Tuesday, 28 June 2011

[စာပေစကားဝိုင်း] မင်းကျင့်တရား ၁၀ ပါး

မင်းကျင့်တရား ၁၀ ပါး  မင်းကျင့်တရား ဆယ်ပါး ကို ဘယ်ကျမ်း မှာ စရေးထားတယ် ၊ ဘယ်ခေတ် မှာ စရေးတယ် ၊ ဘယ်သူ ပြုစုရေးသား တယ်ဆိုတာ သေချာ မပြောတတ်ပါ။ သေချာပြောနိုင်တာက မင်းကျင့်တရား ဆယ်ပါး ကို " ပျူ " ကျောက်စာ၊ အရိုးအိုးစာ စတဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားတာမတွေ့ရပါ။   ပုဂံ ခေတ်ကျောက်စာတွေမှာလည်း မတွေ့ရပါ။ မွန်ကျောက်စာတွေမှာလည်းမတွေ့ရ ။ ကျန်စစ်သား ( ထီးလိုင် မင်း ) ထားခဲ့တဲ့ ကျောက်စာ( မွန်ဘာသာ ) ကိုလေ့လာကြည့်တဲ့အခါ မင်း ဖြစ်တဲ့သူဟာ ပြည်သူတွေကို တရားသဖြင့် ဘယ်လိုအုပ်ချုပ်တယ် ၊ တိုင်းပြည် စည်ပင်သာယာတယ် ဆိုပြီး သူ့ကိုယ်သူ သာသာထိုးထိုး မှတ်တမ်းတင်ခဲ့တာတော့ရှိတယ်။   မင်းကျင့်တရား ဆယ်ပါး ကို စပြီးဖော်ပြတာ အင်းဝခေတ်ကျောက်စာတွေဖြစ်တယ်။  ( ဒေါက်တာသန်းထွန်း ၊ " အင်းဝခေတ် ကျောက်စာပါ သမိုင်း အထောက်အထားများ
Ka Yin Lay 28 June 21:29
မင်းကျင့်တရား ၁၀ ပါး

မင်းကျင့်တရား ဆယ်ပါး ကို ဘယ်ကျမ်း မှာ စရေးထားတယ် ၊ ဘယ်ခေတ် မှာ စရေးတယ် ၊ ဘယ်သူ ပြုစုရေးသား တယ်ဆိုတာ သေချာ မပြောတတ်ပါ။ သေချာပြောနိုင်တာက မင်းကျင့်တရား ဆယ်ပါး ကို " ပျူ " ကျောက်စာ၊ အရိုးအိုးစာ စတဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားတာမတွေ့ရပါ။

ပုဂံ ခေတ်ကျောက်စာတွေမှာလည်း မတွေ့ရပါ။ မွန်ကျောက်စာတွေမှာလည်းမတွေ့ရ ။ ကျန်စစ်သား ( ထီးလိုင် မင်း ) ထားခဲ့တဲ့ ကျောက်စာ( မွန်ဘာသာ ) ကိုလေ့လာကြည့်တဲ့အခါ မင်း ဖြစ်တဲ့သူဟာ ပြည်သူတွေကို တရားသဖြင့် ဘယ်လိုအုပ်ချုပ်တယ် ၊ တိုင်းပြည် စည်ပင်သာယာတယ် ဆိုပြီး သူ့ကိုယ်သူ သာသာထိုးထိုး မှတ်တမ်းတင်ခဲ့တာတော့ရှိတယ်။

မင်းကျင့်တရား ဆယ်ပါး ကို စပြီးဖော်ပြတာ အင်းဝခေတ်ကျောက်စာတွေဖြစ်တယ်။
( ဒေါက်တာသန်းထွန်း ၊ " အင်းဝခေတ် ကျောက်စာပါ သမိုင်း အထောက်အထားများ " ကြည့် )
မျိုးရိုးစဉ်အဆက် မင်းတွေဘဲဖြစ်ဖြစ် ၊ ငတပါး မင်းတွေဘဲ ဖြစ်ဖြစ် တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေဟာ အနည်းဆုံးတော့ ဒီအချက်တွေကို လိုက်နာရမယ်လို့ မှတ်ယူနိုင်ပါတယ်။

မင်းကျင့်တရား ဆယ်ပါး အချုပ်
၁။ အလှူပေးခြင်း၊
၂။ သီလစောင့်ခြင်း၊
၃။ ပေးကမ်း ချီးမြှင့်ခြင်း၊
၎။ သိမ်မွေ့ခြင်း၊
၅။ ခြိုးခြံခြင်း၊
၆။ အမျက်မထွက်ခြင်း၊
၇။ သည်းခံခြင်း၊
၈။ ဖြောင့်မှန်ခြင်း၊
၉။ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း၊
၁ဝ။ ပြည်သူကို အခွန်အတုတ်ဖြင့် မညှဉ်းဆဲခြင်း၊

ဒီလို မင်းကျင့်တရား ဆယ်ပါး အကြောင်းစပြောတဲ့ အင်းဝ ၊ ကုန်းဘောင် မင်းများနှင့်ယခုအုပ်ချုပ်နေသော်လူများကိုလေ့လာကြည့်ရာမှာ ပြောကား ပြော၏ ၊ တကယ်လိုက်နာ ကျင့်သုံးမှူမရှိ လို့တွေ့ရတယ်။

ဒီတော့ သူတို့ပြောတဲ့ မင်း ကျင့်တရား ဆယ်ပါး ဆိုတာ " မင်းဘဲ ကျင့် ၊ ငါတော့ ကျင့်ဘူး " လို့ဆိုချင်တာလားမသိပါ။

(ရေးသူမသိပါ)

View Post on Facebook · Edit email settings · Reply to this email to add a comment.

1 comment:

  1. မင်းကျင့်တရား ၁၀ ပါး မညီညွတ်ပါက တိုင်းပြည်တွင် မည်သည့်ထူးခြားမှုများ ရှိဘာပါသနည်း

    ReplyDelete