မမေးနဲ့.....
မင်း ဘာကောင်လဲ......? မမေးနဲ့ သူငယ်ချင်း လူ ဆိုတဲ့စကားလုံး.. ...လှလှပပ ရေးတတ်ဖို့လေ့ကျင့်နေတုန်း ။
မင်း ဘာကောင်လဲ.....? မမေးနဲ့ သူငယ်ချင်း ငါ့အတ္ထုပ္ပတိ ငါရေးဖို့.... ငါ့အဓိပ္ပါယ် ငါရှာနေတုန်း ။
မင်း ဘာကောင်လဲ....? မမေးနဲ့ သူငယ်ချင်း ကိုယ့်မာတိကာ ကိုယ်လှန်ဖို့... မင်းလက်တွေ အသင့်ပြင်ထား ။
မင်း ဘာကောင်လဲ.......? မမေးနဲ့ သူငယ်ချင်း ငါ့ ဦးခေါင်းက ဒဏ်ရာတွေ.. လောကဓံ ရိုက်ခွဲခဲ့တာပေါ့ ။
မင်း ဘာကောင်လဲ....? မမေးနဲ့ သူငယ်ချင်း ငါ့ခြေဖ၀ါး သွေးစစိုလူး ငါလျှောက်ခဲ့တဲ့လမ်း ကြမ်းခဲ့တယ် ။
မင်း ဘယ်..ကို...လဲ.......? မမေးနဲ့ သူငယ်ချင်း မင်း...သိ....ချင်......ရင်... ငါ့ ခြေရာတွေ ကောက်ရှူကြည့်လိုက်..။ ။
ကျနော့်နာမည်...........လင်းမောင် |
No comments:
Post a Comment