Thursday, 23 June 2011

[စာပေစကားဝိုင်း] သံသရာကိုဖြစ်စေတတ်သော သံယောဇဉ် (၁၀) ပါးမှာ။

သံသရာကိုဖြစ်စေတတ်သော သံယောဇဉ် (၁၀) ပါးမှာ။  ၁။ ကာမရာဂသံယောဇဉ်              ....  အာရုံငါးပါးကို စွဲလမ်းတပ်မက်ခြင်း၊  ၂။ ဘဝရာဂသံယောဇဉ်                ....  ဘဝကို စွဲလမ်း တပ်မက်ခြင်း၊  ၃။ ပဋိဃသံယောဇာဉ်                   ....  အမျက်ဒေါသဖြစ်ခြင်း၊  ၄။ မာနသံယောဇာဉ်                     ....  တက်ကြွ ထောင်လွှားခြင်း၊  ၅။ ဒိဠိသံယောဇာဉ်                        ....  အယူမှားခြင်း၊ (ခန္ခာငါးပါး နှင့်ရုပ်နမ်တရားတို့ကိုငါ၊  သူတစ်ပါး၊ ယောက်က်ျား၊မိန်းမ ၊လူ ၊နတ်စသည်ဖြင့် စွဲမှတ်ယူခြင်း)  ၆။ ဝိစိကိစ္ဆာသံယောဇာဉ်               ....  ယုံမှားသံသယဖြစ်ခြင်း ၊ (ရတနာသုံးပါးတို့အပေါ် ၌ ယုံမှား သံသယဖြစ်ခြင်း။  ရ။ သီလဗ္ဗတပရာမာသသံယောဇဉ် ....  နွား၊ခွေး၊ စသည်တို့ဧ။် အကျင့်ဖြင့် သံသရာမှ ထွက်မြောက် နိုင်သည်ဟု အယူရှိခြင်း။  ၈။ ဣဿ သံယောဇဉ်                   ....  ကိုယ့်ထက်သာ မနာလိုခြင်း၊ ငါ့ကဲ့သို့ သူတစ်ပါး မဖြစ်ပါစေနှင့်တု ငြူစူခြင်း။  ၉။ မ စ္ဆရိယ သံယောဇဉ်                ....  ကိုယ့်လို (မိမိကဲ့သို့) ကောင်းစားမည်ကို ဝန်တိုခြင်း။ မိမိရပြီးသော စည်းစိမ်ကို သူတစ်ပါးတို့နှင့် မစပ်ယှက် စေလိုဘဲ ဝန်တိုခြင်း။  ၁၀။ အ၀ိဇ္ဇာ သံယောဇဉ်                 ....  အစ္စာလေးပါးတရားကို မသိမြင်ခြင်း။                                                                                                                .....မြတ်ဗုဒ္ဓသာသနာအခြေခံ.....           ဝိပဿနာတရားများကိုအားထုတ်ခြင်းဖြင့်သာ ဤတရားဆိုးများကို ပယ်သတ်နိုင်ဧ။်။ ဤတရားဆိုးများအားလုံးချုပ်မှ နိဗ္ဗာန် ရောက်ဧ။်။ မဂ်ဖိုလ်နိဗ္ဗာန်ဧ။် အောက်ဆုံးအဆင့်ဖြစ်သည့် သောတပန် ပုဂ္ဂိုလ်သည် ဤတရားဆိုး (၁၀) ပါးအနက် ဒိဋ္ဌိ ၊ ဝိစိကိစ္ဆာ ၊ သီလဗ္ဗာတပရာမာသ ၊ ဣဿ နှင့် မစ္ဆာရိယ တည်းဟူသော သံယောဇဉ် (၅) ပါးကို သောတာပတ္တိမဂ် ဖြင့် အပြီးအပြတ်ချုပ်ငြိမ်းစေပြီး ရုပ်ရင်းသော ကာမရာဂ နှင့် ပဋိဃသံယောဇဉ် (၂) ပါးကို ပါးစေပြီးဖြစ်၏။ သကဒါဂါမ် ပုဂ္ဂိုလ်သည် သကဒါဂါမိမဂ်ဖြင့် ယင်း သံယောဇဉ် (၅)ပါးကိုပင် အပြီးသတ်ချုပ်ငြိမ်းစေပြီး ရုပ်ရင်းကြမ်းတမ်းသော ကာမရာဂ နှင့် ပဋိဃသံယောဇဉ် (၂) ပါးကို သောတာပန်ပုဂ္ဂိုလ်ထက် ပို၍ပါးစေပြီးဖြစ်၏။ အနာဂါမ်ပုဂ္ဂိုလ်သည် အနာဂါမိမဂ် ဖြင့် ဖော်ပြပါသံယောဇဉ် (၇) ပါးလုံးကို အပြီးသတ်ချုပ်ငြိမ်းစေပြီး ဖြစ်၏။ ရဟန္တာ ပုဂ္ဂိုလ် ကမူ အရဟတ္တမဂ်ဥာဏ် ဖြင့် သံယောဇဉ် (၁၀)ပါးလုံးကို အပြီးအပြတ် ပယ်သတ် ချုပ်ငြိမ်းစေကာ သံသရာစခန်းသိမ်း ဘဝငြိမ်းလေတော့သည်။                                   မြတ်ဗုဒ္ဓသာသနာအခြေခံ... မှ                                   ကြမ်းပြုသူ...မောင်သက်စိန် (ဖြူး)
Soe Aung 23 June 16:23
သံသရာကိုဖြစ်စေတတ်သော သံယောဇဉ် (၁၀) ပါးမှာ။

