ငါတို့နှစ်ယောက်
တစ်ယောက်နဲ့တစ်ယောက်
သေလောက်အောင်ချစ်ခဲ့ကြခါမှ
ကံကြမ္မာမုန်တိုင်းနဲ့
မင်းမိဘအသိုင်းအ၀ိုင်း
ရက်စက်ရိုင်းစိုင်းစွာ
ဖြိုခွဲနေကြပီလေ......
ဘယ်အရာ ဘာအတားအဆီးမှ
ကြောက်ရွံ့ကာတွေးပူမနေနဲ့
ငါတို့နှစ်ယောက်သား
ခိုင်မြဲစွာတွဲထားတဲ့လက်တစ်စုံနဲ့
အရာရာရင်ဆိုင်ဖြိုခွင်း
အိုမင်းရင့်ရော်ပြီး
အသက်ဝိညာဉ်နဲ့ခန္ဓာ
လွင့်စင်ကွာတဲ့အထိ
တို့အတူကျော်ဖြတ်ကျမယ်
လိုက်ခဲ့ပါတော့....
ချစ်သူရယ်....
No comments:
Post a Comment