***** ပလာစီဘို.....***** ဆေးပညာ လောကမှာ " ပလာစီဘို " သက်ရောက်မူ့ ဆိုတဲ့ အသုံးအနူန်း ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ "ဥပါတ်ဒန်" လို့ ပြောရမလား..။ လူနာရဲ့ မသိစိတ် စွဲလမ်းမူ ကြောင့် ဖြစ်ရတာမျိုး…။ ဥပမာ- လူနာက ဆရာဝန်ဆီမှာ ဆေးထိုးလိုက်မှ ရောဂါသက်သာ မယ်လို့ လှေနံဓါးထစ် ယူထားတဲ့ လူပေါ့…။ သူနေမကောင်း လို့ ဆရာဝန်ဆီသွားတယ်…။ ဆရာဝန်က ဆေးပေးလိုက်တယ်…။ သူကဆေးထိုးခိုင်း တယ်..။ ဆရာဝန်ကဆေးထိုး ဖို့ မလိုဘူး ပြောပေမယ့်..သူကဆေး အတင်းထိုးခိုင်းတယ်…။ ဒါနဲ့ ဆရာဝန်က "မိုးရေ" ထိုးပေး လိုက်တယ်…။ သူစိတ်ထဲ မှာ ရောဂါပျောက်တော့မှာပဲ လို့ ကျေနပ်သွားတယ်..။ အမှန်တော့ သောက်ဆေးနဲ့ ပျောက်တာ..ဒါပေမယ့် ..သူ့စိတ်မှာက " ဆေးထိုးလိုက်လို့" …..။ အဲဒါ "ပလာစီဘို" ပေါ့…။ ကျနော် တို့ ပတ်ဝန်းကျင်မှာ " ပလာစီဘို" တွေအများကြီး ရှိတယ်…။ ကျနော် ၈ တန်း ကျောင်းသားဘဝ က "ပလာစီဘို" လေးတစ်ခု ပြောပြမယ်..။ ကျနော် နေတာက ကျောက်မြောင်း မှာလေ…။ ကျနော် တို့ ရပ်ကွက်ကျော်ရင် မလွှကုန်း ဘူတာရုံ ရဲ့ ရထားလမ်းတွေ ရှိတယ်.။ ရထားလိုင်းရဲ့ အခြားတစ်ဖက် မှာ မီးရထားဝင်း ဝန်ထမ်း ရပ်ကွက် လေးရှိတယ်…။ အဲဒီ ရပ်ကွက်လေး ရဲ့အစွန်မှာ " ဒယ်အိုးကန်" လို့ခေါ်တဲ့ ရေကန်ပက်လက် ကြီးနဲ့ လယ် ပက်ကြားအက် တွေရှိတယ်..။ ကျနော်နဲ့ သူငယ်ချင်း ပြေအေး ဆိုတဲ့ ကောင်က အဲ့ဒီ့ ဒယ်အိုးကန်ကြီး နားကို ခဏခဏ သွားပြီး ငါးဖမ်း၊ ပုဇွန် ဖမ်း၊ ရေမှော်ခူး ကြတယ်..။ ကျနော် အလှမွေးထားတဲ့ ငါးကန်ထဲ ထည့်ဖို့လေ…..။ ကျနော့် အမေက သစ်ပင်လေးတွေ စိုက်တော့ ကျနော် နဲ့ ပြေအေးကို.. မြေဆွေးနဲ့ နောက်ချေး( နွားချီး ) ရှာခိုင်းတယ်..။ ကျနော်တို့ ဒယ်အိုးကန် နားက မြေဆွေးတွေ၊ နွားချီး တွေ သွားယူလာ ခဲ့တယ်..။ အပင်ထဲ ထည့်ဘို့ နွားချီး ဖတ်တွေ လက်နဲ့ မွှနေ တုန်း ပြေအေး ကပြောတယ်…" ကောက်ရိုးအမျှင်လေး တွေဖယ်လိုက်ရင် ဂါလီး နဲ့ တူတယ် " တဲ့..