ထပ်တူ ဘဝ
အိုင်စတိုင်း မတွက်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ကို ငါတို့ ညီမျှခြင်းချနိုင်ခဲ့ပြီ.... လောကရဲ့ အသာယာဆုံး..လမ်းလေးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ဖို့ ............. တစ်စုံသောလက်ဟာ ခိုင်မြဲ... ယိုင်လဲမသွားမယ့် စိတ်တွေက.. တစ်ယောက်ကို တစ်ယောက် ဖေးကူ.. မင်းသတိရတဲ့အခါ ပန်းချီဆွဲ... ငါလွမ်းရင် ကဗျာတွေရေးမယ်.. ရိုမီယိုနဲ့ ဂျူးလိယက်တို့ရဲ့.... ဆုတောင်းသံကို ကြားလား... ကောင်းကင်နဲ့ လမင်းက... သ၀န်တိုနေရင် ပြောလိုက်ပါ... ငါတို့တစ်တွေ သူတို့ကို.... အားကျခဲ့တဲ့ အကြောင်း..... တစ်မြေစီ ဝေးနေကြပေမယ့်.. တစ်မိုးတည်းအောက်မှာပဲ.. ငါတို့ အလွမ်းတွေဟာ..... ဆောင်းမနက်ခင်းရဲ့ မြက်ခင်းပြင်လို.. စိုစွတ်နေတုန်းပါပဲ..... ဘယ်လို တန်ခိုးရှင်ကများ.. ကောင်းကင်ထဲက လမင်းကို.. ဆွဲထုတ်သွားဖို့ စွမ်းနိုင်မှာလဲ..။ ။
ကျနော့်နာမည်....လင်းမောင် |
No comments:
Post a Comment