အနည်ကျခြင်း
ပျက်ကျ လွင့်ခွာ ဝေးနေရမှန်း တရိရိနဲ့ သိတယ် နာလိုခံခက် တဲ့အကြည့် တွေက ချပ်ချပ်ရပ်ရပ် မရှိတဲ့ရင်ကို ချုန်းချုန်းထစ်ထစ် ၀ိုင်းပစ်ကြတော့ မျှော်လင့်ချက်က ရေနည်းငါးလိုဖြစ်လာတယ်
အလိုက်အထိုက်ဆိုတာ မေ့တတ်လွန်းလို့  အလဲလဲအကွဲကွဲ စုတ်ဖြဲခံရတဲ့ ငါ့ခံစားချက် အပွင့်အခက်တွေ ကျေဖို့ အေးဖို့  ပို့ သခွင့်တောင်မရတဲ့အခါ ခနဲ့ တဲ့တဲ့စကားတွေ မဲ့တဲ့တဲ့ နှုတ်ခမ်းပါးတွေပဲရှိခဲ့တဲ့ အတိတ်ကို ရမိရင်တောင် တ ကြည့်ချင်တယ်
ချစ်ရပါသော....."ဖြူ" အမုန်းတွေနဲ့ နင်ချည်ထုံးပြိး သံသယနဲ့ အကြိမ်ကြိမ်ခြားနားနေတော့ ကျဆုံးပေးရမှန်း အရှင်းကြီးသိရက်နဲ့  အိမ်မက်တွေ လွန်ခဲ့တာ ခုတော့ ပတ်စာစွာ ဖျာလိပ်ဖို့ အားမရှိတော့ဘူး
တက်နေ
ကျွန်တော့် သူငယ်ချင်းရဲ့ ကဗျာတစ်ပုဒ်ပါ။ |
No comments:
Post a Comment