Tuesday, 21 June 2011

[စာပေစကားဝိုင်း] New doc: ကုလားထိုင်တစ်လုံးသာရွေးထိုင်ပါ (Choose One Chair) Written by ဖေမြင့်

created the doc: "ကုလားထိုင်တစ်လုံးသာရွေးထိုင်ပါ (Choose One Chair) Written by ဖေမြင့်"
Yan Naing Oo created the doc: "ကုလားထိုင်တစ်လုံးသာရွေးထိုင်ပါ (Choose One Chair) Written by ဖေမြင့်"

အီတာလျံလူမျိုး နာမည်ကြီး အဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti) ၏ ဖခင်သည် မုန့်ဖုတ်မား တစ်ယောက် ဖြစ်သည်. . .သို့သော် ဂီတဘက်တွင် အလွန်ထက်သန်သည်. . . သူ့သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည်. . .

 

ထို့ကြောင့်ငယ်ရွယ်စဉ်မှာပင် တေးဂီတာ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့သည်. . . ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော် တစ်ဦးဖြစ်ခဲ့သည်. . . .

 

အောင်မြင်ခဲ့သော သူ့ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည်. . .

"အဖေက ကျွန်တော့ကို အသံအားကောင်းအောင် တအားလေ့ကျင့်ခိုင်းတာပါ၊ အီတလီက ကျွန်တော်တို့ဇာတ်မြို့ မိုဒေနာမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင် ဆရာတစ်ယောက်ရှိတယ် . . . ကျွန်တော့်လိုညာသံပဲ. . . သူက ကျွန်တော့ကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးတယ်. . အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့ဆရာ အတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ. . .

ကျောင်းဆင်းတော့ အဖေ့ကိုကျွန်တော်မေးတယ် ...

အဖေကျွန်တော်ကျောင်းဆရာလုပ်ရမလား. . . အဆိုတော် လုပ်ရမလား" ဆိုတော့

 

အဖေက ပြောတယ်

"လူစီယာနိုတဲ့. . မင်းကုလားထိုင်နှစ်လု့း ထိုင်ဖို့ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ. . . .

မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲရွေးရလိမ့်မယ်. . . ." တဲ့

 

"အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ်. .

.အဲဒီနောက်မှာ ပညာသည် အဆင့်နဲ့ စင်ပေါ်တက်ခွင့်ရဖို့ခုနှစ်နှစ် တိတိ

လေ့လာသင်ကြားရတယ်. . . စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာတွေလည်း အများကြီးကြုံရတယ်.. .

 

ခုတော့ ကျွန်တော် သဘောပေါက်ပါတယ် . . .

အုတ်စီတဲ့ အလုပ်ပဲဖြစ်ဖြစ်၊ စာရေးတဲ့ အလုပ်ဖြစ်ဖြစ် ၊ ကျွန်တော်တို့ဘ၀ အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ. . .

အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ်. . . .

ကိုယ်ရွေးတဲ့အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြုပ်နှံနိုင်မှ အဲဒီအလုပ်မှာ အောင်မြင်တယ် . . .

ဒါအောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ . . .

အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံး ကို ခင်ဗျားရွေး၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ. . . . "


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment