဲ့ဖော်ရမ်မှာ အကျယ်ကြည့်ရှု့ပေးပါ။အကို..။မန်ဘာတွေ ဖတ်၇တာ လွယ်ကူအောင်လို့ ညီ သက်ဆိုင်ရာ ဖော်ရမ်မှာ တင်ချင်လို့ပါ။
နိဗာန်ဆိုတာနှင့်ပတ်သပြီး နောက်ထပ်သက်သေထူခြင်း
ဒါကတော့ အကို ဘယ်လောက်မယုံလည်းဆိုတာ၊ဘယ်လောက် ကိုယ်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုတာနဲ့ သက်ဆိုင်ပါတယ်။အကိုတကယ်မယုံဘူးဆိုတာ သေချာရင် အကို..ဗုဒပြောထားတဲ့ဟောထားတဲ့ အာနာပါနာကို လက်တွေ့ ကျင့်ကြံအားထုတ်ကြည့်ပါ။တချို့တရားစခန်းတွေ ရှိပါတယ်။နိဗာန်၊ငရဲ သွားရောက် မြင်နိုင်အောင် ကျင့်၇တဲ့ တရားစခန်းတွေ၊ များသောအားဖြင့် တစ်လကနေ သုံးလ အထိကြာတယ်လို့ သိရတယ်။ဒါပေမယ့် အကို တရားထိုင်ရင်း၊တရားထိုင်ရင်းနဲ့ မြင်လာမှာပါ။အဲဒါကတော့ အကိုရဲ့ အားထုတ်မှုဇွဲ့လုံလ ဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ်မှာ မူတည်တယ်။
လေးစားစွာဖြင့်
သေတစ်ပန်သက်တစ်ဆုံး
ဗုဒဘာသာကိုသာ ကိုးကွယ်သည့်
သီဟပျံချီ
☻
No comments:
Post a Comment