။ ( ဂါလီး ဆိုတာ ဂန်ဂျာ၊ မုတ်၊ မာရီဝါးနား၊ မာရှီဘုတ် ..စတဲ့ အမည် အမျိုးမျိုး ခေါ်ကြတဲ့ "ဆေးခြောက်" ပေါ့) " ဟုတ်လို့လား ပြေအေး ရာ…" " ဟုတ်တယ်…အနံ့ကလည်း စိမ်းရွှေရွှေ နဲ့ မသိရင် ဂါလီးပဲ….တူမတူ စမ်းမယ်ကွာ.." " မင်းဘယ်လိုစမ်းမလဲ…" ကျနော်က မေးတော့ ဆရာကြီး စတိုင်နဲ့ သူက ပြောတယ်… " အရင်ဆုံး..မင်းကောက်ရိုးတွေဖယ် ပြီး တူအောင် လုပ်လိုက်…" ကော်ဖီမစ် ထုပ် ၄ထုပ်စာလောက်ရတော့ သတင်းစာ papper လေးနဲ့ ထုပ်လိုက် တယ်…ပြီးတော့ ကျနော်တို့ နှစ်ယောက် သြဘာလမ်း ထောင့်ဆိုက်ကားဂိတ်က "ညွှန့်ခိုင်" ဆို တဲ့ ဆိုက်ကားဆရာဆီသွားကြတယ်…။ ပြောရဦးမယ် ညွှန့်ခိုင် ဆိုတာ အစုံလုပ်တယ်…။ အရက်..ဆေး..ဖဲ.. မူးယစ်တစ်ကြောလာထား ဆိုတဲ့ အပေအတေ…။ မိန်းမ ကလည်း သိပ် အလွတ်ပေး ချင်တာာမဟုတ်ဘူး…..။ သူဆိုက်ကား နင်းလို့ ရသမျှ ညကျ အကုန်သောက် ပစ်တာ…အဲလို ဘီးကျဲ ..( ဘဲကြီး )။ " ကိုညွှန့်ခိုင်… အားလား.." မျက်လုံးရဲရဲ..မူးမူးတူးတူး မျက်နှာနဲ့ ဆိုက်ကားပေါ်မှာ လှဲနေရာ ကသူထလာတယ်… " ဘယ်သွား မလို့လဲ…" ပြေအေးက ပြောတယ်…" ဘယ်မှ မသွားဘူး..ခင်ဗျားကို ပြစရာ ရှိလို့..ပစ်စည်း ပါတယ်" " ဘာပစည်း လဲ." တဲ့ သူစိတ်ဝင် စားသွားတယ် ထင်တာပဲ…။ " ဂါလီး " ပြေအေးက ခပ်တည်တည် နဲ့လေ။။ " ပြလေ".. ညွှန့်ခိုင် က ဆင်တဲ့ မြှူံး ထဲ ဝင်လာပြီ..။ စပ်စုတာကိုးးး..။ "ယူမှ ပြမယ်ဗျာ.." ဟိုကောင် ဈေးကိုင် ပြီ…ချုပ်နေတာ…။ " ယူမှာပေါ့ ကွ..မဖြူတ်ရတာ တော်တော် ကြာပြီ.." အခု ထက်ထိ တော့ ကိုယ်တို့ဘက်က ဦးဆောင်ပြီး ကစားနေတာ…။ ပြေအေး ဒိုင်လျှိုဖြန့် ပြတယ်..။ ညွှန့်ခိုင် နည်းနည်း ကိုင်ကြည့်တယ်…။ ကျနော် ဝင်မပါဘူး.. တော်ကြာ အလိမ်ပေါ်သွား ရင် ပြသနာ တက်မှာ…ပွဲကြည့် ပရိတ်သတ် ပေါ့…..။ " ဘယ်က ရတာ လဲ.." ညွှန့်ခိုင် ကမေးနေ ပြီ…။ ကျနော် လေ ဖြေချင်လိုက် တာ အာကို ယားလို့…… " ဒယ်အိုးကန် ကြီးဘေးက နွားချေး ပုံ ထဲက" လို့လေ…။ ပြေအေး ဖြေပုံလည်း ကြည့်ဦး….။ " ဒေးဗစ် တို့ အိမ်ကို လာတဲ့ တောင်ကြီး ကဧည့်သည် ယူလာတာ…" တဲ့လေ..။ လူတွေ လာဖမ်းတော့ သူခိုးက ဘုန်းကြီးရဲ့တူပါလို့ပြောတော့ ဘုန်းကြီး ဖြေရ ခက်သ လိုပဲ….. ကျနော့် အဖြစ်ကို တွေးကြည့်ကြပါဦး….။ ညွှန့်ခိုင် က ကျနော့်ကို လှမ်းကြည့်တယ်..။ ကျနော်က သွားဖြဲ ပြလိုက်တယ်…။ (အဓိပါယ် က ယုံလားလို့…)..။ ညွှန့်ခိုင် က ခပ်သွက်သွက် ခါးပုံစ ထဲကို အထုပ် ဖွက်လိုက် တယ်…။ "ဘယ်လောက်ဖိုး လဲ.." တဲ့…။ ( သူအဓိပါယ် ကောက်တာ က "ယူထား" ဖြစ် လိမ့်မယ်.. ထင်တယ်)..။ အရောင်းအဝယ် ဖြစ်သွားတယ်… တစ်ထောင် နဲ့…။ ကျနော် တို့ အုပ်စု လဖေ့ရေ ဆိုင်ထိုင်ဖြစ် တယ်…။ နောက်နေ့ ညွှန့်ခိုင် နဲ့ တွေ့တော့ သူက ပြောတယ်…။ " တောင်ကြီးက ပစ်စည်းက မိုက်တယ်ကွာ တော်တော် ကွဲ တယ်.." ကျနော် တို့က လည်း ဝံ့ဝံ့ ကြွားကြွား နဲ့…." ကွဲ ရမယ်လေ ..ဟဲဟဲ ပေါ့…"။ နောက်နှစ်ရက်လောက် ကြာတော့ ညွှန့်ခိုင် ကို ဆေးခန်း မှာ တွေ့တယ်… " တောင်ကြီး ကွဲတော့ကွဲ တယ်…ချောင်းတအား ဆိုးတာပဲ " တဲ့ လေ…… သြော်….နွားချေး ခြောက်တွေ မြင်တိုင်း ကိုညွှန့်ခိုင် ကြီး တအုန်းအုန်း နဲ့ ချောင်းဆိုးနေတာ ကိုပဲ မြင်နေမိတယ်…..။ ပြုံးမိတယ်….ကလေးဘဝ သပွတ် ကျတာတွေ….။ သူ့စိတ် ထဲမှာ ရှားပါး ပစည်းရ ပြီဆို တဲ့ " ပလာစီဘို" ဝင်သွားတယ် ထင်ပါရဲ့……။ ကွဲတယ် ..ကွဲတယ် ဆိုပြီး..နွားချေးကြီး ကို အားရပါးရ " ရှီး " ဆိုပြီး ရှိုက်ရှိုက် ဖွါနေတာ……..။ သူက " တောင်ကြီးရှိ သေးလား " တဲ့…။ ကျနော် တို့က မလုပ်ရဲ တော့ " ကုန်သွားပြီ" လို့ ပြောလိုက်တယ်…။ တကယ်ဆို ဒယ်အိုးကန် ကြီး ရဲ့ဘေးမှာ တစ်ခါ ယူ " တစ်ထောင် " စာတွေ ပုံနေတာပဲ…..။ သြော်… ညွှန့်ခိုင်…ညွှန့်ခိုင်…" ပလာစီဘို ညွှန့်ခိုင် "………။ by David ( အင်းစိန် ထောင်) |
No comments:
Post a Comment