Red Ribbon
အနီရောင် ဖဲကြိုးလေးက ကျွန်မ စိတ်ထဲ ရောက်လာတာ နှစ် အနည်းငယ်ကြာနေပါပီ။ အားလုံး သိပီးသားဖြစ်နေပေမယ့် ဖြည့်စွက်အဖြစ် ကျွန်မ နဲနဲ ထပ်ပြောပြချင်ပါတယ်။
အနီရောင် ဖဲကြိုးကို The red ribbon is a symbol for both drug prevention and for the fight against AIDS (Acquired Immune Deficiency Syndrome) လို့ ပြောထားပါတယ်။
အရောင်တွေထဲမှာ မြင်သာဆုံးဖြစ်တဲ့ အနီရောင် နဲ့ Awareness Symbol အဖြစ် အသုံးပြုခဲ့တာပါ။
Ribbon ကို
- Blue ribbon
- Red ribbon
- White ribbon
- Yellow ribbon
- Green ribbon
- Orange ribbon
- Purple ribbon
- Brown ribbon
အဖြစ် အရောင် ၈မျိုးခွဲထားပါတယ်။ တစ်ကယ်က ၂၈ မျိုး ရှိတာပါ။ အသေးစိပ်ကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
http://en.wikipedia.org/wiki/List_of_awareness_ribbons
Red Ribbon ကိုများသောအားဖြင့် AIDS ကာကွယ်မှု အမှတ်အသားအဖြစ်သိရပေမယ့် တစ်ကယ်တမ်းက၊ အရက်၊ ဆေးရွက်ကြီး နဲ့ တစ်ခြားမူးယစ်ဆေးဝါး ကာကွယ်မှု အမှတ်အသား အဖြစ် Mexico မှာ ၁၉၈၅ မှာစတင် အသုံးပြုတာပါ။
၁၉၈၈ မှာတော့ Calexico, California မှာ Red Ribbon Week ကို National Campaign အဖြစ် October လရဲ့ နောက်ဆုံး အပတ်မှာ စတင်ကျင်းပနေပါပီ။
Red Ribbon Foundation
The Red Ribbon Foundation, Human Imunodeficiency Virus(HIV) နဲ့ AIDS ကာကွယ်မှု အသိပညာပေးရန်ရည်ရွယ်ပီး 1993 မှာ Non-Profit Organization အဖြစ်စတင် တည်ထောင်လိုက်ပါတယ်။ ကလေးသူငယ်နဲ့ လူရွယ်များကု အဓိက ဦးစားပေး အသိပညာပေး မှုများ လုပ်ဆောင်နေပါတယ်။
Red Ribbon Foundation အတွက် လှူဒါန်းလိုသူများ အောက်ပါ လင့်တွင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
http://www.redribbon.com/donations.htm
ခုဒီမှာ ကျွန်မ ပြောပြချင်တာကတော့ မြန်မာနိုင်ငံက ခုခံအားကျဆင်းမှုနှုန်းနဲ့ သိသင့်တဲ့အချက်တွေကိုပါ။
လူငယ်၊ လူရွယ်များတွင် ကူးစက်မှုအများဆုံးဖြစ်လေ့ရှိသော ခုခံအားကျဆင်းမှုရောဂါဟာ လွန်ခဲ့ သော ငါးနှစ်အတွင်း ကူးစက်မှုနှုန်းလျော့ကျလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ စာရင်းများအရ သိရှိရပါသည်။
၂၀၀၆ မှ ၂၀၁၀ ပြည့်နှစ် အထိရေးဆွဲထားသည့် အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic plan) ၏ ထုတ်ပြန်သောစရင်းများအရ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များတွင် ရောဂါဖြစ်ပွားနှုန်း ၁ ဒသမ ၂၉ ရာခိုင်နှုန်းမှ ၁ ဒသမ ၂၆ ရာခိုင်နှုန်းထိကျဆင်းလာကြောင်း UNAIDS (ယူအင်န်အေ့စ်) မှ သိရသည်။
"သာမန်အတိုင်း ကြည့်ရင်တော့ ဒီရာခိုင်နှုန်းလေးက နည်းနည်းလေးပဲ ကျတယ်လို့ထင်ရပေမယ့် NSP အရကြည့်ရင်တော့ အရမ်းကျလာတယ်လို့ ပြောလို့ရပါတယ်" ဟု UNAIDS က တာဝန်ရှိသူတဦးက ပြောသည်။ အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ရောဂါနှင့် ပတ်သက်၍ စာသင်ကျောင်းများတွင် အသိ ပညာပေး ဟောပြောပွဲများ ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) များမှ ရောဂါနှင့်ပတ်သက်သော ပညာပေးမှုများ ပိုမိုပြုလုပ်လာနိုင်သဖြင့် လူငယ်များတွင် ကူးစက်မှု နှုန်းလျော့နည်းလာခြင်းဖြစ်တယ်လို့ ကျွန်မယူဆပါတယ်။
မြန်မာနိုင်ငံတွင် တနေ့လျှင် အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရသူ ၄၀ ကျော်ခန့်ရှိပြီး တနှစ်လျှင် ရောဂါကူးစက်ခံရသည့် လူနာသစ် တစ်သောင်း ခုနှစ်ထောင်ကျော်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသည့် လူနာသစ် ခုနှစ်ထောင့်လေးရာခန့်ရှိသည်ဟု ခန့်မှန်းထားကြပြီး ထိုလူများ၏ ၉၇ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘာ့ဆရာဝန်များ အဖွဲ့က ကောင်စလာ သူငယ်ချင်းတစ်ယောက်ရဲ့ ပြောပြချက်အရ AIDS ရဲ့အဓိက ဖြစ်ပွားသူလူတန်းစားက လိင်တူဆက်ဆံသူတွေကနေ ၃၉% နဲ့ Sex Worker ၃၇% လို့သိရပါတယ်။ ကိန်းဂဏန်းတွေ အရဆို လိင်တူဆက်ဆံသူတွေကနေပျံ့ပွားနှုန်းက များတယ်လို့ ကျွန်မထင်ပါတယ်။
ဖြိုးဖြိုးဆဲနိုင်ငံမို့ အသိပညာ မရှိလို့ ဖြစ်ပွားတယ်ဆိုရင်တောင် ခေတ်မှီစရာရှိတာတွေ နှောင့်နှေးမှု မရှိခေတ်မှီနေပီဆိုရင် ၊ ခုလို ကြောက်စရာကောင်းတဲ့ မဖြစ်သင့်သော ကူးစက်ရောဂါမှုနှုန်း ကလေးသူငယ်နဲ့ မိခင်တွေ ပေါ်မှာ ကျရောက်မယ့် ရောဂါဆိုးတွေ အတွက် ကျွန်မတို့ တွေ ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ အစဉ်ကြံဆောင်နေဖို့ လိုပါတယ်။
(၂၀၀၉ ခုနှစ်တွင် သေဆုံးသွားသော ရွှေဂုံတိုင် မိဘမဲ့ဂေဟာမှ မွေးစားကလေး တစ်ဦးအား သတိရလျှက် ယခုစာကိုရေးသားသည်။)
No comments:
Post a Comment