Monday, 9 May 2011

[စာပေစကားဝိုင်း] ၁၉၉၅ ခုနှစ် နှစ်ဆန်းမှာ လှိုင်နယ်မြေ RC 2 က...

၁၉၉၅ ခုနှစ် နှစ်ဆန်းမှာ လှိုင်နယ်မြေ RC 2 က ဓါတုဗေဒ အဓိက တက်နေတဲ့ ကျောင်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။ ကွယ်လွန် သွားတဲ့ ကျောင်းသူက ပဲခူးတိုင်း ပြည်မြို့ဇာတိ ဖြစ်ပါတယ်။ သူ သေဆုံးတဲ့အချိန်က ဒုတိယနှစ် စာမေးပွဲပြီးလို့ ကျောင်းပိတ် ထားတဲ့ ကာလမှာပါ။ သတင်းကို စကြားရတဲ့ အချိန်က ညနေခင်း တစ်ခုမှာပါ။ ကွယ်လွန်သွားသူနဲ့ ကျနော့်သူငယ်ချင်းတစ်ဦးဟာ RC 2 ကျောင်းမှာ တစ်ဦးနဲ့ တစ်ဦး တွေ့ပြီး သမီးရည်စား ဖြစ်ကြပါတယ်။ ကျနော့်သူငယ်ချင်းကြောင့် အဲဒီကျောင်းသူနဲ့ ကျနော်ဟာ ရင်းနှီး တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။  ရုတ်တရက် နေမကောင်းဖြစ်ပြီး ကွယ်လွန်တဲ့ သတင်းကို ကြားကြား ချင်း သူတို့မေဂျာက သူ့သူငယ်ချင်းတွေရော၊ သူ့ရည်စားဖြစ်တဲ့ သူရော ယုံကို မယုံကြပါဘူး။ ဒီသတင်း မဟုတ်ပါစေနဲ့လို့ ဆုတောင်း ကြပါတယ်။ ရန်ကုန်ကနေ မနက်အစောကြီး ပြည်ကို ကျောင်းသား တွေ အုပ်စုလိုက် သွားကြပါတယ်။ ဟိုရောက်တော့ ကြေးစည်ထုသံ ငိုသံတွေနဲ့ သတင်းက အမှား မဟုတ်တော့ပါ။  သေဆုံးသွားတဲ့ အဲဒီကျောင်းသူလေးမှာ ထူးထူးခြားခြား နာတာရှည် ရောဂါတို့ ဘာတို့ လုံးဝ မရှိပါဘူး။ သာမန် ဖျားနာတာပါ။ သူ့အဖေ ကျန်းမာရေး ဆေးမှူးက ဆရာဝန်ဆီ သွားမပြခိုင်းပဲ သူ့ဘာသာ သူ ကြိတ်ကုရင်းကနေ ရောဂါက မသက်သာပဲ အချိန်လွန်မှ ဆေးရုံရောက် တော့ ဆရာဝန်တွေလည်း မကယ်နိုင်တော့ပါဘူး။  သူ့နာရေးဆီ အပြေးအလွှာ ရောက်လာတဲ့ ရန်ကုန်နဲ့ နယ်တချို့က သူငယ်ချင်းတွေ၊ RC 2 က ကျောင်းသား ကျောင်းသူတွေ ငိုလိုက်ကြ တာ ဆူညံနေတာပဲ။ သူတို့ သမီးရည်စားနဲ့ ကျနော်က ကျောင်းမှာ နေ့တိုင်းလိုလို ကင်းန်တီးန် အတူတူ ထိုင်နေကြပါ။ ကိုယ်နဲ့ ရင်နှီးတဲ့ လူတစ်ယောက် ရုတ်တရက် ဒီလိုဖြစ်သွားတော့ စိတ်တော့ မကောင်း ပါဘူးပေါ့။ ကျနော်ကလွဲပြီး သူငယ်ချင်းတွေ အကုန်လုံး ငိုတာကြည့်ပြီး စိတ်ထဲမှာ သူ့အဖေ ကျန်းမာရေးဆေးမှူးကို တုတ်နဲ့ ရိုက်ချင်စိတ် က မနည်းကို မျိုချနေရတယ်။ သိသလိုလို တတ်သလိုလိုလုပ်လို့ ကိုယ့် သားသမီး မဆုံးရှုံးသင့်ပဲနဲ့ ဆုံးရှုံးတာပေါ့။  အသုဘပို့ပြီး သူတို့အိမ် ပြန်ရောက်တော့ အသုဘပို့တုန်းက တက်မလိုလို ချက်မလိုလို ဖြစ်ကြတဲ့ သူ့ညီအကို မောင်နှမတွေ၊ အမျိုးတွေက ဘာလုပ်ကြ သလဲဆိုတော့ အိမ်ပေါက်ဝကနေ ဖလားထဲက ရေနဲ့ ခြံထဲ ၀င်လာတဲ့ သူတိုင်း ကို စတိသဘော ပက်ဖြန်းပါတယ်။ အဲဒါ ဘာလုပ်တာလဲ မေးကြည့်တော့ အရပ်ထဲက ပြောတယ်တဲ့ … ဆုံးသွားတဲ့ သူ့တို့ညီမ၊ ကျနော်တို့ သူငယ်ချင်း မကျွတ်ဘူးတဲ့ … ဆုံးတဲ့နေကစပြီး ညနေတိုင်း လမ်းထိပ်က အုတ်ခုံ ပေါ်မှာ တစ်ယောက်တည်း ထိုင်နေတာကို တွေ့ရတယ်တဲ့ …။ အဲဒါနဲ့ သရဲခြောက်မှာကို ကြောက်လို့ ပရိတ်ရေကို ဖလားထဲ ထည့်ပြီး အိမ်ထဲမှာ လိုက်ဖြန်းတာတဲ့ …။ ကျနော်နဲ့ ကျန်တဲ့သူငယ်ချင်းတွေက ၀ိုင်းပြောကြတာပေါ့၊ ရက်မလည်ခင် … (၇)ရက် မပြည့်ခင်တော့ သေဆုံး သူရဲ့ ၀ိညာဉ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အိမ်ထဲကို ၀င်ခွင့်ထွက်ခွင့် ပေးသင့် ပါတယ်ပေါ့။ အခုလိုမျိုး ပရိတ်ရေလိုလို အရာတွေနဲ့ ဟန့်တားတာ မကောင်းဘူးပေါ့။  ညနေကြတော့ အဲဒီလမ်းထိပ်က အုတ်ခုံလေးဖက် သွားကြည့်ပါတယ်။ လူတွေများ သရဲတစ္ဆေ ဘယ်လောက်တောင် ကြောက်သလဲဆိုရင် အဲဒီ နားမှာ ဖွင့်ထားတဲ့ ဈေးဆိုင်တောင် ကြောက်လို့ ဆိုင်ပိတ်ထားတယ် တဲ့။ ကျနော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်က အဲဒီခေတ်က မန္တလေး Rum အရက် ပုလင်းပြားလေးတွေ တစ်ယောက် တစ်ပြားစီ၊ (၃)ပြား ၀ယ်ပြီး အဲဒီ အုတ်ခုံပေါ်မှာ ည (၇)နာရီလောက်ကစပြီး ပွဲတည်ကြတော့တာပဲ။ ဟို နှစ်ယောက်က သောက်လိုက် ငိုလိုက်ပေါ့။ ပထမတော့ ဘာမှ မဖြစ်ဘူး၊ ဘာမှ မတွေ့ဘူး။ အရက်ထိုင်သောက်နေတဲ့ ကျနော်တို့သူငယ်ချင်း (၃)ယောက်က သောက်နေရင်းနဲ့ ဟိုပြော ဒီပြော စကားတွေ ပြော လိုက်ကြတာ … လူတစ်ယောက် သေသွားရင် နောက်ထပ် ဘ၀တစ်ခု ကို ဘယ်လိုပုံစံနဲ့ ကူးသွားသလဲ … ဆိုတာကို ဖတ်ထားသမျှ ကြားဖူး သမျှတွေ မူးမူးနဲ့ ပြောနေကြတာ။ ည (၉)နာရီ ကျော်ကျော်လောက် ရောက်တော့ သောက်ထားတဲ့ အရှိန်ကြောင့်လား မပြောတတ်ဘူး နည်းနည်းတော့ ထွေလာတယ်။ စိတ်ထဲမှာလည်း တစုံတယောက်က ကိုယ့်ကို စိုက်ကြည့်နေသလို ကိုယ့်နားရောက်နေသလို ဖြစ်နေတယ်။ အဲဒါနဲ့ ကျနော်တို့ သူငယ်ချင်း သုံးယောက်က ဘာပြောကြသလဲဆို တော့ … ဆုံးသွားတဲ့ ငါတို့ သူငယ်ချင်း အခုလို လူသွားလမ်း နံဘေး က အုတ်ခုံပေါ်မှာ တစ်ယောက်တည်း နေရတာ သနားပါတယ် ပေါ့။ သူ … ငါတို့ပြောတာ ကြားနိုင်ရင် သူ့အိမ်ဆီ ခေါ်သွားမယ် ဆိုပြီး လုပ်ကြပါတော့တယ်။ ကျနော်တို့ သုံးယောက်က သောက်သာ သောက် ထားတယ်၊ သောက်ထားတဲ့အရှိန်က အရမ်းတော့ မမူးသေးဘူး၊ first mind လုံးဝ မပျောက်သေးပါ။ … လာ သူငယ်ချင်း၊ နင့်အိမ်ကို ငါတို့နဲ့အတူ လိုက်ခဲ့၊ သူငယ်ချင်းတွေ အားလုံးရောက်နေတယ်၊ ၀မ်းနည်း မနေနဲ့၊ လူတိုင်း တစ်နေ့ သေရမှာ၊ နင့်ကို နင့်အိမ်ထဲ လာဖို့ ငါတို့ ခွင့်ပြုတယ် … ဘာညာဆိုပြီး အဲဒီအုတ်ခုံနံဘေးမှာ ခေါ်ကြပါတော့တယ်။  အဲလိုလည်း ခေါ်လိုက်ရော ပထမဆုံး ဘာစဖြစ်သလဲ ဆိုတော့ လက်နဲ့ ခန္ဓာကိုယ်မှာ ကြက်သီး ဖုလေးတွေ သူ့အလိုလို ဖြစ်လာ တယ်။ သုံးယောက်စလုံး ပြိုင်တူဖြစ်တာ၊ ပြီးတော့ အပုတ်နံ့လိုလို အနံ့တစ်ခုက တဖြေးဖြေးချင်း ရှုရှိုက်ရသလို ပိုပိုပြီး နံ့လာတယ်။ သို့ပေမယ့် သေသွားတဲ့လူက သူငယ်ချင်းဆိုတဲ့ အသိကြောင့်လား မပြောတတ်ဘူး၊ တစ်ယောက်မှ ကြောက်စိတ် မပေါ်ကြဘူး။ ဒီလိုနဲ့ သူတို့အိမ်ကို ပြန်လာကြပါတယ်။ ကျနော်တို့ သုံးယောက်က အိမ် ပြန်ရောက်တော့ ကျနော်တို့ ခေါ်လာတယ်ဆိုတာကို ဘယ်သူ့ကိုမှ အသိမပေးပဲ အသုဘ ဖဲဝိုင်းနံဘေးမှာ ငြိမ်ငြိမ်းလေးပဲ ဖဲရိုက်တာကို ထိုင်ကြည့်နေတာ။ နာရေးမှာ ၀ိုင်းကူညီလုပ်ပေးနေတဲ့ အမျိုးသမီး တွေ တစ်ယောက်ကို ၀င်ပူးပြီး ငိုလိုက်တာ၊ ၀င်ပူး ခံရတဲ့သူက ကျနော် တို့ အားလုံးရဲ့ နာမည်အရင်းတွေ နာမည်ပြောင်တွေ သေသေချာချာ မသိနိုင်ဘူး၊ အသံကလည်း ချွတ်စွပ်ပဲ။ နာမည်အရင်းတွေရော