Monday, 20 June 2011

[စာပေစကားဝိုင်း] New doc: ဇွန်လဖွားများသို့

created the doc: "ဇွန်လဖွားများသို့"
La Angel created the doc: "ဇွန်လဖွားများသို့"

နှစ်တစ်နှစ်ရဲ့ ၆ လမြောက် ရက် ၃၀ ရှိတဲ့လကို ဇွန်လလို့ သိထားကြပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ  ဇွန်လဟာ နေ့တာ အရှည်ဆုံး ရက်တွေအဖြစ် ရှိနေပီး ကမ္ဘာ့တောင်ဘက်ခြမ်းမှာတော့ နေ့တာ အတိုဆုံးနေ့တွေ ဖြစ်ပါတယ်။ အမှတ်မမှားရင် ဆဌမတန်း ပထ၀ီဖတ်စာမှာ နေ့တာ အရှည်ဆုံးနေ့ဟာ ဇွန်လ ၂၁ ရက်အဖြစ် မှတ်ထားဖူးပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာ နွေရာသီအစဟာ ဇွန်လ ၁ ရက်နေ့ဖြစ်ပီး ကမ္ဘာ့မြောက်ဘက်ခြမ်းမှာတော့ ဇွန် ၁ ရက်နေ့ဟာ ဆောင်းရာသီအစဖြစ်နေပါတယ်။

 

နောက် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဇွန်လဟာ လက်ထပ်ပွဲ များစွာကျင်းပတဲ့လအဖြစ် သိမှတ်ထားကြပြီး ဒီလအတွင်းမှာ လက်ထပ်သူတို့ဟာ ကံကောင်းခြင်းတွေ ကိုဖြစ်ပေါ်စေတယ်လို့ အယူရှိကြပြန်ပါတယ်။

 

အိုင်စလန်နိုင်ငံမှာ ရှေးအယူစွဲသမားတွေက ဇွန်လ ၂၄ ရက်နေ့ မနက်ဘက်ကျတဲ့နှင်းကို အ၀တ်ဗလာဖြင့် ခံယူရေချိုးမယ်ဆိုရင် အိုးမင်းမှုကို ထိန်းသိမ်းထားနိုင်မယ်လို့ အဆိုရှိကြပါတယ်။ (ဗမာမှာလဲ လရောင် လှုံတာရှိသလိုပေါ့)။

 

ဇွန်လထဲက အထိမ်းအမှတ်နေ့ တွေ တော်တော်များများထဲက Father's Day ကို အမှတ်တရအဖြစ်ဆုံးပါပဲ။ ဇွန်လ ဒုတိယအပတ်ရဲ့ တနင်္ဂနွေကို ဘယ်လဂျီယန်နိုင်ငံက အဖေများနေ့ အဖြစ်သတ်မှတ်ပီး၊ U.S, U.K, Mexico, Venezuela, Netherlands, Ireland & Canada မှာတော့ ဇွန်လရဲ့ တတိယအပတ် တနင်္ဂနွေကို သတ်မှတ်ပါတယ်။

 

ဇွန်လရဲ့ အထိမ်းအမှတ်အဖြစ် Stone လေးတွေကတော့ Pearl, Moonstone, Alexandrite တို့ဖြစ်ပီး ကျန်းမာခြင်း၊ အသက်ရှည်ခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

 

ဇွန်လမှာ စိတ်အ၀င်စားဆုံးဖြစ်တဲ့ ဒီနေ့ ၂၁ ရက်နေ့ကို လေ့လာကြည့်မိတော့ တစ်နှစ်တာလုံးရဲ့ ၁၇၂ ရက်မြောက်ဖြစ်ပီး ရက်ထပ်နှစ်မှာ ၁၇၃ ရက် မြောက်ဖြစ်ပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ဖွားဖက်တော် တွေ အဖြစ် မှတ်မိနေတဲ့သူတွေကတော့

1)    Prince Willian 1982 June 21

2)    Frank Perera (France racing dricer) 1984 June 21

3)    Kris Allen (American Idol Season 9) 1985 June 21

4)    Alexandra Obolentseva (Russian Chess Player) 2001 June 21

 

ဇွန်လကို ဗမာပြက္ခဒိန်မှာတော့ ကဆုန် ၊ နယုန် လ၂ လပေါင်းကျပါတယ်။ 'ကဆုန်၊နယုန် ဆွေ့ဆွေ့ခုန်' ဆိုတဲ့ ဗမာ စကားအရ မေလရဲ့ အပူရှိန်တွေ နဲ့ အတူ နယုန်လ ပထမပတ်တွေ ထိ အပူချိန် ရှိနေတုန်းပါ။ နယုန်လတွင်းရောက်တဲ့အခါမှာတော့ 'နယုန်မိုးသေး မြက်သားမွေး' ဆိုတဲ့ အတိုင်း မိုး တပြိုက်နှစ်ပြိုက်ကျပီးချိန်၌ မြက်ပင်စိမ်းများကို တွေ့နေရတဲ့အချိန်ဖြစ်နေပါပီ။ နယုန်လက မြန်မာလများတွင် တတိယလဖြစ်သည့်အပြင် နွေကုန်ရန် ၁၅ ရက်မျှ ကျန်တော့သည့် အားလျှော်စွာ နွေနှောင်းလဟုလည်းခေါ်ဝေါ်သည်။ ကဆုန်လတွင် ခြစ်ခြစ်တောက် ပူခဲ့သော နေမင်း၏ အပူရှိန်သည် အားလျော့လာသည့် ကာလလဲဖြစ်သည်။ ဖြူစင်လှသော စံပယ်ဖြူပန်းတို့ လှိုင်လှိုင်ပွင့်သော အချိန်လည်းဖြစ်သည်။

 

နယုန်လတွင် ရှေးမြန်မာမင်းများလက်ထက်က စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိပီး ယခုခေတ် ပထမပြန်စာမေးပွဲများသည် ၎င်းစာတော်ပြန်ပွဲမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၎င်းနယုန်လတွင်ပင် လယ်ထွန်မင်္ဂလာပွဲများကိုလဲ ကျင်းပလေ့ရှိသည်။

ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့၌ ကပ္ပိလ၀တ်ပြည်အနီး မဟာဝုန်တောကြီးတွင် သီတင်းသုံးနေထိုင်လျက် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား မဟာသမယသုတ်တော်ကို ဟောတော်မူခဲ့သည်။ ထိုသို့ ဟောတော်မူသည်ကို အစွဲပြု၍ နယုန်လပြည့်နေ့တွင် မဟာသမယ အခါတော်နေ့ ပွဲကို ဆင်ယင်ကျင်းပကြသည်။ မဟာသမယ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။ မြတ်စွာဘုရားရှင် နှင့်အတူ သာကီဝင်မင်းသား ရဟန္တာ ၅၀၀-တို့သည်လည်း အတူရှိနေသည်။ ဘုရားရှင်နှင့် ထိုရဟန္တာများကို ဖူးမြော်လိုကြသဖြင့် နတ်၊ ဗြဟ္မာ၊ အသုရာ၊ နဂါး၊ ဂဠုန် တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက်၊ အုပ်စုလိုက် စုရုံးရောက်ရှိလာကြသည်။ ထိုကဲ့သို့ လူနတ်ဗြဟ္မာ စသည်တို့ စုရုံးရောက်ရှိလာကြသောအခါထိုကာလကို မဟာသမယ-ဟု ခေါ်သည်။

 

နယုန်လ၏ ထူးမြတ်လှသော အကြောင်းများထဲမှ  တစ်ခုပင်ဖြစ်သည်။

 

မြန်မာ စာပေလောက၌ ၁၂၉၃ ခုနှစ်တွင် အသောက မင်းတရားကြီး ကျောက်စာတို့ကို မြန်မာဘာသာ ပြန်ဆို၍ 'အသောက ကျောက်စာတော်ကျမ်း' အပါအ၀င်ကျမ်းပေါင်း ၆၀ ကျော်ရေးသားခဲ့သော ဆရာကြီး ဦးအောင်မြတ်ထွဋ် သည် ၁၂၄၄ခု ၊ နယုန်လပြည့်ကျော် ၁၁ ရက်ဖွားဖြစ်သည်။ အာသောကကျောက်စာတော်ကျမ်းကို ရေးသားခဲ့ရာ ဝေလမင်းသား၏ ဆုတော်ငွေ တထောင် ချီးမြှင့် ခံရသည်ဟု မှတ်သားထားဖူးသည်။ ဟံသာဝတီ သတင်းစာတွင်လည်း 'ပညာဝန် ဦးဘိုးစ' ဟူသော ကလောင် အမည်ဖြင့် ပိဋကတ် ဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။

 

နယုန်လ ၁၁ ရက်၊ ဇွန်လ ၂၁ ရက်မွေးနေ့ အမှတ်တရအဖြစ် ယခုစာစုအား ရေးသားလိုက်ပါသည်။

 

မိုးသူ

21.06.11 (1:39 AM)


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment