မင်းကိုပိုင်ဆိုင်ဖို့
ငါကြိုးပမ်းနေမိစဉ်မှာ
မင်းက ငါ့အနာဂတ်ကို
ပိုင်စိုးဖို့ လွှမ်းမိုးနေပြန်တယ်
ငါ့အနာဂတ်တွေကို
ငါကိုယ်တိုင် ပိုင်ဆိုင်ပါရစေ..
ငါ့အနာဂတ် တစ်ခုလုံး
မင်းကို ပုံပေးလိုက်ဖို့
ဝန်လေးနေမိတာ ငါမှားလား......
ငါ့ရဲ့စိတ်တစ်ခုလုံး
မင်းကိုပုံပေးလိုက်စဉ်မှာ
မင်းရဲ့ စိတ်နှလုံး
ဘယ်နေရာ သွားပုန်းနေသလဲ....
မင်းမျက်နှာလေးကို ငေးကြည့်ရင်း
ဟိုး....... ငယ်ငယ်က
ငါနဲ့အတူတူ ဆော့ကစားခဲ့တဲ့
ငါ့သူငယ်ချင်း "မိချို"ကို
သတိရတာ ငါမှားလား...
မင်းကိုလွမ်းနေတဲ့အချိန်မှာ
တခြားဘာကိုမှ ငါမလွမ်းဘူး
မင်းကိုလွမ်းပြီးတဲ့အခါ
တခြားအရာတွေကို သတိရနေမိတာ
ငါ... မှားသလား
အစိုးမရတဲ့ငါ့ရဲ့ စိတ်ကို
မင်း... ပိုင်စိုးဖို့
ငါ့ကို ပိုပြီး မြတ်နိုးပါ.......
လောကကြီးက
ကမောက်ကမ ဖြစ်
ငါ့စိတ်
ခဏခဏညစ်သွားတာ
ငါမှားသလားကွာ.................
No comments:
Post a Comment