နာမည် ပြောင်တွေ သေသေချာချာ ခေါ်ပြီး နူတ်ဆက်လိုက်တာ တော်တော်နဲ့ ကို မပြီးဘူး။ သူငယ်ချင်းတွေကို တစ်ယောက်ပြီး တစ်ယောက် နူတ် ဆက်နေရင်းကနေ နောက်ဆုံးမှ သူ့မိဘနဲ့ ညီအကိုမောင်နှမတွေ ကို စကားပြောတယ်။ သူ့အဖေနဲ့ စကားပြောတော့ … အဖေ၊ သမီး သေတ္တာထဲက အ၀တ်အစားတွေကြားမှာ ကျောင်းဖွင့်လို့ ရန်ကုန်ပြန်ရင် အင်္ကျီဝယ်ဖို့ ပိုက်ဆံ (၅)ထောင် စုထားတာ ရှိတယ်၊ အဲဒါ ပိုက်ဆံနဲ့ အခုလာတဲ့ လူတွေထဲက … (ကျနော်တို့ သုံးယောက်) ကို လက်ညှိုးထိုးပြီး ကောင်းကောင်းမွန်မွန် ပြုစုလိုက်ပါတဲ့ … သူတို့ သုံးယောက် ခေါ်လို့ သမီး အိမ်ထဲကို ၀င်ခွင့်ရတာ၊ အပြင်မှာ ခွေးတွေ ကလည်း အရမ်းဟောင်၊ တခြား ပုံပျက်ပန်းပျက် အရာတွေနဲ့ သမီး အရမ်းကြောက်နေတာ၊ အဖေတို့ တစ်အိမ်လုံး သမီးအပေါ် ရက်စက် တယ် … ဆိုပြီး ငိုလိုက်တာ တော်တော်နဲ့ မပြီးဘူး။  ရက်လည်ဆွမ်းကျွေးတဲ့နေ့ ကျနော်တို့ အုပ်စုလိုက် သူတို့အိမ်က ကားနဲ့ ကားဂိတ်အထိ ဆင်းကြပါတယ်။ လမ်းထိပ်က အုတ်ခုံလေး နားရောက်တော့ လမ်းအကျယ်ထဲ ကားဝင်ဖို့အရေး ဖြတ်သွားဖြတ် လာကို ကားသမားက စောင့်နေရပါတယ်။ အဲဒီအချိန် အမျိုးသမီး တစ်ဦး စက်ဘီးလေးစီးပြီး ကျနော်တို့ကားနားကနေ ဖြတ်သွားပါ တယ်။ နောက်က ကယ်ရီယာခုံပေါ် ထိုင်ရင် ကားပေါ်က လူတွေ ကို လက်ပြသွားတဲ့ ကျနော်တို့ သူငယ်ချင်းကို ကားပေါ်မှာ ပါ လာတဲ့ သူငယ်ချင်းအားလုံး သေသေချာချာ မြင်လိုက်ရပါတယ် …။ ကားသမားကို ပြောပြီး ကျနော်တို့ ပြေးဆင်းပြီး စက်ဘီးနောက်ကို လိုက်ကြပါတယ်။ စက်ဘီးစီးတဲ့ အမကြီးနားရောက်တော့ အဲဒီအမ ကြီးက ကိုယ်ဝန်ဆောင်သည်ပါ၊ ဈေးက အပြန် သူ့စက်ဘီးနောက်ဖက် မှာ ဘယ်သူမှ ပါမလာကြောင်း ပြောပြပါတယ်။  (၁၉၉၅ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ ဓါတုဗေဒ အဓိက ကျနော့် သူငယ်ချင်းရဲ့ အမည်မှာ အက္ခရာလေးလုံးရှိပါတယ်။ သူ ကွယ်လွန် တဲ့ သတင်းက လှိုင်ကျောင်းထဲမှာ ဟိုးလေးတကျော်ကျော်ပါ။ ကျန်ရစ် သူ မိသားစုကို အားနားလို့ အမည်ကို ထည့်မရေးတာပါ။)  -စစ်ငြိမ်းဒီရေ
