Saturday, 4 June 2011

[စာပေစကားဝိုင်း] New doc: အပျိုကြီးတစ်ယောက်ရဲ့ တန်ဖိုး

created the doc: "အပျိုကြီးတစ်ယောက်ရဲ့ တန်ဖိုး"
Sue Winne created the doc: "အပျိုကြီးတစ်ယောက်ရဲ့ တန်ဖိုး"

အပျိုကြီးတစ်ယောက်ရဲ့ တန်ဖိုး

(ရွှေရုပ်)

 

အသက်(၂၅)နှစ်ကျော်သွားရင် အပျိုကြီးတဲ့ ။ ပြောတြတာဘဲ။

ပြီးတော့အပျိုကြီးလို့လဲ ပြောသေးတယ်။ စိတ်ဝင်တစားလဲ ရှိကြတယ်။

ယောင်္ကျားလေးဦးရေ နည်းလာတဲ့ ရာစုနှစ်ကြီးမှာ မိန်းမတွေကို စကေးကိုက်ချရင်

တစ်အချိုးသုံးတဲ့ (3 in 1)လို့လဲ ပြောကြသေးတယ်။  ဒါကယောင်္ကျားလေးတွေ ပြောတဲ့စကား ။

သူတို့ရဲ့ လောဘကိုပြနေသလိုပါဘဲ။ ဒါပေမယ့် ပြောကြဆိုကြသေးတယ်။

 

ဒီခေတ်ကြီးမှာမိန်းမတွေ ရင်ထုလင်လုရမယ်ဆိုဘဲ။  ကြားနေရတဲ့စကားက အချို့ရှိသေးတယ်။

မိန်းမတွေကြိုးပမ်းတဲ့ခေတ် ။ကိုယ်ကယောင်္ကျားလေး နေတတ်မှကျေနပ်စရာဆိုတာလဲရှိသေးတယ်။

ဒါပေမယ့် မိန်းကလေးတွေ အသက်(၂၅)နှစ်ကျော်လူလွတ်၊သူတို့ပြောသလိုဆို အပျိုကြီးတွေ ကျတော့လည်း

သူတို့ခင်ဗျာ အသည်းအသန်။သီချင်းလုပ် ဆိုတဲ့သူတွေ ရှိသေးတယ်။

ဘာတဲ့ အိပ်စပယ်ရာဖြစ်ပြီး ပုတ်ကုန်တော့မယ်  ဟင်း......  အဲ့တိုင်းသာဆိုရင်

မိန်းမတွေက ရောင်းကုန်လား ဒင်းတို့ပြောသလိုဆို ရောင်းကုန်တောင်မှ

ပုတ်တဲ့ဟာမျိုး ။ ကြာကြာထားလေ ကွာလတီကောင်းလေ ဆိုတဲ့ ၀ိုင်လိုမျိုးကျတော့

တစ်ယောက်မှ အသံမထွက်ဘူး ။

 

အင်းးးးးး......ဘာဘဲပြောပြော မိန်းမတွေ

အသက်(၂၅)နှစ် ကျော်မှ လှတယ်၊ တန်ဖိုးရှိတယ်၊ အိနြေ္ဒရတယ်လို့ယူဆပါတယ်။

ပန်းတွေနဲ့ မိန်းကလေးတွေကို နှိုင်းမယ်ဆိုရင် ဒီအချိန်က

အဖူးကလေးတွေ ပွင့်လာတဲ့အချိန် လောကသဘာဝတရားကိုခေါင်းပြူကြည့်တဲ့အချိန်ပေါ့။

လောကကြီးကို စိန်ခေါ်လက်ခမောင်းထခတ်တဲ့အချိန်

ထမီတော့ခတောင်းမကျိုက်ဘူးနော်။ လက်ခမောင်းခတ်တယ်ဆိုတာနဲ့

ကိုယ့်ရဲ့စာဖတ်တဲ့သူတွေ ဘယ်ထိ ပြေးမြင်မလဲဆိုတာ သိပြီးသား ။

 

အဲ့တော့ဒီလိုတန်ဖိုးရှိ ဂုဏ်သရေရှိ တဲ့ အသက် (၂၅)နှစ်

ကျော်သွားပြီးဖြစ်သော အပျိုကြီး ဦးရေက ဘယ်လောက်မှ မရှိနိုင် ။

သူတို့ပြောသလိုပြောရရင် တစ်အချိုးသုံး ( အတွးမမှားနဲ့ ပရိတ်သတ်တို့ရေ)

အပျိုကြီးတွေက အနည်းဆုံး မကြိုက်သော်ရှိသုံးယောက်ထဲက တစ်ယောက်တော့ အသာလေး

ခေါင်းခေါက် ရွေးနိုင်တယ်ဆိုတာပါဘဲ။

 

ဒီလိုအချိန်မှာစဉ်းစားဆင်ခြင်နိုင်စွမ်းရှိမယ်။ တိုးတက်တဲ့လားရာကိုမြင်တယ်။

အလှမှာဆိုရင်လဲ ပြီးကောင်ပေါက်အရွယ်ကိုဖြတ်သန်းလာခဲ့တဲ့အတွက်

အားလုံးကိုဆင်ခြင်လာနိုင်ပြီး အတွေးအခေါ်ရင့်သန်တဲ့အတွက် ဒီအချိန်မှာ

အလှဆုံး အချိန်တစ်ခု ၊ဖြတ်သန်းခဲ့တဲ့ (၂၅)နှစ် ကျော်ကာလရဲ့ ထိတွေ့ ဖူးတဲ့

အတွေ့အကြုံကြောင့် ရင့်ကျက်တွေးတောနိုင်တဲ့ တည်ငြိမ်တဲ့အလှ ။

 

ဒီတော့အသက်(၂၅)နှစ်ကျော် သွားရင် အပျိုကြီးတွေလို့ ပတ်ဝန်းကျင်က

မဲ့ကာရွဲ့ကာပြောနေကြပေးမယ့် အားကျခြင်းတွေ ရာနှုန်းပြည့်ပါဝင်နေတယ်ဆိုတာ

အပျိုကြီးမမတွေ ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် ဒီအချိန်ဟာ

အပျိုကြီးဆိုသူတွေအတွက် အလှဆုံးအချိန်ပါ။

တန်ဖိုးရှိတဲ့အချိန်ပါလို့.....ရှင်.............

 

 

................................................................................................

အသက်(၂၅)နှစ်အထက်အပျိုကြီးများအား ဤပို့စ်ဖြင့် ဂုဏ်ပြုပါ၏ (ဟိဟိ.....)

 

 

ပြုံးပျော်နိုင်ပါစေ။

ရေးသားသူ-ရွှေရုပ်


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment