- ကိလေသ ပရိနိဗ္ဗ္ဗာန် - မြတ်စွာဘုရားရှင် ကိလေသာအားလုံးချုပ်ငြိမ်းဖြစ် ဘုရားအဖြစ်သို့ဆိုက်ရောက်သွားသောအခါကို ကိလေသ ပရိနိဗ္ဗ္ဗာန် လို့ခေါ်ပါတယ်။
- ခန္ဓာပရိနိဗ္ဗ္ဗာန် - မြတ်စွာဘုရားရှင် ခန္ဓာဝန်ချလို့ ပရိနိဗ္ဗ္ဗာန်ပြုတာကို ခေါ်ပါတယ်။
- ဓာတု ပရိနိဗ္ဗ္ဗာန် - သာသနာတော်ကွယ်ပျောက်ခါနီးအချိန်ကာလတစ်ခုမှာ (ကာလအတိအကျမမှတ်မိတော့လို့ ခွင့်လွှတ်ပါရန်) မြတ်စွာဘုရားရှင်ရဲ့ ကျန်ရှိခဲ့သော အနယ်နယ်အရပ်ရပ်မှ ဓာတ်တော်မွေတော်များ စုပေါင်းပြီး တရားဟောပါလိမ့်မယ်။ ပြီးရင် အဲဒီဓာတ်တော်မွေတော်များလည်းကွယ်ပျောက်သွားပါလိမ့်မယ် အဲဒါကို ဓာတု ပရိနိဗ္ဗ္ဗာန် လို့ခေါ်ပါတယ်။
ဓာတု ပရိနိဗ္ဗ္ဗာန် ပြုချိန်မှာကျွတ်တန်းဝင်သင့်သောသူများ ကျွတ်တန်းဝင်ကြပါဦးမယ်။
ဆရာတော်ဥူးသုမင်္ဂလ နှင့် အရှင်သောမ တို့ဟောကြားထားသော တရားများကို စကားပြေအဖြစ်ပြန်တင်ပြပါတယ်။ လိုအပ်သည်များရှိပါကလည်းထပ်မံဖြည့်စွက်ပေးကြပါရန်။
No comments:
Post a Comment