John Yoharmar 09 May 15:07
၁၉၉၅ ခုနှစ် နှစ်ဆန်းမှာ လှိုင်နယ်မြေ RC 2 က ဓါတုဗေဒ အဓိက
တက်နေတဲ့ ကျောင်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။ ကွယ်လွန်
သွားတဲ့ ကျောင်းသူက ပဲခူးတိုင်း ပြည်မြို့ဇာတိ ဖြစ်ပါတယ်။
သူ သေဆုံးတဲ့အချိန်က ဒုတိယနှစ် စာမေးပွဲပြီးလို့ ကျောင်းပိတ်
ထားတဲ့ ကာလမှာပါ။ သတင်းကို စကြားရတဲ့ အချိန်က ညနေခင်း
တစ်ခုမှာပါ။ ကွယ်လွန်သွားသူနဲ့ ကျနော့်သူငယ်ချင်းတစ်ဦးဟာ RC 2
ကျောင်းမှာ တစ်ဦးနဲ့ တစ်ဦး တွေ့ပြီး သမီးရည်စား ဖြစ်ကြပါတယ်။
ကျနော့်သူငယ်ချင်းကြောင့် အဲဒီကျောင်းသူနဲ့ ကျနော်ဟာ ရင်းနှီး
တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။

ရုတ်တရက် နေမကောင်းဖြစ်ပြီး ကွယ်လွန်တဲ့ သတင်းကို ကြားကြား
ချင်း သူတို့မေဂျာက သူ့သူငယ်ချင်းတွေရော၊ သူ့ရည်စားဖြစ်တဲ့
သူရော ယုံကို မယုံကြပါဘူး။ ဒီသတင်း မဟုတ်ပါစေနဲ့လို့ ဆုတောင်း
ကြပါတယ်။ ရန်ကုန်ကနေ မနက်အစောကြီး ပြည်ကို ကျောင်းသား
တွေ အုပ်စုလိုက် သွားကြပါတယ်။ ဟိုရောက်တော့ ကြေးစည်ထုသံ
ငိုသံတွေနဲ့ သတင်းက အမှား မဟုတ်တော့ပါ။

သေဆုံးသွားတဲ့ အဲဒီကျောင်းသူလေးမှာ ထူးထူးခြားခြား နာတာရှည်
ရောဂါတို့ ဘာတို့ လုံးဝ မရှိပါဘူး။ သာမန် ဖျားနာတာပါ။ သူ့အဖေ
ကျန်းမာရေး ဆေးမှူးက ဆရာဝန်ဆီ သွားမပြခိုင်းပဲ သူ့ဘာသာ သူ
ကြိတ်ကုရင်းကနေ ရောဂါက မသက်သာပဲ အချိန်လွန်မှ ဆေးရုံရောက်
တော့ ဆရာဝန်တွေလည်း မကယ်နိုင်တော့ပါဘူး။

သူ့နာရေးဆီ အပြေးအလွှာ ရောက်လာတဲ့ ရန်ကုန်နဲ့ နယ်တချို့က
သူငယ်ချင်းတွေ၊ RC 2 က ကျောင်းသား ကျောင်းသူတွေ ငိုလိုက်ကြ
တာ ဆူညံနေတာပဲ။ သူတို့ သမီးရည်စားနဲ့ ကျနော်က ကျောင်းမှာ
နေ့တိုင်းလိုလို ကင်းန်တီးန် အတူတူ ထိုင်နေကြပါ။ ကိုယ်နဲ့ ရင်နှီးတဲ့
လူတစ်ယောက် ရုတ်တရက် ဒီလိုဖြစ်သွားတော့ စိတ်တော့ မကောင်း
ပါဘူးပေါ့။ ကျနော်ကလွဲပြီး သူငယ်ချင်းတွေ အကုန်လုံး ငိုတာကြည့်ပြီး
စိတ်ထဲမှာ သူ့အဖေ ကျန်းမာရေးဆေးမှူးကို တုတ်နဲ့ ရိုက်ချင်စိတ်
