အားလုံးကိုစွန့်လွှတ်ရ ရင်တောင် သတိရခြင်းကိုငါပိုင်တယ်။ ငါကိုသတ်..ငါ့ရင်ဘက်ကိုထိုးခွဲဖောက်လှန်ကြည့် ငါ့လက်သီးထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ သုညတစ်လုံးပဲရှိမယ်။ တိတ်ဆိတ်..ပြာလဲ့တဲ့ည ရေတွင်းထဲခေါင်းငုံ့ပြီး မင်းကိုချစ်တယ်လို့ ဟစ်အော်တမ်းတရတာ ဘာကြောင့်ပါလဲ။။။။ အဲဒီလိုနဲ့ .... မိုးကိုဆန့်မြှောက်ထားတဲ့လက်တွေဟာ ဟိုးးးးးး ..တုန်းကလိုပဲ ငါ့ဆီမှာမြေမှုန့်တွေ စွန်းထင်းလျက်ပါပဲလေ။ လူဆိုတာ လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက် ချစ်သူနဲ့ခွဲရတဲ့ ညတွေကိုပိုသတိရတတ်ကြတယ်။ မြောက်လေသွေးတိုင်း မွှေးမြတဲ့မျက်ရည်နံတွေ လူငယ်တစ်ယောက်ရဲ့ လာရာလမ်းမှာ ခုတထိသင်းပြန့်ဆွတ်ပေနေမယ်တိုတာ ဘယ်သူကများ..မျှဝေခံစားခဲ့သလဲ။ အိမ်အပြန် ညများစွာမှာ ဘယ်သူမှမပြောချင်တဲ့စကားတွေကိုပွေ့ပိုက် ကိုယ့်ကိုယ်ကို.. လူမိုက်လို့ ပြန်ခေါ်ခဲ့ရတယ်။
ချစ်သူကိုတောင်ချစ်တယ်လို့မပြောရဲတဲ့ကောင် ရာစုတစ်ထောင်နေရစ်ခဲ့တဲ့
မေ...ရေ သစ်ခုတ်သမားတွေမရှိတဲ့တိုင်းပြည်မှာငါလယ်သမားဖြစ်ချင်ခဲ့တယ်။ နင်...ဘုရင်မ..လာမလုပ်ရဘူးနော်။ တော်တော်ကြာ တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ သန်လျှက်အတွက်ပန်းခူးပေးခွင့်မပါလို့ ရွာဇနပုဒ်ရဲ့ မိုးရေထဲမှာ ငါ..တစ်ယောက်တည်း မျက်ရည်ဝဲနေရပါဦးမယ်။
မေ..ရေ ပန်းခူးရင်း သူငယ်ချင်းတွေနဲ့ နေရင်း.. စကားတွေပြောရင်း သီချင်းလေးတွေဆိုရင်း.. မင်း..ငါကိုမေ့သွားမယ်ထင်ပါတယ်။
တာရာမင်းဝေကဗျာလေးကိုပြန်ပြန်ရွတ်မိတာပါ။ အရမ်းကိုတိုက်ဆိုင်လာတတ်တယ်။ |
No comments:
Post a Comment