Saturday, 4 June 2011
[စာပေစကားဝိုင်း] New doc: အပျိုကြီးများရဲ့ အားနည်းချက်များ
Thaw Zin created the doc: "အပျိုကြီးများရဲ့ အားနည်းချက်များ "
  ၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း ၊
  ၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း ၊
  ၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း ၊
  ၄-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း ၊
  ၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရ၍ပိုက်ဆံကုန်ခြင်း ၊
  ၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာရခြင်း ၊
  ၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း ၊
  ၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို
     အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း ၊
  ၉-အလှပြင်ပြီးတိုင်းကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း ၊
၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း ၊
၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရခြင်း ၊
၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုးရခြင်း ၊
၁၃-လိုင်းကားတိုးစီးရာတွင်အကာကွယ်မရရှိခြင်း ၊
၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံရခြင်း ၊
၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း ၊
၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိမ်းသည့်အခါများတွင်တယောက်တည်းစောင်ခေါင်းမြီးခြုံ
      ကြောက်လန့်နေရခြင်း ၊
၁၇-အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း ၊
၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာငေးနေရခြင်း ၊
၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း ၊
၂၀-သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့်စောင့်မျှော်မည့်သူမရှိခြင်း ၊
၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်ရခြင်း ၊
၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း ၊
၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမည့်သူမရှိခြင်း ၊
၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအားပေးမည့်သူ မရှိခြင်း ၊
၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲများကြားတွင် တယောက်တည်း
      ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း ၊
၂၆-ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း ၊
၂၇-"မောင်ရေ..ကိုကိုရေ.." ဟုချွဲနွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း ၊
၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ်လက်ဆောင်များမရခြင်း ၊
၂၉-စိတ်ညစ်၍ငိုတိုင်းချော့မည့်သူမရှိခြင်း ၊
၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန် လူမရှိခြင်း ။
-------------------------------------------------------------------------------------------------------------------
ကိုရင်ဘသားချော မြှောက်ပေး၍ ရှာဖွေတင်ပြရပါကြောင်း  :D
View Post on Facebook · Edit email settings · Reply to this email to add a comment.
No comments:
Post a Comment