"ရေးခြစ်မထားတဲ့ မှတ်စုတို"
တခါခါ ခေတ်ကြီးက အဖြူအမဲ ဓါတ်ပုံတပုံကို ပြန်ကြည့်နေရသလို...
ဂျင်းဘောင်းဘီဝတ် ကန်းဗတ်စ် အနီရောင်စီးပြီး လိမ့်နေတဲ့ လမ်းတွေပေါ် ထိုင်စောင့်နေတဲ့ အိုမင်းမှုက ရုပ်သံမပြတ်သားတဲ့ အမ်တီဗီ တပုဒ်လိုလေ...
တဖြုတ်ဖြုတ်ကြွေသွားတဲ့ ပန်းတွေအစား တစစဖူးပွင့်လာမယ့် မနက်ဖြန်တွေငုံဖူး မနက်ခင်းတိုင်းမှာ နားထဲဝင်လာတဲ့ သတင်းစကားတွေက အဖျားဝင်နေတဲ့ နတ်ဆိုးတကောင်လို ကတုန်ကယင် မှောင်မဲလို့ မဟောင်းနွမ်းချင်တဲ့ အတွေးနဲ့ အသစ်ဆိုတဲ့ သတ်ပုံမှန်အောင် မနည်းကိုရေးခြစ်နေရပါလားကွယ်...
ခတ်ဆတ်ဆတ်တွေး ခတ်ဆတ်ဆတ်ရေးလိုက်တဲ့ ကဗျာတပုဒ်ရဲ့ ဟာမိုနီမှာ အများနားမလည်တဲ့ ခေတ်ပြိုင် အော်ဟစ်သံတွေ ဆူညံနေမယ်... (အိုး) မော်နီတာမှာပေါ်လာတဲ့ စာလုံးတွေကလည်း အဟောင်းတွေချည်းပါပဲလား...
ရဲဝင့်သူ |
No comments:
Post a Comment