၁။ ကာမရာဂသံယောဇဉ် .... အာရုံငါးပါးကို စွဲလမ်းတပ်မက်ခြင်း၊

၂။ ဘဝရာဂသံယောဇဉ် .... ဘဝကို စွဲလမ်း တပ်မက်ခြင်း၊

၃။ ပဋိဃသံယောဇာဉ် .... အမျက်ဒေါသဖြစ်ခြင်း၊

၎။ မာနသံယောဇာဉ် .... တက်ကြွ ထောင်လွှားခြင်း၊

၅။ ဒိဠိသံယောဇာဉ် .... အယူမှားခြင်း၊ (ခန္ခာငါးပါး နှင့်ရုပ်နမ်တရားတို့ကိုငါ၊ သူတစ်ပါး၊ ယောက်က်ျား၊မိန်းမ ၊လူ ၊နတ်စသည်ဖြင့် စွဲမှတ်ယူခြင်း)

၆။ ဝိစိကိစ္ဆာသံယောဇာဉ် .... ယုံမှားသံသယဖြစ်ခြင်း ၊ (ရတနာသုံးပါးတို့အပေါ် ၌ ယုံမှား သံသယဖြစ်ခြင်း။

ရ။ သီလဗ္ဗတပရာမာသသံယောဇဉ် .... နွား၊ခွေး၊ စသည်တို့ဧ။် အကျင့်ဖြင့် သံသရာမှ
ထွက်မြောက် နိုင်သည်ဟု အယူရှိခြင်း။

၈။ ဣဿ သံယောဇဉ် .... ကိုယ့်ထက်သာ မနာလိုခြင်း၊ ငါ့ကဲ့သို့ သူတစ်ပါး မဖြစ်ပါစေနှင့်တု ငြူစူခြင်း။

၉။ မ စ္ဆရိယ သံယောဇဉ် .... ကိုယ့်လို (မိမိကဲ့သို့) ကောင်းစားမည်ကို ဝန်တိုခြင်း။ မိမိရပြီးသော စည်းစိမ်ကို သူတစ်ပါးတို့နှင့် မစပ်ယှက် စေလိုဘဲ ဝန်တိုခြင်း။

၁၀။ အ၀ိဇ္ဇာ သံယောဇဉ် .... အစ္စာလေးပါးတရားကို မသိမြင်ခြင်း။

.....မြတ်ဗုဒ္ဓသာသနာအခြေခံ.....



ဝိပဿနာတရားများကိုအားထုတ်ခြင်းဖြင့်သာ ဤတရားဆိုးများကို ပယ်သတ်နိုင်ဧ။်။ ဤတရားဆိုးများအားလုံးချုပ်မှ နိဗ္ဗာန် ရောက်ဧ။်။ မဂ်ဖိုလ်နိဗ္ဗာန်ဧ။် အောက်ဆုံးအဆင့်ဖြစ်သည့် သောတပန် ပုဂ္ဂိုလ်သည် ဤတရားဆိုး (၁၀) ပါးအနက် ဒိဋ္ဌိ ၊ ဝိစိကိစ္ဆာ ၊ သီလဗ္ဗာတပရာမာသ ၊ ဣဿ နှင့် မစ္ဆာရိယ တည်းဟူသော သံယောဇဉ် (၅) ပါးကို သောတာပတ္တိမဂ် ဖြင့် အပြီးအပြတ်ချုပ်ငြိမ်းစေပြီး ရုပ်ရင်းသော ကာမရာဂ နှင့် ပဋိဃသံယောဇဉ် (၂) ပါးကို ပါးစေပြီးဖြစ်၏။ သကဒါဂါမ် ပုဂ္ဂိုလ်သည် သကဒါဂါမိမဂ်ဖြင့် ယင်း သံယောဇဉ် (၅)ပါးကိုပင် အပြီးသတ်ချုပ်ငြိမ်းစေပြီး ရုပ်ရင်းကြမ်းတမ်းသော ကာမရာဂ နှင့် ပဋိဃသံယောဇဉ် (၂) ပါးကို သောတာပန်ပုဂ္ဂိုလ်ထက်
ပို၍ပါးစေပြီးဖြစ်၏။ အနာဂါမ်ပုဂ္ဂိုလ်သည် အနာဂါမိမဂ် ဖြင့် ဖော်ပြပါသံယောဇဉ် (၇) ပါးလုံးကို အပြီးသတ်ချုပ်ငြိမ်းစေပြီး ဖြစ်၏။ ရဟန္တာ ပုဂ္ဂိုလ် ကမူ အရဟတ္တမဂ်ဥာဏ် ဖြင့် သံယောဇဉ် (၁၀)ပါးလုံးကို အပြီးအပြတ် ပယ်သတ် ချုပ်ငြိမ်းစေကာ သံသရာစခန်းသိမ်း ဘဝငြိမ်းလေတော့သည်။
မြတ်ဗုဒ္ဓသာသနာအခြေခံ... မှ
ကြမ်းပြုသူ...မောင်သက်စိန် (ဖြူး)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment