Monday, 20 June 2011

[စာပေစကားဝိုင်း] “လမ်းဆုံ”

Ka Yin Lay 20 June 21:38
"လမ်းဆုံ"

ကာလက
သူခိုးက လူပြန်ဟစ်နေလို့
ရာသီကပ်ဆိုးတွေကြားမှာ
ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့
မိမိကိုယ်သာ ကိုးကွယ်ရာ...

ဘီလူးဆိုင်းဆရာရဲ့ လွမ်းဆွတ်ဖွယ့်တေးက
သူတောင်းစားတယောက်
လမ်းဆုံမှာ မယ်ဒလင် တီးနေတာလောက်
သာယာနာပျော်ဖွယ်မရှိဘူး။

ဇာတ်ဆရာ အလိုကျ
အဖန်တရာ မြေမှာခရအောင်
ငါတို့တွေက
ရာသီအလိုကျ ကြွေခါကျတဲ့
သစ်ရွက်လေးတွေမှ မဟုတ်ခဲ့တာကွာ။

ရန်ငါစည်း အလည်တည့်တည့်
ခြံကာပြီး နေထိုင်ရုံမျှနဲ့
အပြန်တရာမပြီးတော့တဲ့ ဇာတ်ထုပ်ကို
သူငယ်ချင်း မင်း
ဘာလုပ်မလဲ။

ရဲဝင့်သူ

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment