ကျွန်တော်မေးစရာရှိလို့ ဗျ.... comment တစ်ခုမှာ ကိုယ်ကျိုးစီးပွား လို့ မရေးဘဲ ကိုယ် ကြိုးစီးပွားလို့ သုံးလိုက်တယ် အဲ့ဒါကိုလူတစ်ယောက်က မင်းသတ်ပုံစလုံးပေါင်းမမှန်ဘူးလို့ ပြောတယ် သူမြင်တာနဲ့ကျွန်တော်ပြောချင်တာနဲ့ အံချော်ကုန်ပါလေရော ဆရာတာရာမင်းဝေရဲ့ ဆောင်းပါးတစ်ပုဒ်မှာ စာစီစာရိုက်လွဲလို့ သူ့ ရဲ့ ဆိုလိုရင်းပျောက်ခဲ့တဲ့ အကြောင်းဖတ်ဖူးတယ်...စုန်းဝုန်းမြုပ်.....နဲ့ ....စုန်းစုန်းမြုပ် တဲ့  သိပ်ကွာသွားတဲ့အသုံးအနှုန်းပါလို့ ဆရာကဝေဖန်ဖူးတယ်... အခုလိုရေးတာကောင်းရဲ့ လားလို့ တောင်သံသယ၀င်သွားလို့ ပါ...
ကျွန်တော်ဘာမှမဟုတ်သေးသောလူငယ်တစ်ယောက်ပါ စာပေစကားဝိုင်းမှတက်ကျွမ်းနားလည်သော သူများကိုလေးစားအားကျမိပါတယ်ဗျာ ကျွန်တော်ထိုသို့ ရေးရသည်ကိုသဘောကျပါသည်။ ကောင်း မကောင်း ၊ သင့်တော် မသင့်တော် ကျွန်တော်သိချင်ပါတယ်ဗျာ.....ဦးသော်၊ ကိုဘသားချော၊ ကိုရဲ၊ အစ်မ မိုးသူ၊ ကိုဂျွန် တခြား အစ်ကိုအစ်မတွေ...?????????????????????????????????????????????????????? |
No comments:
Post a Comment