သင်္ဂဇာဆရာတော်ပြောခဲ့ဖူးတဲ့ ပုံပြင်လေးပါ..။ တစ်ခါတုန်းက တောင်သူကြီးတစ်ယောက်က ရွာဦးကျောင်းနားမှာ ဇရပ်တစ်ဆောင်ဆောက်တယ်..။မနက်တိုင်း တံမြက်လှည်းပြီး ကုသိုလ်ယူတယ်..။ကျောင်းနားလေးမှာဆိုတော့ ကျောင်းသားလေးတွေက ဆော့ရင်း ထုံး မြေဖြူနဲ့ လှေကားမှာအရုပ်တွေရေးတယ်.. ဒီတော့ အသန့်ကြိုက်တဲ့ တောင်သူကြီးက ဘုန်းကြိးကိုတိုင်တယ်..ဘုန်းကြီးက အရုပ်မရေးရလို့ အမိန့်ထုတ်လိုက်တယ်.. ဒါပေမယ့် အတော်ကြာတော့ ဇရပ်ခါးပန်းမှာ ကျွတ်-မုန်း-၀င် လို့ရေးထားတာကိုတွေ့တော့ ဘုန်းကြီးကို တိုင်ပြန်တယ်..။ ဒီတော့ ဘုန်းကြိးက ရေးတဲ့သူက လောကီလောကုတ္တရာ နှစ်ဖြာသိတဲ့ ပညာရှိရေးသွားတာပဲ.. ကျွတ် ဆိုတာက တဏှာ. ရာဂ. လောဘ တို့က ကျွတ်လို့ရှိရင် ၀ဋ် ဆိုတဲ့ဒုက္ခသစ္စာကို မုန်းပြီး နိတ်ဗန်ကို ၀င်နိုင်တယ် လို့ အဖြေပေးလိုက်တယ်.. ဇရပ်ဒကာက မကျေနပ်တော့ ဆေးဆရာဆီမေးတယ်..။ဒါ ဆေးစာဗျ..။ ကျွတ် ဆိုတာ မှိုကျွတ်. မုန်းဆိုတာက သမုန်းကတိုးခေါက်.. ၀င်ဆိုတာ သင်းဝင်ပေါက်ဖြူ.. အဲဒိသုံးမျိုးကို ကျိုသောက်ရင် ဒူလာအတွက်အကောင်း ဆုံးပေါ့..ဖြေလိုက်ပြန်တယ်.. ဒကာလည်း ဘယ်သူပြောတာကို ယုံရမလဲမသိ မကျေမနပ်ဖြစ်နေတာပေါ့..နောက်နေ့ မနက်သွားတော့ အဲဒိစာသားကိုကြည့်ပြီးပြုံးနေတဲ့လူတစ်ယောက်ကိုတွေ့တယ်.. အဲဒိအရူးကပြောတယ်..ဒီစာက သူရေးထားတာလို့ ပြောတယ်.. ဒကာက ရှင်းခိုင်းတယ်.. ကျွတ် ဆိုတာက သီတင်းကျွတ်လို့ မုန်းဆိုတာက တန်ဆောင်မုန်းရောက်ရင် ၀င်ဆိုတာက ၀င်္ကပါပွဲမှာ မုန့်ဟင်းခါးစားရတော့မယ်လို့မှတ်ထားတာဗျ.. ကျွန်တော်တို့အားလုံးလည်း ကိစ္စတစ်ခုကို ကိုယ့်အမြင်နဲ့ကိုယ်ကြည့်ကြပါတယ်...ဒါပေမယ့် အစွဲအလမ်းက အမှန်တရားမဟုတ်ကြောင်းသိဖို့လိုပါတယ်..တစ်ယောက်ကိုတစ်ယောက်နားလည်ရင် လောကကြီးငြိမ်းချမ်း သွားမှာပါပဲ...။ သင်္ဂဇာဆရာတော်ပြောခဲ့ဖူးတဲ့ ပုံပြင်လေးပါ..။ တစ်ခါတုန်းက တောင်သူကြီးတစ်ယောက်က ရွာဦးကျောင်းနားမှာ ဇရပ်တစ်ဆောင်ဆောက်တယ်..။မနက်တိုင်း တံမြက်လှည်းပြီး ကုသိုလ်ယူတယ်..။ကျောင်းနားလေးမှာဆိုတော့ ကျောင်းသားလေးတွေက ဆော့ရင်း ထုံး မြေဖြူနဲ့ လှေကားမှာအရုပ်တွေရေးတယ်.. ဒီတော့ အသန့်ကြိုက်တဲ့ တောင်သူကြီးက ဘုန်းကြိးကိုတိုင်တယ်..ဘုန်းကြီးက အရုပ်မရေးရလို့ အမိန့်ထုတ်လိုက်တယ်.. ဒါပေမယ့် အတော်ကြာတော့ ဇရပ်ခါးပန်းမှာ ကျွတ်-မုန်း-၀င် လို့ရေးထားတာကိုတွေ့တော့ ဘုန်းကြီးကို တိုင်ပြန်တယ်..။ ဒီတော့ ဘုန်းကြိးက ရေးတဲ့သူက လောကီလောကုတ္တရာ နှစ်ဖြာသိတဲ့ ပညာရှိရေးသွားတာပဲ.. ကျွတ် ဆိုတာက တဏှာ. ရာဂ. လောဘ တို့က ကျွတ်လို့ရှိရင် ၀ဋ် ဆိုတဲ့ဒုက္ခသစ္စာကို မုန်းပြီး နိတ်ဗန်ကို ၀င်နိုင်တယ် လို့ အဖြေပေးလိုက်တယ်.. ဇရပ်ဒကာက မကျေနပ်တော့ ဆေးဆရာဆီမေးတယ်..။ဒါ ဆေးစာဗျ..။ ကျွတ် ဆိုတာ မှိုကျွတ်. မုန်းဆိုတာက သမုန်းကတိုးခေါက်.. ၀င်ဆိုတာ သင်းဝင်ပေါက်ဖြူ.. အဲဒိသုံးမျိုးကို ကျိုသောက်ရင် ဒူလာအတွက်အကောင်း ဆုံးပေါ့..ဖြေလိုက်ပြန်တယ်.. ဒကာလည်း ဘယ်သူပြောတာကို ယုံရမလဲမသိ မကျေမနပ်ဖြစ်နေတာပေါ့..နောက်နေ့ မနက်သွားတော့ အဲဒိစာသားကိုကြည့်ပြီးပြုံးနေတဲ့လူတစ်ယောက်ကိုတွေ့တယ်.. အဲဒိအရူးကပြောတယ်..ဒီစာက သူရေးထားတာလို့ ပြောတယ်.. ဒကာက ရှင်းခိုင်းတယ်.. ကျွတ် ဆိုတာက သီတင်းကျွတ်လို့ မုန်းဆိုတာက တန်ဆောင်မုန်းရောက်ရင် ၀င်ဆိုတာက ၀င်္ကပါပွဲမှာ မုန့်ဟင်းခါးစားရတော့မယ်လို့မှတ်ထားတာဗျ.. ကျွန်တော်တို့အားလုံးလည်း ကိစ္စတစ်ခုကို ကိုယ့်အမြင်နဲ့ကိုယ်ကြည့်ကြပါတယ်...ဒါပေမယ့် အစွဲအလမ်းက အမှန်တရားမဟုတ်ကြောင်းသိဖို့လိုပါတယ်..တစ်ယောက်ကိုတစ်ယောက်နားလည်ရင် လောကကြီးငြိမ်းချမ်း သွားမှာပါပဲ...။
--------------------------------------------------------------------------------------------------------------------
ကျွန်တော်ကြိုက်တဲ့ သင်္ဂဇာဆရာတော်ရဲ့ ပုံပြင်တွေထဲက ပုံပြင်တစ်ပုဒ်...............
အသက်ကလေး ရလာလေလေ ကျွတ်-မုန်း-၀င် ကို အဓိပ်ပါယ်ဖွင့်ဖို့ ကိုယ်ကိုယ်တိုင် ကြိုးစားမိသလို.. သူများတွေ ဖွင့်နေကြတာတွေလည်း ပိုတွေ့လာရလေလေပါပဲ။
Source: > http://hmmt87.multiply.com/journal/item/54
No comments:
Post a Comment