အနမ်းနဲ့ ဆုံးမယ့် အလွမ်း
အလွမ်းတွေ ဆင့်ပွားခံစားရင်း အနမ်းတွေ ပြန်လှန်ဖတ်တော့... လရောင်လှုံရင်း..ဝေဆာခဲ့တဲ့... ကြယ်ရင်ပြင်ထက်က............ ငါတို့ အနမ်းပွင့်တွေ......... အရောင်မှိန်သွားတော့မလား.... ကောင်းကင်တစ်ရေးနိုးချိန် မင်းအနမ်းတွေ ပြန်ပွင့်ဖို့.... နှလုံးသွေးနဲ့ ပက်ဖြန်းရင်း..... အို သွားတဲ့ ငါ့သစ္စာကို....... အလွမ်းတွေက ကျောပိုးပြီး......... ခရီးဆက်နေတုန်းပါပဲလေ........ အဲ့ဒီ အနမ်းပွင့်ချိန်မှ........ ငါ့ လွမ်းခွင့် အဆုံးသတ်တော့မှာပါ...။ ။
ကျနော့်နာမည်...........လင်းမောင် |
No comments:
Post a Comment