က မနည်းကို မျိုချနေရတယ်။ သိသလိုလို တတ်သလိုလိုလုပ်လို့ ကိုယ့်
သားသမီး မဆုံးရှုံးသင့်ပဲနဲ့ ဆုံးရှုံးတာပေါ့။

အသုဘပို့ပြီး သူတို့အိမ် ပြန်ရောက်တော့ အသုဘပို့တုန်းက တက်မလိုလို
ချက်မလိုလို ဖြစ်ကြတဲ့ သူ့ညီအကို မောင်နှမတွေ၊ အမျိုးတွေက ဘာလုပ်ကြ
သလဲဆိုတော့ အိမ်ပေါက်ဝကနေ ဖလားထဲက ရေနဲ့ ခြံထဲ ၀င်လာတဲ့ သူတိုင်း
ကို စတိသဘော ပက်ဖြန်းပါတယ်။ အဲဒါ ဘာလုပ်တာလဲ မေးကြည့်တော့
အရပ်ထဲက ပြောတယ်တဲ့ … ဆုံးသွားတဲ့ သူ့တို့ညီမ၊ ကျနော်တို့ သူငယ်ချင်း
မကျွတ်ဘူးတဲ့ … ဆုံးတဲ့နေကစပြီး ညနေတိုင်း လမ်းထိပ်က အုတ်ခုံ
ပေါ်မှာ တစ်ယောက်တည်း ထိုင်နေတာကို တွေ့ရတယ်တဲ့ …။ အဲဒါနဲ့
သရဲခြောက်မှာကို ကြောက်လို့ ပရိတ်ရေကို ဖလားထဲ ထည့်ပြီး
အိမ်ထဲမှာ လိုက်ဖြန်းတာတဲ့ …။ ကျနော်နဲ့ ကျန်တဲ့သူငယ်ချင်းတွေက
ဝိုင်းပြောကြတာပေါ့၊ ရက်မလည်ခင် … (၇)ရက် မပြည့်ခင်တော့ သေဆုံး
သူရဲ့ ၀ိညာဉ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အိမ်ထဲကို ၀င်ခွင့်ထွက်ခွင့် ပေးသင့်
ပါတယ်ပေါ့။ အခုလိုမျိုး ပရိတ်ရေလိုလို အရာတွေနဲ့ ဟန့်တားတာ
မကောင်းဘူးပေါ့။

ညနေကြတော့ အဲဒီလမ်းထိပ်က အုတ်ခုံလေးဖက် သွားကြည့်ပါတယ်။
လူတွေများ သရဲတစ္ဆေ ဘယ်လောက်တောင် ကြောက်သလဲဆိုရင် အဲဒီ
နားမှာ ဖွင့်ထားတဲ့ ဈေးဆိုင်တောင် ကြောက်လို့ ဆိုင်ပိတ်ထားတယ် တဲ့။
ကျနော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်က အဲဒီခေတ်က မန္တလေး Rum
အရက် ပုလင်းပြားလေးတွေ တစ်ယောက် တစ်ပြားစီ၊ (၃)ပြား ၀ယ်ပြီး အဲဒီ
အုတ်ခုံပေါ်မှာ ည (၇)နာရီလောက်ကစပြီး ပွဲတည်ကြတော့တာပဲ။ ဟို
နှစ်ယောက်က သောက်လိုက် ငိုလိုက်ပေါ့။ ပထမတော့ ဘာမှ မဖြစ်ဘူး၊
ဘာမှ မတွေ့ဘူး။ အရက်ထိုင်သောက်နေတဲ့ ကျနော်တို့သူငယ်ချင်း
(၃)ယောက်က သောက်နေရင်းနဲ့ ဟိုပြော ဒီပြော စကားတွေ ပြော
လိုက်ကြတာ … လူတစ်ယောက် သေသွားရင် နောက်ထပ် ဘ၀တစ်ခု
ကို ဘယ်လိုပုံစံနဲ့ ကူးသွားသလဲ … ဆိုတာကို ဖတ်ထားသမျှ ကြားဖူး
သမျှတွေ မူးမူးနဲ့ ပြောနေကြတာ။ ည (၉)နာရီ ကျော်ကျော်လောက်
ရောက်တော့ သောက်ထားတဲ့ အရှိန်ကြောင့်လား မပြောတတ်ဘူး
နည်းနည်းတော့ ထွေလာတယ်။ စိတ်ထဲမှာလည်း တစုံတယောက်က
ကိုယ့်ကို စိုက်ကြည့်နေသလို ကိုယ့်နားရောက်နေသလို ဖြစ်နေတယ်။
အဲဒါနဲ့ ကျနော်တို့ သူငယ်ချင်း သုံးယောက်က ဘာပြောကြသလဲဆို
တော့ … ဆုံးသွားတဲ့ ငါတို့ သူငယ်ချင်း အခုလို လူသွားလမ်း နံဘေး
က အုတ်ခုံပေါ်မှာ တစ်ယောက်တည်း နေရတာ သနားပါတယ် ပေါ့။
သူ … ငါတို့ပြောတာ ကြားနိုင်ရင် သူ့အိမ်ဆီ ခေါ်သွားမယ် ဆိုပြီး
လုပ်ကြပါတော့တယ်။ ကျနော်တို့ သုံးယောက်က သောက်သာ သောက်
ထားတယ်၊ သောက်ထားတဲ့အရှိန်က အရမ်းတော့ မမူးသေးဘူး၊
first mind လုံးဝ မပျောက်သေးပါ။ … လာ သူငယ်ချင်း၊ နင့်အိမ်ကို
ငါတို့နဲ့အတူ လိုက်ခဲ့၊ သူငယ်ချင်းတွေ အားလုံးရောက်နေတယ်၊ ၀မ်းနည်း
မနေနဲ့၊ လူတိုင်း တစ်နေ့ သေရမှာ၊ နင့်ကို နင့်အိမ်ထဲ လာဖို့ ငါတို့
ခွင့်ပြုတယ် … ဘာညာဆိုပြီး အဲဒီအုတ်ခုံနံဘေးမှာ ခေါ်ကြပါတော့တယ်။

အဲလိုလည်း ခေါ်လိုက်ရော ပထမဆုံး ဘာစဖြစ်သလဲ ဆိုတော့
လက်နဲ့ ခန္ဓာကိုယ်မှာ ကြက်သီး ဖုလေးတွေ သူ့အလိုလို ဖြစ်လာ
တယ်။ သုံးယောက်စလုံး ပြိုင်တူဖြစ်တာ၊ ပြီးတော့ အပုတ်နံ့လိုလို
အနံ့တစ်ခုက တဖြေးဖြေးချင်း ရှုရှိုက်ရသလို ပိုပိုပြီး နံ့လာတယ်။
သို့ပေမယ့် သေသွားတဲ့လူက သူငယ်ချင်းဆိုတဲ့ အသိကြောင့်လား
မပြောတတ်ဘူး၊ တစ်ယောက်မှ ကြောက်စိတ် မပေါ်ကြဘူး။ ဒီလိုနဲ့
သူတို့အိမ်ကို ပြန်လာကြပါတယ်။ ကျနော်တို့ သုံးယောက်က အိမ်
ပြန်ရောက်တော့ ကျနော်တို့ ခေါ်လာတယ်ဆိုတာကို ဘယ်သူ့ကိုမှ
အသိမပေးပဲ အသုဘ ဖဲဝိုင်းနံဘေးမှာ ငြိမ်ငြိမ်းလေးပဲ ဖဲရိုက်တာကို
ထိုင်ကြည့်နေတာ။ နာရေးမှာ ၀ိုင်းကူညီလုပ်ပေးနေတဲ့ အမျိုးသမီး
တွေ တစ်ယောက်ကို ၀င်ပူးပြီး ငိုလိုက်တာ၊ ၀င်ပူး ခံရတဲ့သူက ကျနော်
တို့ အားလုံးရဲ့ နာမည်အရင်းတွေ နာမည်ပြောင်တွေ သေသေချာချာ
မသိနိုင်ဘူး၊ အသံကလည်း ချွတ်စွပ်ပဲ။ နာမည်အရင်းတွေရော နာမည်
ပြောင်တွေ သေသေချာချာ ခေါ်ပြီး နူတ်ဆက်လိုက်တာ တော်တော်နဲ့
ကို မပြီးဘူး။ သူငယ်ချင်းတွေကို တစ်ယောက်ပြီး တစ်ယောက် နူတ်
ဆက်နေရင်းကနေ နောက်ဆုံးမှ သူ့မိဘနဲ့ ညီအကိုမောင်နှမတွေ
ကို စကားပြောတယ်။ သူ့အဖေနဲ့ စကားပြောတော့ … အဖေ၊
သမီး သေတ္တာထဲက အ၀တ်အစားတွေကြားမှာ ကျောင်းဖွင့်လို့
ရန်ကုန်ပြန်ရင် အင်္ကျီဝယ်ဖို့ ပိုက်ဆံ (၅)ထောင် စုထားတာ ရှိတယ်၊
အဲဒါ ပိုက်ဆံနဲ့ အခုလာတဲ့ လူတွေထဲက … (ကျနော်တို့ သုံးယောက်)
ကို လက်ညှိုးထိုးပြီး ကောင်းကောင်းမွန်မွန် ပြုစုလိုက်ပါတဲ့ … သူတို့
သုံးယောက် ခေါ်လို့ သမီး အိမ်ထဲကို ၀င်ခွင့်ရတာ၊ အပြင်မှာ ခွေးတွေ
ကလည်း အရမ်းဟောင်၊ တခြား ပုံပျက်ပန်းပျက် အရာတွေနဲ့ သမီး
အရမ်းကြောက်နေတာ၊ အဖေတို့ တစ်အိမ်လုံး သမီးအပေါ် ရက်စက်
တယ် … ဆိုပြီး ငိုလိုက်တာ တော်တော်နဲ့ မပြီးဘူး။

ရက်လည်ဆွမ်းကျွေးတဲ့နေ့ ကျနော်တို့ အုပ်စုလိုက် သူတို့အိမ်က
ကားနဲ့ ကားဂိတ်အထိ ဆင်းကြပါတယ်။ လမ်းထိပ်က အုတ်ခုံလေး
နားရောက်တော့ လမ်းအကျယ်ထဲ ကားဝင်ဖို့အရေး ဖြတ်သွားဖြတ်
လာကို ကားသမားက စောင့်နေရပါတယ်။ အဲဒီအချိန် အမျိုးသမီး
တစ်ဦး စက်ဘီးလေးစီးပြီး ကျနော်တို့ကားနားကနေ ဖြတ်သွားပါ
တယ်။ နောက်က ကယ်ရီယာခုံပေါ် ထိုင်ရင် ကားပေါ်က လူတွေ
ကို လက်ပြသွားတဲ့ ကျနော်တို့ သူငယ်ချင်းကို ကားပေါ်မှာ ပါ
လာတဲ့ သူငယ်ချင်းအားလုံး သေသေချာချာ မြင်လိုက်ရပါတယ် …။
ကားသမားကို ပြောပြီး ကျနော်တို့ ပြေးဆင်းပြီး စက်ဘီးနောက်ကို
လိုက်ကြပါတယ်။ စက်ဘီးစီးတဲ့ အမကြီးနားရောက်တော့ အဲဒီအမ
ကြီးက ကိုယ်ဝန်ဆောင်သည်ပါ၊ ဈေးက အပြန် သူ့စက်ဘီးနောက်ဖက်
မှာ ဘယ်သူမှ ပါမလာကြောင်း ပြောပြပါတယ်။

(၁၉၉၅ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ ဓါတုဗေဒ အဓိက ကျနော့်
သူငယ်ချင်းရဲ့ အမည်မှာ အက္ခရာလေးလုံးရှိပါတယ်။ သူ ကွယ်လွန်
တဲ့ သတင်းက လှိုင်ကျောင်းထဲမှာ ဟိုးလေးတကျော်ကျော်ပါ။ ကျန်ရစ်
သူ မိသားစုကို အားနားလို့ အမည်ကို ထည့်မရေးတာပါ။)

-စစ်ငြိမ်းဒီရေ

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment