ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ
(ဤဆောင်းပါးမှာ ဂျပန်ခေတ် ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာတွင် ပါရှိသော ဆောင်းပါးဖြစ်သည်) ၁၉၃၈ခု၊ အောက်တိုဘာလတွင် တို့ဗမာ အစည်းအရုံးသို့ သခင်အဖြစ် စာရင်းသွင်းခဲ့၏။ ဥပဒေတန်း၌ စခန်းကုန်သင်ရန် ကိစ္စ ကို၎င်း၊ ကျွန်ုပ်၏ ရှေ့အလားအလာများကို၎င်း တပါတည်းအပြီးသတ်စွန့်လွှတ်ကာ ကျွန်ုပ်သည် သြဂုတ်လအတွင်း နှစ်ဝက် ကျောင်းပိတ် ရက် ရသည့်အခါမှစ၍ တက္ကသိုလ် ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။ ဥရောပတိုက်တွင် မြူနစ်အရေး ပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီး မလွဲဖြစ်ရမည့်အရေးကို ကျွန်ုပ်၏ အသိ ဥာဏ်အတွင်း ထင်းကနဲ ပေါ်စေတော့၏။ ထို့ထက်စောစွာကပင် ၁၉၃၉၄ဝ ခုလောက်၌ ကမ္ဘာစစ် ဖြစ်မည့်အရေးကို ကျွန်ုပ်တို့တစ်စု တွက်ဆပြီးဖြစ်၏။ ထိုအချိန်လောက်တွင် လက်နက်ဖြည့်တင်းရေးကိစ္စများသည် နိုင်ငံကြီး များ၌ လုံးဝပြီးစီးမည်ဖြစ်သောကြောင့်လည်း ကမ္ဘာနှင့်အမျှ စစ်မီးလောင်ကျွမ်းချိန်တွင် တို့ဗမာများ မည်သို့ ခြေလှမ်းလှမ်းကြမည်ကို ကျွန်ုပ်တို့ လူစုမတွေးဘဲ မပြောဘဲ မနေနိုင်ပြီ။ ပြောဆိုဆွေးနွေးကြ၏။ သို့သော် ထိုအခါက ကမ္ဘာစစ်ကြီး မလြွဲဖစ်တော့မည်ကို တွက်ဆမိရုံသာ တွက်ဆမိ၍ ဧကန် အတိအကျကား ပြောဆိုနိုင်ခဲ့ သည် မဟုတ်သော်လည်း မြူးနစ်မြို့၌ အင်္ဂလိပ်နန်းရင်းဝန် ချိန်ဘာလိန်သည် မိမိနိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာကိုမျှ မငဲ့ မထောက်နိုင် ရှာတော့ဘဲ ဟာရ်ဟစ်တလာ ကြေအေးနှစ်သိမ့်ရေးအတွက် ဦးနှိမ်လိုက်သည့် အခါတွင်ကား ကမ္ဘာစစ်ကြီး တံခါးမ၌ ဆိုက်ရောက်နေပြီ ဖြစ်ကြောင်းကို သဲထိပ်ရင်ဖို သိရှိရ လေတော့၏။ ကမ္ဘာစစ်ကြီးအမှန်ဖြစ်ချေတော့မည်။ ဗမာ့အခြေအနေကား အသို့နည်း။ ဗမာတွေ ဘာလုပ်ကြမည်နည်း။ ဤပြဿနာများကား ကျွန်ုပ်ရှေ့တွင် အလျှိုလျှို တသီကြီး ပေါ်လာလေတော့၏။ တခုတည်းသော အဓိဌါန်ကို ရုတ်ခြည်းပြုလိုက်၏။ ငါ့အတွက် ဖြစ်လိုရာ ဖြစ်စေတော့၊ နိုင်ငံရေး ဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏ နိုင်ငံ လွတ်လပ်ရေးအတွက် မနေမနား စွန့်စားလုံးပမ်းတော့အံ့။ ဤအဓိဌါန်ကို သန်သန်ကြီး ပြုလိုက်မိတော့၏။ မည်သူသည် ဤသို့ အခါကောင်း အခွင့်ထူး ရွှေလမ်းကြီး ဖြူးနေသည့် အခိုက် မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့်စားရေးကို လက်လွတ်ခံနိုင်ချိမ့်မည်နည်း။ ဟိသစ္စံ၊ ထိုစကားမှန်၏။ ကျွန်ုပ်အတွက် မှန်လှ၏။ ကျွန်ုပ် လက်လွတ်မခံ။ စွမ်းအားရှိသလောက် ကိုယ့်လူမျိုး ကြုံတေ့ွေ နရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန်ထုတွေ အမြစ်ပါ နုတ်၍ ချေတော့အံ့။ သခင်အစည်းအရုံးမှ တဆင့် နိုင်ငံလွတ်လပ်ရေး တိုက်ရန် တိုက်ပဲအွ တွင်းသို့ ကျွန်ုပ်စတင် သက်ဆင်းမိခဲ့လေသည်။ ကျွန်ုပ် သခင် ဘဝတွင်းဆင်းမိသည်နှင့် တပြိုင်နက် သပိတ်မှောက်မှု၊ စီတန်းလမ်းလျောက် အင်အားပြမှု တော်လှန်ရေးဒီလှိုင်း တံပိုးတို့သည် တနိုင်ငံလုံး ဖုံးလွှမ်းသွားခဲ့လေသည်။ ဗြိတိသျှ အစိုးရကလည်း ထကြွမှုများကို ငဲ့ညာမှုမရှိ ပြင်းထန်စွာ တန်ပြန် တိုက်လေ တော့၏။ ကျွန်ုပ်နှင့်တကွ ကြံရာပါ ဖေါ်တသင်းသည် (ကျွန်ုပ်တို့ကို ဖမ်းချုပ် လိုက်သည့် အင်္ဂလိပ်မင်းကြီး စကားအတိုင်း သုံးရက) အ စိုးရအဖ့ကွဲို အင်နှင့်အားနှင့် တော်လှန်လုပ်ကြံမှုဖြင့် အစစ်အဆေးမရှိ ရန်ကုန်ထောင်တွင်း အတန်ကြာမျှ အကျဉ်းချထားခြင်း ခံလိုက် ကြရ၏။ အမှန်မှာလည်း ထိုတော်လှန်မှုများတွင် ကျွန်ုပ်၏ အနည်းငယ်မျှသော လက်ရာသည် ပါသည်မှန်၏။ ပြောပြ လောက်သော လက်ရာကား မဟုတ်လှပါ။ ဤအရေးများသည် အရှိန်ယူနေပြီဖြစ်သော ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍ ပေါ်လာရမည့် မဝေးလှတော့ သော ဗမာ့လွတ်လပ်ရေးအရေးတော်ပုံကြီး၊ မဟာအခါကြီးများအတွက် နိဒါန်း ကလေးမျှသာ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး ထင် မြင်မိတော့၏။ ဥရောပစစ် ကျွန်ုပ်ထင်သကဲ့သို့ပင် အမှန်ပင် စစ်ဖြစ်ရတော့၏။ ၁၉၃၉ခု၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပစစ် စတင် တိုက်လေ သည်။ (ကျွန်ုပ်၏ အမှတ်အသား မမှားပါက) စစ်မကြေငြာမီ ၂ ရက်ကပင် တို့ဗမာအစည်းအရုံး ပြည်လုံးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ ၏ အထူးအစည်းအဝေးပွဲကို ကျင်းပကာ ပါတီမရွေး ဗမာ့လွတ်လပ်ရေးကို ချစ်သူအားလုံးပါဝင်၍ တို့ဗမာအစည်းအရုံးနှင့် ဒေါက်တာ ဘမော် ၏ ဆင်းရဲသား အစည်းအရုံးကို အခြေထားလျက် ဗမာ့ထွက်ရပ်ဂုဏ်းတခု တည်ထောင်ရန်ကို ဆုံးဖြတ်ခဲ့ကြလေသည်။ အမှန်ပေါ်ပေါက်လာတော့မည်ဖြစ်သော ကမ္ဘာစစ်ကို ကြိုတင်၍ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်၏။ ဤ ဆုံးဖြတ်ချက် အတိုင်းပင် ဗမာ့ထွက်ရပ်ဂုဏ်းကြီးကိုလည်း ဖွဲ့စည်းမိလေသည်။ ထိုဂုဏ်းကြီး ပြန့်ပွါးမှုအတွက် အနည်းငယ် မျှသာ စီမံရစဉ်မှာပင် ဗြိတိသျှ အစိုးရ သည် နိုင်ငံအနှံ့ ဖမ်းဆီးချုပ်နှောင်မှုများကို စတင်ပြုလုပ်လုပ်ရကား အဖမ်းခံ ရသူများအထဲတွင် အရာရောက်သော ထွက်ရပ်ဂုဏ်း ခေါင်း ဆောင်များ အားလုံးလောက် ပါဝင်သွားလေတော့သည်။ ကျွန်ုပ်ကား တယောက်တည်း လွတ်ကျန်ရစ်သည်။ ကျွန်ုပ်အား အမှန်ဖမ်းမည့် အရေးမှာလည်း လျှို့ဝှက်ထား ချက်ပင်ဆိုသော် လည်း အများသိပြီးဖြစ်လေပြီ။ ကျွန်ုပ်မှာလည်း ထိုအခါက အိန္ဒိယတွင် ရမ်ဂါကွန်ဂရက် အစည်းအဝေး တက်ရောက်၍ ဂန္ဒီ၊ ဂျဝါဟာလ် လာ နေရူး၊ ဆူဘတ်စ်ဘို့စ် အစရှိသော ကွန်ဂရက်ခေါင်းဆောင်များနှင့် တေ့ဆွုံ ပြီး ဗမာနိုင်ငံသို့ ပြန်ရောက်စဖြစ်၏။ အိန္ဒိယနိုင်ငံတွင် ကျွန်ုပ်တို့သွားလေရာတို့၌ နောက်က အစိုးရစုံထောက်များ ဇွဲကောင်းကောင်းနှင့် လိုက် နေကြောင်းသိခဲ့၏။ ဗ မာနိုင်ငံသို့ ကျွန်ုပ်ပြန်ရောက်သည်ဆိုလျှင်ပင် ကျွန်ုပ်တို့ အိန္ဒိယတွင် လုပ်ကိုင်ခဲ့သမျှ ကိစ္စများ နှင့် ပတ်သက်သော အစီရင်ခံစာတို့ကို စီ ရင်စုတိုင်းရှိ အရာရှိကြီးများထံ ဝေငှပေးပို့ထားကြောင်း သိရှိရ၏။ သခင် အစည်းအရုံးကို မတရား အစည်းအရုံးအဖြစ် ကျေငြာလိမ့်မည် ဟူသော သတင်းများမှာလည်း ပြန့်လျက်±ှိ လေသည်။ ပေါ်ပေါက်လျှက်ရှိသော အခြေအနေအားလုံးကို ခြုံ၍ ထင်မြင်အောင် ဆင်ခြင်ကြည့်ပြီးနောက် ပေါ်ပေါ် ထင်ထင် မနေဘဲ ခပ် လျှိုးလျှိုးနေခြင်းသာ ကောင်းမည်ဟု တွေးတောမိသည့်အလျောက် ကြုံလာမည့်အရေး ဟူသရွေ့ကို ရင်ဆိုင်ရန် အသင့် စီစဉ်ရလေ သည်။ သို့သော်ကျွန်ုပ် စီစဉ်သရွေ့ကို အပြီးအစီးမစီစဉ်ရသေးမီ ကျွန်ုပ်၏ ရဲဘော် အားလုံးလောက်ပင် ထောင်တွင်းရောက်ကုန် ကြလေ ပြီ။ ခြေရာပျောက် လျှိုး၍နေရန်ကို လောလောဆယ် ကျွန်ုပ်စီမံရလေတော့၏။ ခြေရာဖျောက်မိပြီး မကြာမီပင် ကျွန်ုပ်အား ဖမ်းဆီး ရန် ဝရမ်း ထွက်၍ လာလေတော့သည်။ ဆံခြည်တစ်လုံးခြား လွတ်မြောက်သွားရခြင်းတည်း။ ဤသို့သာ မလွတ်မြောက်ပါက ကမ္ဘာစစ် ကြီး တာရှည်သလောက်မျှသာမကမူဘဲ ကမ္ဘာ့အရှေ့ပိုင်းတွင် အင်္ဂလိပ် အခြေသေချာ တည်မြဲသည့် အချိန်ထိ ကျွန်ုပ်၏ ဘဝကို အကျဉ်း ထောင်တွင် မြုပ်နှံခြင်း ပြုရတော့မည်ဖြစ်ရကား၊ အလုပ်မရှိ အချိန်အားသည်နှင့်အမျှ အရေးမပါသည့်ဒေါသကို မျိုသိပ်ကာသာ ဘာကိုမျှ လုပ်နိုင်မည် မဟုတ်သော ဘဝသို့ ရောက်ရတော့မည်အမှန်။ ဤနေရာ၌ ကြားဖြတ်သဘောဖြင့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်ကလေးကို ချုပ်၍ ပြောရဦးမည်ဖြစ်၏။ ကျွန်ုပ် တော်လှန်ရေး သမား တယောက်အဖြစ် ရှောင်တိမ်းမနေရခင် ရန်ကုန်တက္ကသိုလ် သမဂ္ဂမှ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးတစ်ဦးအဖြစ် ရေွး ကောက်တင်မြောက်ခ့၏ဲ ။ အစည်းအဝေးတစ်ကြိမ်မျှသာ တက်ရောက် နိုင်ခဲ့၏။ ထိုအချိန်မှာပင် ပြင်သစ်နိုင်ငံကြီး မလြွှဲပိုအက် ပျက် ပြားမည့် အရိပ်နမိတ်တို့သည် ထင်ရှားလာလေသည်။ ပြင်သစ် သမတ ဥက္ကဌ အမ်ရေနဒ်သည် ရုစဘဲ့လ်ထံသို့ နောက်ဆုံး အသနား ခံလိုက်သော အခါတည်း။ ထိုအခါက ဗမာနိုင်ငံ ပညာမင်းကြီးဖြစ်သော အေ၊ ကင်းဘဲလ်သည် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင် ပုဂ္ဂိုလ် တဦးဖြစ်ခဲ့၏။ အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးအပြီးတွင် ကင်းဘဲလ်သည် ကျွန်ုပ်အား သူ့ကားနှင့် တင်ခေါ်ခဲ့၏။ အင်္ဂလိပ် အရံစာရင်းဝင် ဗိုလ်မှူးလေး (မေဂျာ) တယောက်ဖြစ်ရုံသာမက အလွန်ထက်လှသည်ဟု ထင်ရှားသော ကင်းဘဲလ်လို လူမျိုးတယောက်က ကျွန်ုပ်အား ဤသို့ ကား နှင့်တင်ခေါ်ခြင်းမှာ အလွန်ထူးခြားလာလေသည်။ ပိုထူးခြားချက်ကား ကျွန်ုပ်ကဲ့သို့သော သံမဏိ ဗြိတိသျှ ဆန့်ကျင်ရေးသမား တ ယောက်ကို ယခု စစ်ကြီးတွင် အင်္ဂလိပ်အား ကူညီပါမည့်အကြောင်း သနားစဖွယ် တုန်ယင်သော အသံဖြင့် တောင်းပန်ခြင်းပင် ဖြစ်လေ သည်။ ကျွန်ုပ်က သူတောင်းပန်သကဲ့သို့ မလုပ်နိုင်သဖြင့် ဝမ်းနည်းလှကြောင်းနှင့် စကားချီကာ အင်္ဂလိပ် ဓနရှင်စနစ်ကို ဖြိုဖျက်ရန်သာ ကျွန်ုပ်လုပ်ရလိမ့်မည့် အကြောင်းကို ပြန်ပြောလိုက်ရ၏။ အရှေ့သို့ အရေးတော်ပုံကို ဆက်ရမည်ဆိုသော် ကျွန်ုပ်တို့ ထောင်အပြင်ဘက်တွင် ကျန်ရစ်သူတစုမှာ စုဝေးစည်းရုံး၍ လက်နက်စွဲကိုင် ကာ တော်လှန်ရေး ပြဿနာကို ဆွေးနွေးမိကြတော့သည်။ ကျွန်ုပ်တို့တွင် လက်နက်လည်းမရှိ၊ ဘယ်သို့ လက်နက်ရအောင် ရှာရမည် နည်း။ ဤ ပြဿနာသည် ပေါ်ပေါက်လာလေတော့၏။ နောက်တစ်လ နှစ်လ အခါက ကျွန်ုပ်တို့သည် ဝင်ရိုးတန်း သူလျှိုတစ်ယောက်နှင့် တွေ့ဆုံမိကြသဖြင့် နိုင်ငံတွင်းမှနေ၍ အုပ် ချုပ်ရေး ဖျက်ဆီးမှုများကို အနှံ့အပြားပြုလုပ်ကြရန် စီစဉ်ခဲ့ကြသေး၏။ သို့သော် ထိုအစီအစဉ် များအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိခ့ေဲ ချ။ ထိုအတွင်းမှာပင် ကျွန်ုပ်တို့၏ အဆက်အသွယ်မှာ နှောင့်ယှက်မှုများကြောင့် ပျက်ပြားသွားရလေသည်။ နောက်ထပ်တဖန် အဆက်အ သွယ်ရအောင် ကြံကြပါသေး၏။ ဆက်သွယ်ရေး တာဝန်ကျသော ရဲဘော်အချို့ အဖမ်းခံကြရပြန်သဖြင့် နောက်ထပ်တဖန် အဆက်အ သွယ်ရရန် အရေးသည်လည်း ပျက်ပြားရပြန်လေသည်။ ဗမာ ရော်ဂျာကေးစ်တစ်ယောက် ပေါ်ပေါက်လာမှ ဖြစ်မည်ဟု ကျွန်ုပ်တို့အားလုံး သဘောကြိုက်ညီကြ၏။ ကျွန်ုပ်၏ ကိုယ်နှင့် အသက်ကို ပင် ဗမာရော်ဂျာကေးစ်အဖြစ်ယူရန် နိုင်ငံအတွက် စွန့်လှူလိုက်၏။ ထို့ကြောင့် ၁၉၄ဝ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ဂျာမဏီလေတပ်ကြီးက ရာဇဝင်တွင် မကြုံဘူးသော လေကြောင်းစစ်ပြွဲကီး ဆင်နွှဲကာ လန်ဒန်မြို့ကြီးကို တိုက်သောနေ့၊ ထိုနေ့တွင်ပင် ကျွန်ုပ်သည် ဗမာနိုင်ငံတော်ကို တရုပ်သင်္ဘောသားများ စီမံ ခန့်ခွဲ မောင်းနှင် သည့် နော်ဝေပိုင် သင်္ဘောပေါ်တွင် တိတ်တဆိတ် ပုန်းအောင်းထွက်ခွါ လိုက်ပါသွားရလေတော့သည်။ ယခုအခါ တပ်ပေါင်းစု ဗိုလ်တစ်ဦး ဖြစ်နေပြီဖြစ်သော ရဲဘော်တစ်ဦးလည်း ကျွန်ုပ်တို့နှင့်အတူ ကူညီဖေါ် အဖြစ်ပါခဲ့၏။ ကျွန်ုပ် ၏ ခရီးဆုံးဌါနမှာ အမွိုင်မြို့ဖြစ်၍ ထိုမြို့မှနေ၍ ကျွန်ုပ်၏ လုပ်ဆောင်စရာရှိသည့် ကိစ္စအများကို ခန့်ခွဲ စီမံရမည်ဖြစ်၏။ ကျွန်ုပ်အဖြစ်ကား သန်းခေါင်လကွယ် တောအုပ်လယ်၌ ရောက်သူပမာ ရှိနေတော့သည်။ ကျွန်ုပ်သွားရမည့် နေရာနှင့် ပတ် သက်၍ ကျွန်ုပ် ဘာတခုမျှမသိ၊ ဆွေလည်းမရှိ၊ မျိုးလည်းမရှိ၊ ကမ္ဘာ့အရှေ့ပိုင်းသားသည် အရှေ့ပိုင်း အကြောင်း အတုအယောင် မျှ လောက်သာသိ၏။ သိသမျှလည်း မရေရာလှ၊ ဆိုးရွားလေစွ။ တက္ကသိုလ်ကျောင်းတိုက်၌ တက္ကသိုလ်သမဂ္ဂ အိုးဝေမဂ္ဂဇင်း စာတိုက်အဖြစ် လုပ်ကိုင်နေစဉ် ဦးဥတ္တမ ကိုယ်တော်ကြီး၏ ဟော ပြောချက်များကို နာကြားရ၏။ ထိုအခါ အသိဌာဏ်တစ်ခုသည် ကျွန်ုပ်ဦးနှောက်တွင်း ပွင်းလင်းလာ၏။ ထို့ကြောင့် သမဂ္ဂ ကျေညာချက် တွင်၎င်း၊ အိုးဝေမဂ္ဂဇင်းတွင်၎င်း နိုင်ငံတော် ပညာတော်သင်များအား အနောက်နိုင်ငံသို့ လွှတ်ရိုးလွှတ်စဉ်အတိုင်း မလွှတ်ဘဲ အရှေ့အာရှ ဂျပန်နိုင်ငံသို့သာ လွှတ်သင့်ကြောင်း၊ အရှေ့ကို ရှေ့ရှုသင့်ကြပြီ ဖြစ်ကြောင်းများကို ရေးသားခဲ့ဘူး၏။ ဗမာနိုင်ငံလုံးအနှံ့ သပိတ်မှောက်မှု များ ပေါ်ပေါက်လာပြီးနောက် ထိုအခါ ဝန်ကြီးချုပ်အဖွဲ့က ပညာတော်သင်များကို ဂျပန်သို့လွှတ်စ ပြုခဲ့လေသည်။ ကျွန်ုပ် သခင်ဖြစ်လာသည့်အခါတွင် ကျွန်ုပ်တို့ယနေ့တိုင် လမ်းလွှဲလိုက်လျှက် ရှိကြသည်ကို ထင်မြင်လာ၏။ အာရှနိုင်ငံရေး သဘောများကို နှံ့စပ်ချောက်ချားအောင် ရှာဖွေဆည်းပူးသင့်ပါလျှက် ကျွန်ုပ်တို့၏ အဖိုးထိုက်လှသော အချိန်များကို မဆီမဆိုင်လှသော အနောက်နိုင်ငံ အရေးများကို လေ့လာရခြင်းဖြင့် ဖြုန်းခဲ့ကြမိသည့် အမှားကား ကြီးလှ၏။ ကျွန်ုပ် တက္ကသိုလ်တွင် ပညာဆည်းပူးစဉ်က နိုင်ငံသမိုင်းကို ဘာသာတရပ်အဖြစ် ယူခ့မဲိ၏။ ထိုသမိုင်း မှာလည်း အနောက်ပိုင်းသမိုင်းသာတည်း။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အမွေဖြစ်သော အလွန်ရှေးကျခဲ့သည့် ယဉ်ကျေးမှုကြီးများ ပေါက်ဖွါး တည်ထွန်းရာ တရုပ်နိုင်ငံကြီးနှင့် ခေတ်သစ်နိုင်ငံကြီးဖြစ်သော ဂျပန်စသော အေ±ှ့နိုင်ငံများ၏ အကြောင်းကိုကား ဝိုးဝါးမသေချာ မျှသာ သိခဲ့ရ၏။ မဟာ အရှေ့ အာရှအ ကြောင်း၊ အထူးသဖြင့် နပွန်သမိုင်းကို လေ့လာရန် စိတ်ပိုင်းဖြတ်မိချက်မှာ အထူးနှောင်းသွားလေသည်။ စာအုပ်ဆိုင်များရှိ စာအုပ်များ မှာလည်း အင်္ဂလိပ်၊ အမေရိကန် ဝါဒဖြန့် စာအုပ်များ သာဖြစ်၏။ ဂျပန်သည် အင်္ဂလိပ်အား တိုက်ရမည်ဟူသော စာအုပ်တစ်အုပ်သာလျှင် ကျွန်ုပ်စိတ်ကြိုက်နှင့် တိုက်ဆိုင်မိသည်။ ဌိုစာအုပ်ဖတ်ပြီးသည်က စ၍ ဗမာ့လွတ်လပ်ရေးသည် အေ±ှ့ဘက်တွင်သာ±ှိ၏။ အေ±ှ့±ှိ နိပန်ွတို့နှင့်သာ±ှိ၏ဟူသော အချက်ကို ကျွန်ုပ်များစွာ ယုံကြည် နှလုံးသွင်းမိခ့ေဲ တာ့၏။ တက္ကသိုလ်တွင်±ှိစဉ်ကလည်း (ခေတ်သစ် ဂျပန်၏ တစတစ တိုးတက်မှု)၊ (ခေတ်သစ်ဂျပန်)၊ (ဂျပန်နိုင်ငံဖြစ်) နှင့် နိုင်ငံခြားရေးရာဆိုင်ရာ အသင်းမှ ၃လတကြိမ် ထုတ်ဝေသည့် (ခေတ်ပြိုင်ဂျပန်) ခေါ် ဂျာနယ် စသော စာအုပ်များလောက်ကိုသာ ဖတ်ခဲ့ရဘူး၏။ ထို့ကြောင့်ပင် ကျွန်ုပ် အရှေ့သို့ ထွက်လာသည့်အရေးမှာ အမှောင်တိုက်တွင်း သက်ဆင်းသည်နှင့် တူလှ၏ဟု ကျွန်ုပ် ဆို၏။ လူငယ်တို့ တရှုးထိုး (တုံးတိုက်ကျားကိုက်) စိတ်၏ လှုံ့ဆော်မှု ကြောင့်သာ ထွက်ခဲ့မိခြင်းဖြစ်သတည်း။ အလုပ်အစီအစဉ်ဟူ၍ အတိအကျ ဘာမျှ±ှိသည် မဟုတ်ချေ။ ကျွန်ုပ်၏ မြော်မြင်တတ်သမျှ ဥာဏ်ဖြင့် သာကြုံရမည့် အရေးဟူ သရွေ့ကို စီမံအုပ်စီးရန် ကျွန်ုပ်၏ ရဲဘော်များက အာဏာကုန်လွှဲအပ်လိုက်ခြင်း ဖြစ်လေ သည်။ အဘယ်သို့ပင်ဖြစ်စေ ငါသည် အကယ်၍ သေသွားသည့်တိုင်အောင် မြတ်သောသေခြင်း၊ နိုင်ငံအတွက် သေခြင်းသာဖြစ်သည်ဟု ကိုယ့်ကိုကိုယ် နှစ်သိမ့်ရတော့၏။ ၁၉၄ဝ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင် အမွိုင်မြို့သို့ ရောက်ခဲ့လေသည်။ နိပွန်နိုင်ငံတွင် အမွိုင်မြို့၌ ၂ လကြာစောင့်ဆိုင်းပြီးနောက် နိပွန် ဗိုလ်မးကလေးတစ်ဦး ကျွန်ုပ်တို့အား အခေါ်လွှတ်ကာ ဗမာနိုင်ငံရှိ ကျွန်ုပ်တို့၏ ရဲဘော်များက ပို့လိုက်သော ကျွန်ုပ်တို့၏ ဓါတ်ပုံများကို ပြသလျှက် တိုင်ဝမ်ကျွန်းရှိ မစ္စတာ မီနာမီ ဆိုသူနှင့် တွေ့ကြုံလိုစိတ် ရှိမရှိ မေး လေသည်။ တွေ့ရမည်ဆိုက အထူးဝမ်းမြောက်သည့် အကြောင်းပြောပြ သည်ကို အကြောင်းပြု၍ ကျွန်ုပ်တို့ တိုကျိုမြို့တော်သို့ ၁၉၄ဝ ခု၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရောက်သွားလေ တော့သည်။ ဟနေဒါ လေယဉ်ပျံကွင်းတွင် ဗိုလ်မးကြီး (ဝါ) မစ္စတာမီနာမီသည် ကျွန်ုပ်တို့အား သူ့လက်ထောက်တဦးနှင့် အတူလာရောက် ကြိုဆိုလျှက် ရှိလေသည်။ ကာနယ် စူဇူကီးနှင့်အတူ ကျွန်ုပ်တို့သည် တိုကျိုမြို့တော်၌ ၃လကြာမျှ အလုပ်အစီအစဉ်များကို လုပ်ကိုင်စီစဉ် ကြပြီးနောက် ဂျပန်သင်္ဘောတစင်းဖြင့် ဗမာနိုင်ငံသို့ ပြန်ခ့၍ဲ ကျွန်ုပ်တို့၏ လုပ်စရာ လုပ်ငန်းများကို သိရှိစေခဲ့ရ၏။ ရန်ကုန်မြို့သို့ ၁၉၄၁ခု၊ မတ်လ ၃ ရက်တွင် ရောက်၍ မတ်လ ၉ ရက်နေ့ထိနေ၏။ စစ်ပညာသင်ကြားရန် အတွက် ပထမ နိုင်ငံ ချစ်လုလင်တစုကို ကျွန်ုပ်နှင့် တပါတည်းခေါ်ဆောင်ခဲ့ကာ တိုကျိုမြို့သို့ သင်္ဘောဖြင့် ပြန်လာခဲ့၏။ မတ်လ၂၇ ရက်တွင် တိုကျိုမြို့သို့ ရောက်ခဲ့သည်။ ၁ဝ ရက်ခန့်မျှ တိုကျိုတွင် နေပြီးနောက် စစ်အတတ်သင်ကြားရန် ဟိုင်နန်ကျွန်းသို့ ကျွန်ုပ်တို့တစ်စု ထက်ွခြဲ့ကလေသည်။ ဇူလိုင်လလောက်တွင် ဗမာနိုင်ငံတွင်းသို့ လက်နက်များ ပို့ဆောင်ရေးကို မစ္စတာစူဇူကီးနှင့်အတူ ဆောင်ရွက်ရန် ကျွန်ုပ် ဟိုင်နန်မှ ယိုးဒ ယားသို့ ထွက်ခဲ့လေသည်။ သို့သော် အင်ဒိုချိုင်းနားကို အတူပူးပေါင်း ကာကွယ်ရေး စာချုပ်တခု နိပွန်နှင့် ပြင်သစ်တို့ ချုပ်ဆိုပြီးသည့် အခါတွင်ကား နိုင်ငံချင်း ဆက်သွယ်ရေးသည် အတော်ပင် ပျက်ပြား ဆိုးရွားလာလေရကား ကျွန်ုပ်မှာ နောက်ပိတ်ဆုံး အစီအစဉ်များကို အပြီးသတ် စီစဉ်ဆွေးနွေးပြုလုပ်ရန် ဟိုင်နန်သို့ပြန်ခဲ့ရ၏။ ထိုမှတဖန် တိုကျိုမြို့သို့သွားရပြန်လေသည်။ အောက်တိုဘာလ အတွင်း၌ တဖန် ဘန်ကောက်သို့ ထွက်ခဲ့ရပြန်၏။ သို့သော် အရှေ့အာရှ စစ်မကျေငြာမီ ၂ ရက်လောက်တွင် ဆိုင်ဂွန်းမြို့သို့ ပြန်ပြေးခဲ့ရ၏။ စစ်ကျေ ငြာပြီးနောက် ယိုးဒယားနေ ဗမာများနှင့်ပင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ဖ့စွဲ ည်းရန်အတွက် ဘန်ကောက်သို့ပြန်သွားရ၏။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် စစ်ကြောင်းသုံးကြောင်း ဖြန့်ကာ ဗမာနိုင်ငံအတွင်းသို့ ဝင်ခဲ့၏။ (တနင်္သာရီမှ ဝင်သည်)။ မြောက်ဖက်၌ မဲဆောက်မြို့မ၎င်း၊ တပ်မကြီးသည် မြစ်သာမ၎င်း၊ ဝိတိုရိယအငူမှ၎င်း ဝင်ရောက်ခဲ့ကြ၏။ ဗမာ့လွတ်လပ်ရေး တပ်မတော် သည် ရန်သူ့သံချပ်ကာ ကားများနှင့်ပင် ပဲခူးအနီး၌ တိုက်ကြရ၏။ မြိတ်မြို့ကို သိမ်းခဲ့၏။ ထားဝယ်သိမ်းရန်ကို နိပွန်တို့အား တွဲဖက်ကူညီ ပေးခဲ့၏။ ဟင်္သာတတွင်၎င်း၊ ဖျာပုံတွင်၎င်း တိုက်ပဲမျွားကို နွှဲလိုက်သေး၏။ မြစ်ဝကျွန်းပေါ် တစ်ခုလုံးကို သိမ်းရာတွင် ပုသိမ်၊ မြောင်းမြတို့ ကို သိမ်းနိုင်ခဲ၏။ ဒေးဒရဲ၌ လေယဉ်ပျံနှစ်စင်းကို ပစ်ချခဲ့၏။ ရွှေတောင်တိုက်ပဲတွ င်ွကား ပြင်းထန်ရွတ်ချွံစွာ တိုက်ခိုက်ကြ၏။ ရွှေကျင်မှာလည်း တိုက်ခဲ့သည်။ အထက်နိုင်ငံ သိမ်းယူတိုက်ခိုက်ရေးတွင် ရန်သူများအား စစ်ပရိယယ်ဆင်၍ ဝိုင်းမိအောင် နိပွန်တပ်မတော်ကြီးအား ကူညီရာ၌ ဧရာဝတီအနောက်ကြောင်း ချီတက်ကူညီပေးခဲ့၏။ နိပွန်တို့နှင့်အတူ တိုက်ကာ ရခိုင်ကို သိမ်းကြ၏။ နိုင်ငံတွင်း ငြိမ်ဝိပိပြားမှုကို တဖက်တလမ်း ကူညီဆောင်ရွက်လိုက်ရပြန်၏။ ဗမာ့ကာကွယ်ရေးတပ်မတော် အမြဲတမ်း စစ်တပ်ကြီး တစ်ခု၏ အခြေမျိုးရောက်အောင် ၁၉၄၂ ခု၊ ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ ကာ ကွယ်ရေး တပ်မတော် ဟူ၍ ပြောင်းလဲဖဲ့စွ ည်းလိုက်လေသည်။ ကျွန်ုပ်မှာ ထို တပ်မတော်၏ ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့ရ၏။ ဗမာ့ကာကွယ် ရေး တပ်မတော်သည် ယခုအခါ စစ်မျက်နှာ၌ နိပွန်တို့နှင့် အတူ တွဲဖက် တိုက်ခိုက်နေပေပြီ။ ငါတို့၏လုပ်ငန်း ဗမာနိုင်ငံ၏ ကြမ္မာနှင့်ပတ်သက်၍ ကျွန်ုပ်သည် ဘယ်အခါကမျှ စိတ်သက်သာမှု မရရှိခ့ေဲ ပ။ အိပ်မက်များတွင်မှာပင် ကျွန်ုပ် သည် ကျွန်ုပ်၏ မလွတ်လပ်သော နိုင်ငံအတွက် ယောင်ယမ်းငိုခဲ့၏။ ဒေါသထွက်ခဲ့မိ၏။ ယခုအခါ ဗမာနိုင်ငံတော်သည် လွတ်လပ်ပြီ ဖြစ်သဖြင့် အထူးနှစ်သိမ့် ကျေနပ်ရတော့၏။ သို့သော် ဗမာနိုင်ငံတော်သည် အန္တရယ် ထူပြောလှသော ကန္တာရကြီးကို လုံးဝကျော်လွန်ပြီ မဟုတ်သေး။ စစ်ကြီးကား တိုက် လျှက်ရှိသေး၏။ အရေးတော်ပုံကြီး၏ သည်းထန်သော ဝေဒနာကြီးကို ကျွန်ုပ်တို့ နိုင်ငံသည် ခံရဆဲဖြစ်၏။ အရေးတော်ပုံ အောင်ပြီ ဟူ သော ကြွေးကြော်သံကို ကျွန်ုပ်တို့ အော်ကြရန် မသင့်သေး။ ဗမာတိုင်း ဗမာတိုင်းအတွက် ကြီးလေးလှသော တာဝန်များသည် ရှေ့တွင် အများအပြားပင် ရှိကြကုန်၏။ ထိုတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်မှ အရေးတော်ပုံ လုံးဝအောင်မြင်မည်ဖြစ်၏။ ဤသို့အချက်အခြာ သေရေး±ှင်ရေး အခါကြီးမျိုးတွင် အစိုးရ၏ ဥာဏ်စွမ်းဥာဏ်စ တစ်ခုတည်း အပေါ်မှာသာ အားကိုးမည့်အ စား မိမိတို့၏ ဥာဏ်စွမ်းဥာဏ်စ၊ မိမိတို့ဖာသာ စည်းရုံးမှု၊ အချင်းချင်း ယိုင်းပင်းကူညီမှုများ အပေါ်တွင် အားထားဆောင်ရွက်ကြရန် ဗမာ တိုင်း၊ ဗမာတိုင်းနားလည်သင့်၏။ နိုင်ငံသူ ပူးပေါင်းဆောင်ရွက်မှုမရှိသော အစိုးရသည် အချည်းအနှီးသာဖြစ်၏။ အထူးသဖြင့် လမ်းပန်း အဆက်သွယ် ပျက်ပြား၍ အရာရာရှားပါးလှ သော ခေတ်ဆိုးအခါမျိုးတွင် နိုင်ငံသူ ကူညီယိုင်းပင်းမှု မရှိပါက အစိုးရမှာ ဘာကိုမျှ တတ် နိုင်မည် မဟုတ်။ လက်တေ့ထွ င်ရှားသော သာဓက တခုကိုပြအံ့။ နိုင်ငံနှင့်အနှံ့ ပြန့်ကာရှိသော ဓါးပြမှုများကို ကြည့်ပါကုန်။ မြို့ရွာများကို ဓါးပြ ဘေးရန်မှ ကာကွယ်ရန်အတွက် ရဲအဖ့၏ွဲ အကာအကွယ်ချည်း အားကိုးနေမည်ထက် မိမိတို့ အချင်းချင်း စည်းလုံးကာကွယ်မှုကို ပိုအား ထားရမည် မဟုတ်ပါလော။ အသေးအဖွဲကစ အစိုးရလိုက်၍ စွက်နိုင်မည် မဟုတ်ချေ။ မြို့တိုင်းရွာတိုင်းတွင် မြို့သား၊ ရွာသားများသည် မြို့ရွာ ကာကွယ်ရေးအဖွဲ့များ ဖ့စွဲ ည်း ကာကွယ်နိုင် ရမည်။ မိမိရွာနှင့်ဆိုင်ရာ နယ်တွင်းမှ၊ မိမိမြို့နှင့် ဆိုင်ရာနယ်တွင်းမှ လူဆိုးကို မိမိတို့ ဘာသာ ထိန်းသိမ်းစောင့်ရှောက် နိုင်ပါစေ။ ကာကွယ်ရေး၊ စည်းကမ်းသေဝပ်ရေး၊ စောင့်ရှောက်ကူညီရေး၊ မိမိတို့ကိုယ်ကိုကိုယ် အားထား ယုံကြည်ရေး၊ လတ်တလော အရေးကြီးသည့် လေကြောင်းရန် ကာကွယ်ရေး၊ မီးသတ်ရေးများကို မြို့တိုင်းရွာတိုင်း ကိုယ့်လူ ကိုယ်ညွန် ကြား သင်ပြနိုင်ကြပါစေ။ ဖေါ်ပြခဲ့သည်တို့မှာ စောင့်ရှောက်ရန်ရှိသမျှ ကိစ္စများမှ တခုတည်းမျှကိုသာ အကြမ်းအားဖြင့် ဖေါ်ပြခြင်း ဖြစ်၏။ အကြမ်းသက် သက် မျှသာ ဖြစ်သည်ကို သတိပြုလော့။ တို့ဗမာတိုင်း ကိုယ့်ရွာအတွက် တာဝန်ကို၎င်း၊ ကိုယ့်နိုင်ငံနှင့် ဆိုင်ရာ တာဝန်ကို၎င်း ကိုယ့်ဖာ သာ တွေးဆ ထားပါလေ။ အရေးကြုံလျှင် ကိုယ့်တာဝန်ကိုယ် ကျေပွန်ရန် အဆင်သင့်ရှိပါစေ။ ဤသို့ စည်းလုံးမှု၊ ကူညီယိုင်းပင်း ဆောင်ရွက်မှုရှိသော လူမျိုးသည် ဓါးပြဘေးရန်လောက်ကိုသာမဟုတ်၊ ကိုယ့်နိုင်ငံကို ဝင် ရောက် တိုက်ခိုက်မည့် ရန်သူများကိုသော်မှ ခုခံနိုင်စွမ်းမည်ဖြစ်ကြောင်းကို (နယ်တစ်နယ်ကို တိုက်ခိုက်သိမ်းယူရန် လွယ်သော်လည်း၊ လူမျိုး တစ်မျိုးကို သိမ်းသွင်းရန်မှာ မလွယ်) ဟူသော သေနင်္ဂပရိယာယ်ကျမ်းတွင် အတိအလင်းလာရှိသည့် ဆိုရိုးစကားတစ်ခုက ထင် ရှားစေလေပြီ။ ။
(ဗိုလ်ချုပ်အောင်ဆန်း) |
No comments:
Post a Comment