" နှဖူးပေါ်လက်တင်မိတိုင်း အဖျားတက်တယ် "
အတူဆုံစဉ်က..... လေပြည်ရဲ့  ရနံ့ တွေ ဟာ သွေးခြေ ဥကုန်ကြပြီ.......။
သီချင်းဆိုနေတဲ့ ဥသြ ငှက်ဟာလည်း အရူးတစ်ပိုင်းဖြစ်လို့ .....။
စကားဝါပွင့်ပေါ်မှ လိပ်ပြာတစ်ကောင် အဆိပ်သင့်သွားတယ်.....။
စွယ်တော် ရွက်တစ်ချို့  ဒိုင်ယာရီစာအုပ် ကြားမှာ အိပ်ငိုက်နေကြတယ်.....။
နှုတ်ခမ်းချင်းတေ့ယုံနဲ့  ဘ၀က မပြီးလေတော့ ရှိရင်းစွဲ.............. မျှော်လင့်ချက်တွေ သာ တဖြုတ်ဖြုတ်..........။။
နှဖူးပေါ်လက်တင်မိတိုင်း အဖျားတက်တယ်...........။။။
(ဂျူလိုင်အိမ်မက်) |
No comments:
Post a Comment