Wednesday, 11 May 2011

[စာပေစကားဝိုင်း] စာရေးဆရာ နတ်နွယ် ကွယ်လွန် ဧရာဝတီ Wednesday, 11...

စာရေးဆရာ နတ်နွယ် ကွယ်လွန် ဧရာဝတီ Wednesday, 11 May 2011 14:14 သတင်းတိုများ  စာရေးဆရာ နတ်နွယ် (၇၈)နှစ် သည် ယနေ့ နံနက် ၁၁ နာရီ ခန့်က အမှတ် ၄၈ ရပ်ကွက် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ နေ အိမ်တွင် ကွယ်လွန် သွားကြောင်း သိရသည်။ အမည်အရင်း ဦးလှမြင့် ခေါ် ဆရာနတ်နွယ်သည် မြစ်ကြီးနား ဇာတိဖြစ်ပြီး ၁၉၅၀ ခုနှစ်ခန့်မှ စတင်၍ စာပေလောကသို့ ၀င်ရောက်ခဲ့ပြီး ပင်ကိုရေးနှင့် ဘာသာပြန်စာပေများကို ရေးသားခဲ့သည်။ ဆရာ ရေးးသားခဲ့ သည့် ထင်ရှားသော စာအုပ်များမှာ မြန်မာပြည် မြောက်ပိုင်း၊ တံခွန်တိုင်မောင်နှမ၊ အပြာအ၀ါ၊ တစ်ကွေ့တော့ တွေ့ကြဦးမည်၊ ကာရာမာဇော့ ညီအစ်ကိုများ၊ မိုဗီဒစ်၊ ဂျက်လန်ဒန် စသည့် ၀တ္တုများ ရေးသားခဲ့ပြီး၊ စာရေးဆရာမင်းကျော်နှင့်လည်း တွဲဖက်၍ မလိခ အမည်ဖြင့် မြန်မာဝတ္တု အညွန်းကို ရေးသား ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် နွယ်နီ မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။
Htet Aung 11 May 17:28
စာရေးဆရာ နတ်နွယ် ကွယ်လွန်
ဧရာဝတီ Wednesday, 11 May 2011 14:14 သတင်းတိုများ

စာရေးဆရာ နတ်နွယ် (၇၈)နှစ် သည် ယနေ့ နံနက် ၁၁ နာရီ ခန့်က အမှတ် ၄၈ ရပ်ကွက် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ နေ အိမ်တွင် ကွယ်လွန် သွားကြောင်း သိရသည်။ အမည်အရင်း ဦးလှမြင့် ခေါ် ဆရာနတ်နွယ်သည် မြစ်ကြီးနား ဇာတိဖြစ်ပြီး ၁၉၅၀ ခုနှစ်ခန့်မှ စတင်၍ စာပေလောကသို့ ၀င်ရောက်ခဲ့ပြီး ပင်ကိုရေးနှင့် ဘာသာပြန်စာပေများကို ရေးသားခဲ့သည်။ ဆရာ ရေးးသားခဲ့ သည့် ထင်ရှားသော စာအုပ်များမှာ မြန်မာပြည် မြောက်ပိုင်း၊ တံခွန်တိုင်မောင်နှမ၊ အပြာအ၀ါ၊ တစ်ကွေ့တော့ တွေ့ကြဦးမည်၊ ကာရာမာဇော့ ညီအစ်ကိုများ၊ မိုဗီဒစ်၊ ဂျက်လန်ဒန် စသည့် ၀တ္တုများ ရေးသားခဲ့ပြီး၊ စာရေးဆရာမင်းကျော်နှင့်လည်း တွဲဖက်၍ မလိခ အမည်ဖြင့် မြန်မာဝတ္တု အညွန်းကို ရေးသား ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် နွယ်နီ မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment