Thursday, 2 June 2011

[စာပေစကားဝိုင်း] New doc: ငါသည် နာနာဘာဝ

created the doc: "ငါသည် နာနာဘာဝ"
Moe Thu created the doc: "ငါသည် နာနာဘာဝ"

နာနာဘာဝ, ၀ိနာဘာဝ ဆိုတာဟာ တစ္ဆေ သရဲတွေလား

 

          ဒကာ။           ။ လောကလူတွေရဲ့ ဆိုရိုးစကားမှာ နာနာဘာဝ တစ္ဆေသရဲတွေလာကုန်ပြီ၊ ၀ိနာဘာဝ ဘီလူးသရဲတွေ ဖြစ်ကုန်ပြီဟု ပြောဆိုနေကြပါသည်၊ တချို့ကလည်း နာနာဘာဝ, ၀ိနာဘာဝ ဆိုတာ တစ္ဆေသရဲကို ခေါ်ဆိုတာမဟုတ်ပါဘူးလို့ ပြောကြပါတယ်၊ အဲဒီ အဘိဓာန် နှစ်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို ရှင်းပြပါဦး ဆရာတော်၊ စာပေကျမ်းဂန်က ဘယ်လိုဆိုပါသလဲ ဘုရား။

          ဆရာ။           ။ အဲဒီ အနက်အဓိပ္ပာယ်သိချင်ရင်၊ ဆရာတော်ရေးပြုတဲ့ သုတေသနသရုပ်ပြ အဘိဓာန်ကျမ်းကြီး၏ စာမျက်နှာ ၄၀၇ "ဘာဝ ၃ ပါး" ဆိုတဲ့ အဘိဓာန်ပုဒ်မှာကြည့်ပါ၊ အနက်အဓိပ္ပာယ် အပြည့်အစုံ ကျမ်းဂန် အကိုးအကားနဲ့ ပြဆိုထားတာပဲ။

          ဒကာ။           ။ ဆရာတော့်အဘိဓာန်ကျမ်းစာအုပ်က ရှာလို့မရ ၀ယ်လို့မရ သူများဆီ ငှားပြန်တော့လည်း သူတို့ဆီမှာပဲ ကြည့်ခွင့်ပေးတယ်၊ ငှားယူခွင့် မရဘူး ဆရာတော်၊ ပုံနှိပ်ထုတ်ဝေတာက စာအုပ်ရေ နည်းလွန်းတယ် ဘုရား။

          ဆရာ။           ။ အင်း...နည်းတယ်လို့တော့ မဆိုနိုင်ပါဘူးလေ၊ ပထမတကြိမ် နိုင်ငံတော် အစိုးရ ကျောက်စာဝန်နဲ့ ယဉ်ကျေးမှုဌာန အတွင်းဝန် ဦးဖိုးလတ်ကိုယ်တိုင် ကြပ်မတ်ပုံနှိပ်ထုတ်ဝေတာက စာအုပ်ရေ ၁၀၀၀၀၊ နောက် ဆရာတော်၏ အသက် ၇၀ မြောက်နှစ်က စာအုပ်ရေ ၂၅၀၀၊ ပေါင်း ၁၂၅၀၀ တောင်ထုတ်ဝေတာပဲဟာ။

                   သည်လို ကျမ်းစာမျိုးက သားစဉ်မြေးဆက်အတွက် အိမ်မှာအမြဲဆောင်ထားကြတာမို့ တန်ဖိုးထားတဲ့ကျမ်းစာမျိုးထဲ ပါဝင်နေတော့ မငှားချင်ကြတာ အမှန်ပဲပေါ့၊ ဒကာကြီးတို့က အချောင်ငှားကြည့်သမားတွေကို။

                   စာရေးဆရာ မဟာဆွေကြီး ပြောကြားသွားတဲ့ စကားတပုဒ်ကို ကြားယောင်မိနေသေးတယ်၊ မဟာဆွေကြီးက....

                             "စာအုပ်စာပေကို တန်ဖိုးမထား အလကားလိုချင်သောသူသည် တန်ဖိုးမရှိ အလကားလူတန်းစားသာ ဖြစ်၏" တဲ့။

          ဒကာ။           ။ တပည့်တော်တို့ကတော့ စာပေအပေါ်မှာလည်း တန်ဖိုးလည်းထားပါတယ်၊ စာအုပ်လည်းစုဆောင်းထားပါတယ်၊ ဆရာတော်ရေးပြုတဲ့ သုတေသန သရုပ်ပြအဘိဓာန်ကြီးက ထုတ်ဝေပြီး သုံးလလောက်နဲ့ ကုန်သွားပြီဆိုတော့ မရလိုက်တာပါ ဆရာတော်။

          ဆရာ။           ။ အင်း...ဒါဖြင့်မှတ်သားပေတော့၊ နာနာဘာဝဆိုတာက ချစ်ခင်မြတ်နိုးကြည်ညိုလေးစား အားထားရသောသူအားလုံးတို့နဲ့ မြို့,ရွာ,မြေ,ရေခြား,ရှင်ကွဲ ကွဲကွာနေရခြင်းမျိုးကို ဆိုတယ်။ ၀ိနာဘာဝ ဆိုတာက သေကွဲ ကွဲကွာသွားရခြင်းမျိုးကို ဆိုတယ်၊ တစ္ဆေသရဲကို ခေါ်ဆိုတာ မဟုတ်ဘူး၊ ရှင်ကွဲက နာနာဘာဝ၊ သေကွဲက ၀ိနာဘာဝတဲ့၊ အဲဒါ မုချ တွေ့ကြရမှာဖြစ်တယ်။

                   စာပေကျမ်းဂန်မှာ လာတာတော့....

                             မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူမည့် အကြောင်းကိုသိသော ညီတော် အာနန္ဒာက ဆင်းရဲပင်ပန်းစွာ ငိုကြွေးသောအခါ၊ "ချစ်သားအာနန္ဒာ ချစ်ခင်နှစ်သက်မြတ်နိုးသော သူတို့နဲ့ ရှင်ကွဲ ကွဲကွာကြရမည့် နာနာဘာဝ, သေကွဲ ကွဲကွာရမည့် ၀ိနာဘာဝ တရားတို့ကို ရှေးမဆွကပင် ကြိုတင်၍ ငါဘုရား ဟောကြားအပ်ခဲ့ပြီ မဟုတ် လော" တဲ့၊ ကဲ...အဲဒါဟာ ကျမ်းဂန်မှာလာတဲ့ အနက်အဓိပ္ပာယ်ပဲ။

          ဒကာ။           ။ အားရကျေနပ်နှစ်သက်စွာနဲ့ နောက်ခါ တွေ့ကြုံရမည့် နာနာဘာဝ, ၀ိနာဘာဝအရေး စိတ်အေးစရာ သုံးစွဲတတ်ဖို့ မဟာသုခ ဆေးတော်ကြီးနှစ်ခွက်ပါပဲ ဆရာတော်။

Posted by Thama Meggin at 6:58 AM

 

ကိုယ့်ကိုယ်ကို နာနာဘ၀ ဖြစ်လို့ ဖြစ်နေမှန်းတောင် မသိတာပဲ..။ :)

ပြောထား နှင့်ကြတော့နော်.....။ မိုးသူ အစာအိမ် တော်တော် ပြင်းပြင်း ပြန်ဖြစ်နေလို့....။ အလျဉ်းသင့်ရင် ၀င်လာမယ်...။


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment